ဆောင်း
ဟောဒီမှာ
နေ့စဉ်ရက်ဆက်ဒီဇင်ဘာ
မိုးနှင်းတွေ တညီးညီးကျ
လောကဓံကြီး ငါ့မှာ
တစ်ထည်တည်းသော ညီမလေးဝတ်ထားတာတောင်
တခိုက်ခိုက်...တုန်။
မြတ်ဝေ၊၂၀၀၅
သိခြင်းမကောင်းသော ကမ္ဘာ
ငါသိတယ် ငါတတ်တယ် ငါလုပ်နေတယ်ကွ
သစ်သားဆိုတာ သစ်ပင်ကလာတာ
မျှစ်ဆိုတာ ချဉ်အောင်လုပ်ပြီး ၀က်သားနဲ့ရောတာ
တူကိုင်တတ်ခြင်းဟာ ခေတ်ပေါ်အရသာ
လူတွေသိတဲ့ အဓိပ္ပာယ်ထဲက ခွဲထွက်ပြီး
ငါသိတယ် ငါအရသာရှိတယ် ငါ စတိုင်မိတယ်
ဟေး ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့
ဒါကြောင့် ငါရှိတယ်။
။
၁၇.၈.၂၀၁၀
မြတ်ဝေ
No comments:
Post a Comment