31.8.16

ဒလိုင်းလားမား

တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို လူတစ်ဦးက မေးမြန်းခဲ့ပါတယ်...။
"အရှင်ဘုရားကို အင်မတန်မှ အံ့အားသင့်စေတဲ့အရာကို ပြောပြပါဘုရား"

အဲဒီအခါမှာ ဘုန်းတော်ကြီးဟာ အခုလို ပြန်ဖြေတော်မူခဲ့ပါသတဲ့...။
"လူ ......
သူဟာ ကျန်းမာရေးကို အဆုံးရှုံးခံပြီးတော့ ငွေရရှိဖို့ ကြိုးစားရှာတယ်။
အဲဒီနောက်တော့ ပြန်ပြီးတော့ ကျန်းမာလာစေဖို့အတွက် ငွေတွေကို အဆုံးရှုံး ခံရပြန်တယ်။
အဲဒီနောက်တော့ သူဟာ အနာဂတ်အတွက် အင်မတန် ရတက်မအေး စိုးရိမ်နေရတဲ့အတွက် မျက်မှောက် ပစ္စုပ္ပန်မှာ မပျော်ရွှင်နိုင် ရှာဘူး။
ရလဒ်ကတော့ သူဟာ ပစ္စုပ္ပန်မှာကော၊ အနာဂတ်မှာပါ ရှင်သန်မှု ရှိမနေတာပါပဲ။
ဘယ်တော့မှ မသေမဲ့ သူတစ်ဦးလို နေထိုင်ပြန်တယ်။
အဲဒီနောက်တော့ ဘယ်တုန်းကမှ ရှင်သန်နေထိုင်ခဲ့သူ မဟုတ်တဲ့ ဘ၀နဲ့ပဲ သေဆုံးရတယ်။"

မောက္ခပညာရေးမဂ္ဂဇင်း
www.maukkha.org

20.8.16

ရှမ်းရိုးရာမင်္ဂလာ လက်ထပ်ပွဲ

အမျိုးသမီးတို့ မင်္ဂလာ ဆောင်ပွဲများမှာ ဒေသအလိုက် အနည်းနှင့် အများ ကွဲပြားကြသည်။ မိဘများက တောင်းရမ်းပေးရာတွင် ဦးစွာ ပထမ လူပျို၏မိဘများသည် အပျို၏ မိဘများထံသို့ သွား၍ ပြောရသည်။ အပျို၏ မိဘများက လေး-ငါးရက် အချိန်ယူပြီး ဆွေမျိုးများနှင့် တိုင်ပင်ရသည်။ သမီး၏ သဘောကို မေးရသည်။ သမီးက သဘောတူပါက လူပျိုဖက်သို့ အကြောင်းပြန်ကြားရသည်။ လူပျို၏ မိဘများက လူကြီးများနှင့် နေ့ကောင်းရက်သာ ရွေးပြီး အပျို၏မိဘမျာထံ သမီးတောင်းရန်လာကြသည်။ ထိုအချိန်တွင် အပျိုအိမ်၌ ဆွေမျိုးအစုံ ရောက်နေကြရသည်။ အပျိုဖက်မှ လူငယ်များက လူပျိုကို ခြံတံခါးဝတွင် တကြိမ်၊ အိမ်တံခါးဝတွင် တကြိမ် ကြိုးတားကြသည်။ ငွေကြေးပေးမှ ဖွင့်ပေးကြသည်။

အိမ်ပေါ်သို့ ရောက်သည့်အခါ အပျိုဖက်က လူကြီးနှစ်ဦးကို လူပျိုဖက်မှ လူကြီးများက သွား၍နှင်ဆက်ရသည်။ အပျိုဖက်မှ လူကြီးများက လာရင်းကိစ္စကို မသိချင်ယောင်ဆောင်ပြီး မေးရသည်။ လူပျိုဖက်က သမီးလာတောင်းသည့် အကြောင်းပြောပြရသည်။

