22.5.15

ယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း စောင့်ကြည့်ရမည့်ကစားသမား ၅ ယောက်စာရင်းတွင် မြန်မာအသင်းမှ တိုက်စစ်မှု သန်းပိုင်ပါရှိလာ

" သုတ အဖြာဖြာ "

၁။ အာဖရိကဆင် (African elephant) တွေကိုမည်သူမျှကျွမ်းကျင် ပိုင်နိုင်စွာမကိုင်တွယ်နိုင်ပါဘူး။ အိန္ဒိယဆင်(Indian elephant) တွေကိုသာ သင်ကြားထိန်းသိမ်း နိုင်ကြပါတယ်။ ၂။ လဟာ ဂိုဘီသဲကန္တာရ (Gobi Desert) ထက် အဆပေါင်း ၁ မီလီယံ ဆပိုပြီးခြောက်သွေ့ ပါတယ်။ ၃။ နီကာရာဂွါကန်ကြီး (Lake Nicaragua) ဟာ ကမ္ဘာာပေါ်မှာ တစ်ခု တည်းသော ငါးမန်းများရှိတဲ့ ရေချိုကန်ကြီး ဖြစ်ပါတယ်။ ၄။ ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲမှာ သက်တမ်းအရှည်ဆုံး ဆဲလ် ကတော့ ဦးနှောက်ဆဲလ် ဖြစ်ပြီး ဘဝတစ်လျောက်လုံးရှင်သန်နိုင်ပါတယ်။ ၅။ အာဖရိကမီးခိုးရောင်ကြက်တူရွေး (African Grey Parrot) ဟာ ခန့် မှန်းချေအားဖြင့် နှစ်ပေါင်း ၅၀ လောက်အသက်ရှင်နေထိုင်နိုင်ပါတယ်။ ၆။ ရှေးခေတ် အီဂျစ်လူမျိုးတွေဟာ ခေါင်းအုံးအဖြစ် ကျောက်တုံးတွေကို အသုံးပြုခဲ့ကြပါတယ်။ ၇။ ကွင်းငါးကွင်းနှင့် အိုလံပစ်အလံ (Olympic Flag) ဒီဇိုင်းကို ၁၉၁၃ ခု တွင် Baron Pierre de Coubertin ကဖန်တီးခဲ့ပါတယ်။ ၈။ ပျူမာ တောင်ခြင်္သေ့ (Puma) နှင့် ကျားသစ် (Leopard) တို့ဟာ နို့ တိုက်သတ္တဝါတွေထဲမှာ အမြင့်ဆုံးခုန်နိုင်ကြသူများ ဖြစ်ပါတယ်။ သူတို့ ဟာ အမြင့် ၁၆.၅ ပေ လောက်ကိုအလွယ်တကူခုန်နိုင်ကြပါတယ်။ ၉။ ဘက်ကမ်ဟမ်နန်းတော် (Buckingham Palace) မှာ အခန်းပေါင်း ၆၀၂ ခန်း ရှိပါတယ်။ ၁၀။ ခြင်စားငါး (Minnow) တွေရဲ့ သွားတွေဟာ သူတို့ ရဲ့ လည်ချောင်းထဲ မှာရှိပါတယ်။ ၁၁။ ဘိုလီဗီးယားနိုင်ငံ (Bolivia) မြို့ တော် La Paz ဟာ ကမ္ဘာ့ အမြင့်ဆုံး အရပ်မှာတည်ရှိသော နိုင်ငံမြို့ တော်ဖြစ်ပါတယ်။ဒီမြို့ ဟာ ပေ ၁၇၀၀၀ (5181 m) အမြင့်မှာတည်ရှိပါတယ်။ ၁၂။ ဝက်တွေဟာ ကောင်းကင်ကို မကြည့်နိုင် မမြင်နိုင်ကြပါဘူး။ ၁၃။နို့ တိုက်သတ္တဝါမျိုးစိတ်တိုင်းမှာ အမတွေဟာ အထီး (အဖို)တွေထက် သက်တမ်းပိုရှည်ကြပါတယ်။ လူတွေလည်းပါဝင်ပါတယ်။ ၁၄။ မြောက်ဝင်ရိုးစွန်းသံလိုက်စက်ကွင်းဟာ တစ်နေ့ မှာ(၇) မီတာလောက် ရွေ့ ပြောင်းနေပါတယ်။ ၁၅။ ပင်ဂွင်း (Penguin)တွေဟာ ငှက်မျိုးနွယ်ဝင်တွေဖြစ်သော်လည်း သူတို့ဟာ ရေကူးနိုင်ပြီး မပျံနိုင်ကြပါဘူး။ ၁၆။ သင်ရဲ့ အရပ်ဟာ မနက်ပိုင်းမှာ ညနေပိုင်းထက် အရပ် ၁ စင်တီမီတာ လောက်ပိုရှည်နေပါတယ်။ ၁၇။ စက်ရပ်နေတဲ့ နာရီတစ်လုံးဟာ တစ်နေ့ မှာ နှစ်ကြိမ် အမြဲမှန်ပါတယ်။ ၁၈။ ပိုးဖလံ (Moth) တွေမှာ အစာအိမ် မရှိပါဘူး။ ၁၉။ ပူနေသောရေဟာ ရေအေးထက် ပိုပြီးမြန်မြန် ရေခဲစေနိုင်ပါတယ်။ ၂၀။ အဲဗက် အိုင်းစတိုင်း (Albert Einstein) ဟာ ၁၉၅၂ ခုနှစ်မှာ အစ္စရေးနိုင်ငံ သမ္မတ အဖြစ်လုပ်ပေးရန် ကမ်းလှမ်းခံရပါတယ်။ ဒါပေမယ့် သူက ငြင်းပယ်ခဲ့ပါတယ်။

