လူတွေရဲ့ Privacy တွေကိုအဓိကကာကွယ်ပေးမည့် Blackphone ထွက်ပေါ်လာပြီ
ယခုပြသလျှက်ရှိသသော Mobile World Congress (MWC) ပြပွဲတွင်လူတွေရဲ့
Personal Data တွေကိုအပြည့်အ၀ကာကွယ် ပေးနိုင်မဲ့ Blackphone
ကိုစတင်မိတ်ဆက်ပြသခဲ့ကြောင်းသိရှိရသည်။
Android OS
သုံးထားတဲ့ယင်းဖုန်းကို အမေရိကန်ဒေါ်လာ ၆၂၉ကျပ်နဲ့ရောင်း ချမှာ
ဖြစ်ပြီးယင်းဖုန်းက WiFi ကနေတစ်ဆင့်သင့်ရဲ့ဖုန်းဒေတာတွေကို ခိုးယူလို့
မရအောင်ကာကွယ်ထား သည်ဟုသိရသည်။
”သင့်ရဲ့
ဒေတာတွေကိုသိမ်းဆည်းထားနိုင်ဖို့အတွက်ဖုန်းဆိုတာရှိလာတာပါ။ကျွန်တော်တို့ဟာ
PGP(Pretty Good Privacy) လို့ခေါ်တဲ့ စနစ်တစ်ခုကို
တွင်တွင်ကျယ်ကျယ်အသုံးပြုလျှက်ရှိပါတယ်။ ကျွန်တော်တို့ဟာ Privacy Feature
ထည့်ထားတဲ့ဖုန်းတွေကို ရောင်းတဲ့ဖုန်းကုမ္ပဏီမဟုတ်ပဲ ဖုန်းရောင်းတဲ့ Privacy
ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ် “လို့ Blackphone Cofounder Phil Zimmer- mann
ကပြောကြားခဲ့သည်။
အဆိုပါဖုန်းကိုထုတ်လုပ်ရန်စပိန်နိုင်ငံရဲ့
Smartphone ထုတ်တဲ့ Geeksphone နှင့် Silent Circle ကုမ္ပဏီနှစ်ခု
Zimmermann တည်ထောင်ထားတဲ့ E-mail လုံခြုံရေးကုမ္ပဏီကပူးပေါင်းလုပ်
ဆောင်သွားမည်ဟုသိရသည်။
ထိုဖုန်း တွင် Silent Circle Apps Tools
ကိုထည့်သွင်းထားမှာဖြစ် ပြီးယင်းစနစ်ဟာ Voice ၊ Text ၊ E-mail
နှင့်အခြားသောမိမိလုပ် ဆောင်
သမျှလုပ်ငန်းတွေအားလုံးကိုမိမိတစ်ယောက်တည်းပဲသိအောင်လုပ်ပေးတဲ့ Apps
တစ်ခုဖြစ်ပါသည်။
ဒါအပြင်အခြားသော Security
ပိုင်းနဲ့ဆိုင်တဲ့စနစ်ပေါင်းမြောက်မြား စွာကိုထည့်သွင်းထားတဲ့အပြင်ထူးခြား
တဲ့စနစ်တစ်ခုဖြစ်တဲ့ PrivatOS စနစ်ဟာသင် ဘယ်နေရာရှိနေတယ်ဆိုတာကိုဘယ် App
နဲ့မှရှာလို့ မရအောင်လုပ်လို့ရသည် ဟုဆိုသည်။
လက်ရှိမှာတော့ KPN
Mobile က ဘယ်(လ်)ဂျီယံ ၊ နယ်သာလန် နှင့်
ဂျာမနီနိုင်ငံများမှာမကြာခင်စတင်ရောင်းချ တော့မည်ဟုကြေညာထားပြီး Blackphone
ကို တကူးတကသုံးချင်တဲ့ Customer တွေကိုတော့ယင်းရဲ့ Offical Website
မှာဝယ်ယူလို့ရမှာဖြစ်ကြောင်းသိရှိရပါသည်။
Credit to Tech Space Journal
No comments:
Post a Comment