အများကြီး ဆုပ်ကိုင်မထားပါနဲ့
ကိုယ့်ဘ၀ခရီးလျှောက်လှမ်းနေတဲ့
အချိန်မှာ ကိုယ့်အပေါ်ကောင်းတဲ့သူလည်းတွေ့ချင်တွေ့မယ်။
ဆိုးတဲ့သူလည်း တွေ့ချင်တွေ့မယ်။
အမြဲတမ်းကိုယ့်အပေါ် ချစ်နေတဲ့သူ၊ ကောင်းနေတဲ့သူ
တွေ့ဖို့၊ ဆုံဖို့၊ ကြုံဖို့ ဆိုတာ အင်မတန်မှ ခဲရင်းပါတယ်။
ရခဲ့ရင်တော့ အင်မတန်မှ ကံကောင်းတဲ့သူဖြစ်သွားတယ်။
ကိုယ့်အပေါ် အရမ်းကောင်းနေလို့လည်း
အများကြီး မမျှော်လင့်စေချင်ဘူး။
မကောင်းတဲ့သူအတွက်လည်း အများကြီး မခံစားရအောင်
နှလုံးသွင်းတတ်ဖို့ လိုတယ်။
ဒီလိုမှ မဟုတ်ရင် ကောင်းတာ၊ ဆိုးတာ အပေါ်ကို
လိုက်ပြီး ကိုယ့်စိတ်မှာ အများကြီး ခံစားရတယ်။
ဖြစ်ပြီးရင် ပျက်သွားမယ်။ တွေ့၊ ဆုံ၊ ကြုံ၊ ကွဲဆို တဲ့
သဘောတရားက လောကရဲ့ နိယာမပဲလို့
ခဏလေးပဲဖြစ်ဖြစ် နှလုံးသွင်းတတ်ရင်၊
နှလုံးသွင်းမိရင် စိတ်သက်သာရာ ရပါတယ်။
“ဌေး”သာမဏေကျော်ဆရာတော်
No comments:
Post a Comment