အမျိုးသမီးများ ဘုန်းကံ နိမ့်မနိမ့်

ခွေးအထီးကို အမျိုးသမီးက ကျော်ခွလျှင်၊ အမျိုးသား၏ ဦးခေါင်ကို အမျိုးသမီးက ထိလျှင်ကိုင်လျှင်၊ အမျိးသားများ က အောက်မှာ ထိုင်ပြီး အမျိုးသမီးက အပေါ်မှာ ထိုင်သည့် အနေအထား တစ်ခုတွင် ရှိလျှင်၊ တရားနာသည့်အခါ အမျိုးသမီးများက အမျိုးသားအရှေ့မှာ နေလျှင် ဘုန်းနိမ့်တတ်သည်။ ကံနိမ့်တတ်သည် အစရှိသဖြင့် အမျိုးမျိုး ပြောဆိုကြသည်။ အမှန်စင်စစ်ကား မဟုတ်ရပါ။ရှေးယခင် ခေတ်အဆက်ဆက်က အမျိုးသမီးတို့ က္လိနြေ္ဒ ရွှေပေး၍ မရ အစရှိသဖြင့် ပြောစမတ် ရှိခဲ့သည်။ အမျိုးသမီးဟူသည် အမျိုသားများနှင့် မတူသည့် အဓိက အချက်မှာ လက်ရုံးခွန်အား ဗလ တစ်ခု ဖြစ်ပြီး ယင်း အချက်ကို လူသားတို့ သိရှိ၍ အနိုင်မကျင့်ပဲ ကိုယ်ချင်စာ သနားတတ်စေအောင် အားနွဲ့သူ ပီပီ ယဉ်ယဉ်ကျေးကျေး နေအပ်စေသည်။ ယင်းမှာ မည်သူမျှ ဥပဒေထုတ် တားမြစ်စရာ မလိုပဲ အမျိုးသမီးများ ကိုယ်တိုင် လက်ရုံးခွန်အားဗလ အားနွဲ့သူ ပီပီ အမျိုးသားများကဲ့သို့ တန်းတူ ခွန်အားသုံး အလုပ်လုပ်ခြင်းတို့ မလုပ်၊ လိင်သဘာဝအဖြစ် ကွဲပြားသောကြောင့်လည်း အမျိုးသားများကဲ့သို့ မဝတ်ဆင်။ ယဉ်ကျေးသူ ပီပီ လုံလုံခြုံခြုံဝတ်စေကာ၊ ပြောဆို၊ ပြုမု အမူအရာ များက အစ ယဉ်စေရန် ငယ်စဉ်ကတည်းက မိဘများက သင်ကြားပေးသည်။ အနေအထိုင် မယဉ်ကျေး၊ သွားလာသည့်အခါ လမ်းလျှောက်သည့်အခါ ခုန်လွှားခြင်း၊ ကျော်လွှားခြင်းတို့ မပြုစေ။ အမျိုးသားများ မြင်သည့်အခါ အနိုင်ကျင့်ခြင်း၊ မကောင်းမှု ပြုခြင်းတို့၏ ဆန့်ကျင့်ဘက်ဖြစ်သည့် သနားခြင်း၊ ကူညီချင်စိတ် ဖြစ်ပေါ်စေခြင်း၊ ဖေးမ ကူညီလိုစိတ်ဖြစ်ပေါ်စေခြင်းတို့ကို မွေးဖွားစေရန် ဖြစ်သည်။ စာနာ သနားတတ်လာစေရန် ဖြစ်သည်။ ယင်းကို မသိပဲ မိမိက ဝတ်စားရာတွင် မဆင်မခြင် ဖော်ပြ ဝတ်စားခြင်း၊ သွားလာသည့်အခါ အမျိးသမီးကဲ့သို့ ညင်သာမှု မရှိခြင်း တို့က မိမိအတွက်လည်း ပို၍ မလုံခြုံမှု ဖြစ်စေသည်။ ဘုရားစိန်ဖူးတော် တင် သပ္ဗါယ်ခြင်း ကဲ့သို့ အမှုကိစ္စ၊ ဘုရားရင်ပြင် အမြင့်နေရာသို့ တက်ခြင်း ကိစ္စတို့သည် အောက်တွင် ရှိသော အမျိုးသားများ၏ အမြင်တွင် မတင့်တယ်သကဲ့သို့ ရှိသောကြောင့် တားဆီးမှုများကို ခေတ်အဆက်ဆက် ပြုလုပ်ရာမှ အမျိုးသားများသာ ဝင်ရန်ကဲ့သို့ ဘုရားစေတီ နေရာများ ရှိလာရသည်။ ဘုန်းကြီး၊ ဦးဇင်းများနှင့် အနီးကပ် မနေပဲ ခွာနေရန် ဟူသည်ဟာ ဘုရားသားတော် တရားအားထုတ်သူများ အနေဖြင့် တရားကို မထိခိုက်ပဲ စိတ်များ အာရုံများ လောကုတ္တရာတွင်သာ မြဲ၍ နေအောင် မာတုကာမ များဖြင့် ခွာ၍ နေရန် မြတ်စွာဘုရားကိုယ်တိုင် ပညတ်တော်မူခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသမီးများ တရားအားထုတ်က ဘုရားဖြစ်နိုင် မဖြစ်နိုင် တရားဟောက တရားသိနိုင်သော တိဟိတ်ဥာဏ် ရှိသူတိုင်းက နိဗ္ဗာန်ရောက်နိုင်သည်။ ကျင့်ကြံ အားထုတ် ရနိုင်ပါသည်။ အမျိုးသမီးများလည်း အမျိုသားဘဝ ရရှိအောင် ကျင့်ကြံအားထုတ်နိုင်ပါတယ်။အမျိုးသားဘ၀ရောက်ရင်ဘုရားဖြစ်အောင်ကျင့်ကြံ၍ရပြိးဖြစ်သည်။ အမျိးသား၊ အမျိးသမီး ဟူ၍ ကွဲလာသည့်အခါ အဓိက ကွဲသွားသည့် အချက် တစ်မှာ ဓိပတိ ဖြစ်သည်။ ကြိုးစားအားထုတ်မှု ဖြစ်ပြီး အမျိုးသားများက ခွန်အားဖြင့်လည်း ပိုမို သန်မာသောကြောင့် ကြိုးစားအားထုတ်သည့်အခါ ဇွဲ လုံ့လ ပိုမို ပြင်းထန်သောကြောင်း ဘုရားဖြစ်ရန်မှာ အမျိုးသားများကဲ့သို့ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ၊ တို့တွင် ဓိပတိ အားဖြင့် သဘာဝ အလျောက် ပိုမို အားကောင်းသောကြောင့် ဘုရားဖြစ်ရန် ကြိုးစားနိုင်သည်ဟု ဆိုလိုသည်။ ယင်းဆိုလိုမှုမှာ အမျိုးသမီးတို့တွင် ရှိသော ကြိုးစားအားထုတ်မှုကို နည်းသည်ဟု မဆိုလို လောကမှ ထွက်မြောက်ရာ ဖြစ်သော နိဗ္ဗာန်သို့ ရောက်ရန် ကျင့်ကြံရန် လိုအပ်သော အရည်အချင်းတို့မှာ ကိုယ်စီ ရှိကြ ပါသည်။ ယခု ဘဒ္ဒကမ္ဘာတွင်ပင်တောင် ဘုရား နောက်တစ်ဆူသာ ပွင့်တော့မှာ ဖြစ်ပြီး ယင်းဘုရားမှ သာမန်လူများထက် ပို၍ ကြိုးစားအား ထုတ်မှု၊ ပါရမီ ရင့်သန့်သော ရှားပါး လူသားသာ ဖြစ်သည်။ Credit to Original Writer K.K(ကနောင်)

