`ထာဝရ´တဲ့
နောင်တပဲရခဲ့တယ်။
သံယောဇဉ်က
ပင့်ကူမျှင်လောက်တောင် မခိုင်ခဲ့ဘူး။
`မေတ္တာ´တဲ့
သစ္စာမှ မပါခဲ့တာ။
`ပြောတော့ချစ်တယ်´တဲ့
နောက်တော့ ပစ်ပယ်ခဲ့တာပဲ။
ငါ့ဘ၀နဲ့ ရင်းခဲ့ပေမယ့်
မင်းခြေထောက်နဲ့ နင်းခဲ့တယ်။
`ဘယ်တော့မှ မမေ့ဘူး´တဲ့
ဒီစကားနဲ့ ရူးခဲ့ဖူးတယ်။
အခုတော့ မာယာများသူကြောင့်
ငါအလကားလူဖြစ်ခဲ့ရပြီ...။
Credit to original poet
✍ ဘ၀ကျောင်းဖတ်စာ
No comments:
Post a Comment