ဤသို့ တဖက်နှင့်တဖက် အပြန်အလှန် ပြောဆိုကြသည်။ ထိုသို့ပြောနေစဉ် လူပျိုဖက်က လင်ပန်းတခုတွင် လက်ဖက်နှစ်ထုပ်၊ ကွမ်းနှစ်ထုပ်၊ ငှက်ပျော်နှစ်ဖီး၊ အနည်းဆုံး ငွေငါးမတ်နှင့် ကြက်ဥပြုတ် နှစ်လုံးထည့်၍ အိမ်ထောင်စုံ အျိုးသမီးထံ ပို့ထားရသည်။ အကယ်၍ စကားပြောလို့မပြီးမီ ထိုလင်ပန်းကို အောက်ချထားမိပါက အပျိုဖက်က ယူစားပစ်နိုင်သည်။ ထို့နောက်မှ ကြက်ဥနှစ်လုံးမှတပါး လင်ပန်းအတွင်းရှိ အစားအစာ တ၀က်ကို ဆွေမျိုးနှစ်ဖက်အား ကျွေးမွေးပြီး ကျန်တ၀က်ကို အိမ်အပြင်တွင် နတ်ပသ၍ ဆုတောင်းခြင်းပြုကြသည်။

ထို့နောက် လူပျိုဖက်မှ ဧည့်သည်များကို အပျိုဖက်က ထမင်းကျွေး ပြုစုသည်။ အပျိုနှင့် လူပျိုအတွက်မူ ထမင်းပွဲတခု သီးသန့်ပြင်ပေးရသည်။ လူပျိုနှင့်အပျို ထမင်းစားနေစဉ် အနားတွင် ကလေးများက သားသမီးများသဖွယ် ကြက်ဥနှစ်လုံးကို ခွဲပြီး “ဖေဖေ၊ မေမေ” ဟုခေါ်ကာ သတိုးသားနှင့် သတို့သမီးတို့အား ခွံ့ကျွေးရသည်။ ချည်ခုနှစ်ပင်ပါသည့် ချည်မန်းကွင်းဖြင့် သတို့သား၊ သတို့သမီးတို့အား စွပ်ပေးရသည်။ လူပျိုနှင့်အပျို တပြန်စီ ထမင်းခွံ့သည့်ဓလေ့လည်း ရှိသည်။ သတို့သားက သတို့သမီးအား မိဘအား သမီးမွေးပေးသည့်အတွက် ငွေငါးကျပ်ကို နို့ဘိုးအဖြစ် ကန်တော့ရသည်။ ထို့အပြင် အပျိုဖက်က ဆွေမျိုးများအတွက် တအိုးစားလျှင် တကျပ်၊ နှစ်အိုးစားလျှင် နှစ်ကျပ် စသည်ဖြင့် ငွေကြေးပေးရသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ နောင်တနေ့ လင်မယား သဘောထား ကွဲလွဲပါက ဆွေမျိုးများကို သက်သေထူပြီး သတို့သား၊ သတို့သမီးအား ဆုံးမရန်ဖြစ်သည်။

အချို့ဒေသများတွင် လက်ထပ်ပွဲပြုလုပ်လျှင် ငှက်ပျောပွဲကိုပြင်၍ ငချဉ်ထုပ်များကို အုပ်ထဲတွင်ထည့်ထားသည်။ ရွဲထဲမှ အသက်ကြီးရင်သူတို့က ထိုအထုပ်များကို ဖြေပြီး ဧည့်သည်များကို ကျွေးမွေးသည်။ ရွှေ၊ငွေ ထည့်ထားသည့် ရေကို လက်ထပ်ပေးသူ လူကြီးက သတို့သမီးကို တိုက်သည်။ သတို့သမီးမှတဆင့် သတို့သားအား တိုက်သည်။ လက်ဖွဲ့သော အလေ့ရှိသည်။ သတို့သမီးအရံ၊ သတို့သားအရံနှင့် လက်ထပ်ပေးသူတို့ဥည် မိဘစုံလင်စွာရှိပြီး ငယ်လင်၊ ငယ်မယား အိမ်ထောင်စုံများဖြစ်ရသည်။ လူပျို၏ မိဘများက အပျို၏ မိဘများထံ သမီးတောင်းရာတွင် တင်တောင်းသော ပစ္စည်းမှာ ရွှေ၊ ငွေ၊ အ၀တ်အစားများသာ ဖြစ်သည်။ အိမ်နှင့် မြေယာများကို တင်မတောင်းကြပေ။ လက်ထပ်ပွဲကုန်ကျငွေကို ယောက်ျားလေးဖက်က အကုန်ခံရသည်။၏