19.5.15

လမ်းခွဲရှင်းတမ်း ___________ တစ်ညနေမှာ လင်မယားနှစ်ယောက် လမ်းခွဲပြတ်စဲဖို့ ဆွေးနွေးနေကြတယ်။ မိန်းမဖြစ်သူက နီရဲတဲ့မျက်လုံးတစ်စုံနဲ့ လင်ယောက်ျားကို တစ်ချက်ကြည့်ပြီး လမ်းခွဲရှင်းတမ်းတွေ ရေးနေခဲ့တယ်။ စာအုပ်စင် ---- ကျွန်မဝယ်ထားတဲ့အရာ မှန်ဘောင် ---- ကျွန်မဝယ်ထားတဲ့အရာ တိုင်ကပ်နာရီ ---- ကျွန်မဝယ်ထားတဲ့အရာ ကုလားထိုင် ----- ကျွန်မဝယ်ထားတဲ့အရာ အထက်ကအရာအားလုံး ကျွန်မဝယ်ထားတဲ့အတွက် ကျွန်မယူဆောင်သွားပါမယ်။ မိန်းမရဲ့ရှင်းတမ်းကိုကြည့်ပြီး ယောက်ျားကလည်း စာရွက်တစ်ရွက်နဲ့ ရှင်းတမ်းတွေ ချရေးလိုက်တယ်။ စောင် ---- အခမဲ့ အင်္ကျီစင် ----- အခမဲ့ ဓာတ်ဗူး ----- အခမဲ့ တယ်လီဖုန်း ----- အခမဲ့ စာအိတ်နှစ်ရာ ---- အခမဲ့ အကြိမ်ပေါင်းများစွာ ကြိုပို့ ---- အခမဲ့ ဂရုစိုက်မှု၊ ကြင်နာမှု၊ စောင့်ကြိုမှု ----- အခမဲ့ ရှော့ပင်းကြိုပို့---- အခမဲ့ အထက်က အရာအားလုံးဟာ အခမဲ့ဖြစ်တာကြောင့် တစ်ပါးတည်း ယူဆောင်နိုင်ပါတယ်။ နောက်ပြီး...... အင်္ကျီ၊ ပန်းစည်း အားလုံးအခမဲ့ သင့်အတွက် စိုးရိမ်ကြောင့်ကြမှု၊ သင်စိတ်ချမ်းသာ ပျော်ရွှင်မှု အားလုံးဟာလည်း အခမဲ့ပါ။ အထက်က အရာအားလုံးပေါင်းပြီး သင့်ကိုချစ်ခဲ့တဲ့ အချစ်စစ်ဟာလည်း အခမဲ့ပါပဲ။ ယောက်ျားရဲ့ရှင်းတမ်းကိုကြည့်ပြီး သုတ်သိမ်းလိုက်တဲ့ မျက်ရည်တွေ မိန်းမရဲ့ပါးပြင်ပေါ် စီးကျလာပြန်တယ်။ နှုတ်ဆိတ်ခေါင်းငုံ့နေရာက မျက်နှာမော့ပြီး ယောက်ျားဖြစ်သူကို ခပ်စူးစူးတစ်ချက် သူကြည့်လိုက်တယ်။ အဲဒီနောက် "အထက်က အရာတွေအားလုံး ကျွန်မယူဆောင်သွားမှာပါ။ ရှင်ဟာလည်းအခမဲ့မို့ ရှင့်ကိုလည်း ကျွန်မယူဆောင်သွားရလိမ့်မယ်" စကားအဆုံးမှာ ယောက်ျားဖြစ်သူက မိန်းမကိုရင်ခွင်ထက် တင်းတင်းလေးဆွဲပွေ့ပြီး နားနား ကပ်ပြောလိုက်တယ်။ "မောင့်ကို တစ်ပါးတည်း ယူဆောင်သွားပါ ဟန်နီ" မူရင်းရေးသားသူ -- "Lao Hu" Credit to နိုင်းနိုင်းစနေ

10.5.15

ဘ၀ထဲမှာ.. ======= မျက် ရည်ကျခဲ့ဖူးတဲ့မျက်လုံးကပိုပြီး ကြည်လင် တတ်ပါတယ်။ နာကျင် ခဲ့ဖူးတဲ့ နှလုံးသားက ပိုပြီး ခိုင် မာလာတတ်ပါတယ်။ ကျရှူံးခဲ့ဖူးတဲ့ အတိတ်က အနာဂတ်ကောင်းကို ပိုမို ရ ရှိစေပါတယ် မုန်တိုင်းပြီးအောင်စောင့်နေတာက ဘဝမဟုတ်ပဲ မုန်တိုင်းထဲမှာ ဘယ်လိုရှင် သန် နေထိုင်ရမယ်ဆိုတာကိုသင်ယူ နေတာကမှ ဘဝပါ။ လေပြည်ညှင်းထဲမှာ အသက် ရှုနိုင် မှ အသက် ရှင် သန်တာ မဟုတ်ပဲ မုန်တိုင်းထဲမှာလည်း အသက် ရှင် သန်အောင် အသက် ရှူနိုင် တာကလည်း ဘဝပါပဲ… ငြိမ်းလဲ့
`ထာဝရ´တဲ့ နောင်တပဲရခဲ့တယ်။ သံယောဇဉ်က ပင့်ကူမျှင်လောက်တောင် မခိုင်ခဲ့ဘူး။ `မေတ္တာ´တဲ့ သစ္စာမှ မပါခဲ့တာ။ `ပြောတော့ချစ်တယ်´တဲ့ နောက်တော့ ပစ်ပယ်ခဲ့တာပဲ။ ငါ့ဘ၀နဲ့ ရင်းခဲ့ပေမယ့် မင်းခြေထောက်နဲ့ နင်းခဲ့တယ်။ `ဘယ်တော့မှ မမေ့ဘူး´တဲ့ ဒီစကားနဲ့ ရူးခဲ့ဖူးတယ်။ အခုတော့ မာယာများသူကြောင့် ငါအလကားလူဖြစ်ခဲ့ရပြီ...။ Credit to original poet ✍ ဘ၀ကျောင်းဖတ်စာ
မသေချာခြင်းတွေက သင့်ကို ပူပန်မှု့တွေ ဖြစ်စေတယ် နာကျည်းခြင်းတွေက သင့်ကို အထီးကျန်မှု့တွေ ဖြစ်စေတယ် မာနကြီးခြင်းက သင့်ကို အ ဖော်မဲ့မှု့တွေ ဖြစ်စေတယ် ငြင်းခုံနေခြင်းက သင့်ကို နောင် တရမှု့တွေ ဖြစ်စေတယ် ပြုံးလိုက်ခြင်းက သင့်ကို လှပမှု့တွေ ဖြစ်စေတယ် ဒါ့ကြောင့် ပြုံးပါ အနည်းဆုံး တနေ့ တကြိမ်လောက်တော့ ပြုံးနိုင်အောင် ကြိုးစားပေးပါ။ ငြိမ်းလဲ့။

ဦးဘုန်း(ဓါတု)ရဲ့ အတွေးအခေါ်များ

(၁) အစားထိုးမရတဲ့ ဆုံးရှုံးမှု (၂)ခု ရှိတယ်။ မိဘနှင့်အချိန်။ (၂) လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဟာ အလုပ် လုပ်ခြင်းပဲ။ (၃) ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ် တတ်တယ်။ (၄) မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ။ (၅) နှေးတာ အရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးတယ်။ (၆) လိုသလောက် မရနိုင်ပေမယ့် လုပ်သလောက်တော့ ရနိုင်ပါတယ်။ (၇) မေ့တယ်ဆိုတာ မလေးစားလို့၊ ကြောက်တယ်ဆိုတာ မခိုင်လုံလို့။ (၈) အလုပ် မလုပ်ပဲ အခွင့်အရေး မရချင်ပါနှင့်။ (၉) မနာလို မဖြစ်ပါနဲ့၊ လုပ်တဲ့လူက နေရာရမှာပဲ။ (၁၀) လူတစ်ယောက်၏ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်။ (၁၁) စာရိတ္တကောင်းရင် နောက်ကြောင်း ရှင်းတယ်။ (၁၂) မခိုင်းဘဲ လုပ်တာ သခင်၊ ခိုင်းမှ လုပ်တာ ကျွန်။ ဘ၀တွက်တာ (၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။ (၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။ (၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲဆိုတာ မရှိပါဘူး။ (၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။ (၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။ (၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင်တော်ပါသေးတယ် ။ (၇)ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။ (၈)စေတနာသည် ကံတရား၏အရင်းအမြစ် ဖြစ်သည်။ (၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။ (၁၀)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။ (၁၁)ကံကြမ္မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ် ။ (၁၂)လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်းနေတာပါပဲ။ (၁၃)လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ ။ (၁၄)ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ ။ (၁၅)ဒုက္ခအနီးတွင် သုခရှိ၏ ။ (၁၆)ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့ ။ (၁၇)ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ် ။ (၁၈)ဘ၀ဆိုတာ အစမ်းသဘောအဖြစ် နေထိုင်ခွင့်မရှိတဲ့ အရာပါ ။ (၁၉)ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပါပဲ ။ (၂၀)အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပါပဲ ။ (၂၁)နားလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာမွေးဖွားနေဦးမှာပဲ ။ (၂၂)ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာအခြေခံအကျဆုံးအရာပါပဲ ။ (၂၃)ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ ။

8.5.15

မိန်းကလေးများ သိမှတ်ဖွယ်

(၁) သင့်မှာ အဝတ်အစားတွေ အများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေ ဖြစ်နေပါစေ။ (၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေး မတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေ ဖြစ်တယ်။ (၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူ မဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။ (၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု.....စတဲ့စာအုပ်တွေ။ ဘုရားသခင်က သင့်ကို လှပတဲ့ မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။ (၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်က ပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူး ဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။ (၆) ရိုးသားလို့ရတယ်၊ ဒါပေမဲ့ ရိုးစင်းနုံအလို့ မရဘူး။ရိုးရှင်းလို့ရတယ်၊ ဒါပေမဲ့ အလွယ်လိုက်လို့မရဘူး။ အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင်နားမလည်လို့ရတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွန်းစာအုပ်ကို သင်ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေ အတွက် ကျေးဇူးတရားကို ရင်ထဲ အမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့လှောင်ပြောင်သူတွေအတွက် ပုံမှန်၊ သာမန်စိတ်ကိုမွေးပါ။ (၇) ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။ ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။ အပြင်ပန်းလှပအောင် ဝတ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ ဒါဟာ ဝင့်ဝါခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်သောင့်သက်သာရှိခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ (၈) လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။ ကလေးကလားနိုင်တဲ့၊ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။ သင့်မှာ ဗဟုသုတ မရှိလို့ရတယ်၊ ဒါပေမဲ့ အဆင့်အတန်းမရှိလို့ မရဘူး။ အမြင်မတူ၊ အသွင်ကွဲလို့ ရတယ်။ ဒါပေမဲ့ လေးစားရိုသေမှုတော့ ရှိရတယ်။ ဖြစ်ခဲ့၊ ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။ ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ ၁ကနေ ၂ဝအထိ ရေတွက်ပြီးမှ ပြောပါ။ (၉) သင်ဟာ တကိုယ်တည်းသမားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက တစ်ပါးသူကို မှီတွယ်မယ်ဆိုတဲ့စိတ် မရှိဖို့ပဲလိုတယ်။ အရာရာတိုင်း သူတစ်ပါးကို အားကိုးနေလို့မဖြစ်ပါဘူး။ သိန်းသောင်းချီတဲ့ လခရနေတာက အကောင်းဆုံးပေါ့။ ထောင်ဂဏန်း လခဆိုလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ရှင်သန်အောင် ရပ်တည်နိုင်တဲ့အစွမ်း သင့်မှာရှိသေးတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်ယူစရာဖြစ်တယ်။ (၁ဝ) ဘဝကပေးတဲ့ အရာတိုင်းကို တန်းဖိုးထားမြတ်နိုးပါ၊ သင်ယူပါ။ အချစ်ခံရ၊ အနှစ်သက်ခံရတယ်ဆိုတာ ပျော်ရွှင်တဲ့ဥစ္စာပစ္စည်းဖြစ်တယ်။ သူတစ်ပါးကိုချစ်တယ်၊ နှစ်သက်တယ်ဆိုတာ ပျော်ရွှင်တဲ့ပေးဆပ်ခြင်းဖြစ်တယ်။ တကယ်လို့ သင့်ကို သူခွဲသွားမယ်ဆိုရင် ပြုံးပြုံးရွှင်ရွှင်နဲ့ တောင်းဆုတွေပေးပါ။ အထီးကျန်တာကို ဂုဏ်ရှိရှိခံယူတာက နာနာကျင်ကျင် ချစ်နေရတာထက်စာရင် ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ သူ့တစ်ပါးကို ခွင့်လွှတ်နားလည်တတ်ပါစေ။ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်၊ ခွင့်လွှတ်နားလည်တဲ့စိတ်၊ တာဝန်သိတတ်စိတ် .. စတဲ့စိတ်တွေ တစ်ခုမှ သင့်မှာ လျော့နေလို့ မဖြစ်ဘူးဆိုတာကို နားလည်ထားပါ။ Credit to လူငယ်ရေးရာ

7.5.15

ချစ်တတ်သူတိုင်း ဖတ်ကြည့်ပါ ၁။ သူအမြဲမေးတတ်တယ်…” ဘယ်မှာလဲ? အခုဘာလုပ်နေလဲ?” (သူမင်းကို သတိရနေတာပါ၊ မင်းနဲ့ စကားပြောချင်တာပါ၊ မင်းသူ့ဆီကို စာမပို့ပေးတော့ သူဇဝေဇ၀ါ ဖြစ်နေတယ်။ မင်းအလုပ်ရှုပ်နေမှာ ကိုလဲ စိုးရိမ်တယ်။ ဒါပေမဲ့ သတိရနေတာကို မအောင့်နိုင်ဘူး။ တခြားလူဆို ဘာလုပ်လုပ်ပေါ့… သူဂရုမစိုက်ဘူး။ ဒါကြောင့် အချိန်လေးရရင် သူ့ကို ဆက်သွယ်ပါ၊ သူစိတ်ချပါစေ၊ မင်းရဲ့စိတ်ထဲမှာ သူရှိပါတယ် ဆိုတာကို သူသိပါစေ၊ သူ့ဘက်ကနေအမြဲတမ်း မင်းကို စပြီး ဆက်သွယ်နေရင် သူ့ကိုသူ အရှုပ်ထုတ်လို့ ထင်နေမိနိုင်ပါတယ်။) ၂။ သူပြောလေ့ရှိတယ်… “ငါ မပျော်ဘူး၊ စိတ်ရှုပ်တယ်။” (ဒါကို အားအားရှိ စိတ်အနှောင့် အယှက် ဖြစ်စရာ လို့ မထင်လိုက်ပါနဲ့။ သူ တကယ် မပျော်တာမဟုတ်ပါဘူး။ သူ မင်းကို သတိရနေတာပါ။ သူမင်းရဲ့ နှစ်သိမ့် စကား လေးကို တောင့်တ နေလို့ပါ။ အရိုးရှင်းဆုံး “လိမ္မာတယ်… မဆိုးနဲ့နော်” ဆိုတာလေးနဲ့လဲ သူကျေနပ်နိုင်ပါတယ်။) ၃။ သူပြောလေ့ရှိတယ်… “နေကောင်းအောင်နေနော်၊ လမ်းမှာ သတိထား၊ ကိုယ့်ကိုယ်ကိုဂရုစိုက်ဦး။” (ဒါကို သူအပိုတွေပြောနေတယ်လို့ သဘော မထားလိုက်ပါနဲ့၊ မင်း သူ့ရဲ့စိတ်ထဲမှာ ရှိတယ်၊ သူမင်းကို စိတ်ပူတတ်တယ် ဆိုတာကို ပြောချင်တာပါ။) ၄။ သူပြောလေ့ရှိတယ်… “မင်းကို ကူညီချင်တယ်… ဘာဖြစ်ဖြစ်သူ့ကိုပြောပြပါ။” (ဒါပေမဲ့ သူသိတယ်၊ သူမင်းကို ဘယ်လောက်ထိမှ မကူညီနိုင်ဘူးဆိုတာကို။ သူမင်းကို သိစေချင်တာက… သူ မင်းဘေးမှာ အမြဲရှိနေမယ်၊ မင်းကို အမြဲအားပေးနေမယ်။) ၅။ “ဘာကိစ္စလုပ်လုပ် မင်းရဲ့ သဘောထားကို မေးတတ်တယ်။” (သူ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းမရှိတာ၊ မင်းကို မှီခိုလွန်းနေတာ မဟုတ်ဘူး။ သူမင်းကို လေးစားတာ၊ အရာရာ မင်းကို ဦးစားပေးတတ်လို့ပါ။”) ၆။ “ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် သူ မင်း နဲ့ နီးနီးကပ်ကပ် ဘဲ ရပ်နေတတ်တယ်။” (ဒါကတော့ သူမင်းကို ယုံကြည်တယ် ဆိုတာကို ပြတာပါ။) ၇။ “သူ ၀မ်းနည်းတတ်တယ်၊ လျှောက်စဉ်းစားတတ်တယ်။” (သူ အတွေးလွန်နေတယ်၊ မဟုတ်တာတွေပူပန်နေတယ်လို့ သဘော မထားမိလိုက်ပါနဲ့။ တခါတလေ သူလဲ လုံခြုံစိတ်ချစေတဲ့စိတ်မျိုး ကင်းမဲ့နေတတ်ပါတယ်။) ၈။ “သူ ကရုတ်တရက် မင်းကို အေးတိအေးစက်၊ ဒါမှ မဟုတ် စိတ်ဆိုးစိတ်ကောက်တတ်တယ်။” (သူ ကလေးဆန်တယ်လို့ အပြစ်မတင်လိုက်ပါနဲ့၊ သူ မင်းချော့တာလေးကို ခံချင်လို့ပါ။) Credit-(HZ Zane)
"Hellen Keller ရဲ့ မှတ်သားစရာ အဆိုအမိန့်များ" နားမကြားမျက်မမြင် တစ်ဦးဖြစ်တဲ့ Hellen Kellerကို သိကြမှာပါ။ သူ့ရဲ့မလျော့သော ဇွဲလုံ့လတွေက လေးစားအတုယူဖွယ် ကောင်းလှပါတယ်။ အခုဖော်ပြပေးမှာကတော့ Hellen Keller ရဲ့ အဆိုအမိန့်အချို့ပါ။ ၁။ ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ အလှပဆုံးအရာတွေကို မြင်ကြည့်လို မရနိုင်သလို့ တွေ့ထိလို့ လည်း မရနိုင်ပါဘူး။ နှလုံးသားနဲ့ ခံစားကြည့်မှ ရတာပါ။ ၂။ မျက်စိကန်းတာထက် အဆိုးဝါးဆုံးအရာကတော့ မျက်စိအမြင်သာရှိပြီး အနာဂတ်အမြင်မရှိခြင်းပဲဖြစ်တယ်။ ၃။ လောကကြီးဟာ ပျော်ရွှင်မှုတွေနဲ့ပဲ ပြည့်နေရင် ရဲရင့်သတ္တိရှိမှုနဲ့ စိတ်ရှည်သည်းခံတတ်မှုတွေကလည်း ကျွန်မတို့ဆီမှာ ရှိလာမှာမဟုတ်ပါဘူး။ ၄။ အောင်မြင်ခြင်းနဲ့ ပျော်ရွှင်ခြင်းဆိုတာ မိမိအပေါ်မှာသာ မူတည်တယ်။ ကိုယ်တိုင် ပျော်ရွှင်မှု၊ ကိုယ်ပိုင် ပျော်ရွှင်မှုကို အဖြေရှာရမယ်။ အခက်အခဲကို အံတုပြီး မိမိကိုယ်တိုင် ခိုင်မာတဲ့ အရှင်သခင် တစ်ယောက်အဖြစ် ထူထောင်နိုင်ရမယ်။ ကြည်ပြာ Credit to Trend Myanmar