ရှမ်းပြည်နယ် မြောက်ပိုင်း အချို့ဒေသများတွင် မိန်းကလေးကို သွားရောက်တောင်းယူရာတွင် ရေအပြည့်ပါသော ရေတကောင်းတခု၊ နှစ်တောင်ပတ်လည်ရှိသော ဖျာချောတချပ်၊ ကွမ်းဆေးအစုံ ထည့်ထားသော ကွမ်းအစ်တလုံး၊ ဆေးလိပ်ထည့်ထားသော ဆေးလိပ်ခွက် တခွက်နှင့် သွားတောင်းရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း အချို့ဒေသများတွင် လက်ဖက်စို တပိဿာ၊ ဆားတပိဿာ၊ ကြံသကာ တပိဿာ၊ ဆင်အန်ငှက်ပျောဖီး တဖီးနှင့် မိန်းကလေး မိဘ သို့မဟုတ် အုပ်ထိန်းသူထံ လာရောက်ကန်တော့ပြီး မိန်းကလေး ၀တ်ဆင်ရန် ရွှေတို ရွှေစ အဆင်တန်ဆာ များကိုပါ ယူဆောင်သွားရသည်။

တောင်းရမ်းရာတွင် ကွမ်းတော့တော် ခေါ် တဖက်နှင့်တဖက် အချီအချ စကားပြောဆိုရာတွင် ကြားဝင်ပြောရမည့် စကားပြော လိမ္မာကျွမ်းကျင်သူ၊ အာဝဇ္ဇန်းရှိပြီး လူမှုရေးရာ သိနားလည်သူ (အများအားဖြင့် လူပျိုခေါင်း) တစ်ယောက်ယောက်ကို ငှားရမ်းခေါ်ဆောင်ကာ သွားတောင်းလေ့ရှိသည်။ မင်္ဂလာပွဲကိုလည်း သတို့သမီး အိမ်တွင်သာ ပြုလုပ်လေ့ ရှိသည်။ ရှေးရှမ်းပုံပြင်မှ ခွန်ဆန်လောဝ်နှင့် နန်းဦးပြင်တို့ကို အစွဲပြုပြီး သတို့သား၊ သတို့သမီးအိမ်သို့အလာ လမ်းတွင် ရွှေကြိုး၊ ငွေကြိုးတားကြသည်။ လက်ထပ်ပြီး ခုနှစ်ရက်အတွင်း ခရီးထွက်လေ့မရှိကြပေ။ ယောက္ခ မအိမ်တွင် အနည်းဆုံး တနှစ်နေပြီးမှ အိမ်ထောင်ခွဲလိုက ခွဲနေကြလေ့ရှိသည်။

(တိုင်းရင်းသား ရိုးရာဓလေ့ ထုံးစံများ-
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ) စာအုပ်မှ....



19.8.16

ရွှေတံဆိပ်ဆုကို ကစားသမားတွေ ဘာလို့ကိုက်ပြီး အောင်ပွဲခံကြတာလဲ?

ရွှေတံဆိပ်ဆုကို ကစားသမားတွေ ဘာလို့ကိုက်ပြီး အောင်ပွဲခံကြတာလဲ?

ရီယို နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ကျင်းပနေတာဟာ အခုဆို ၂ပတ်ကျော်လွန်လာပြီ ဖြစ်ပြီး နောက်၁ရက် ၂ရက်ဆိုရင်ပဲ ပြီးဆုံးတော့မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲတလျှောက်မှာ ရွှေတံဆိပ်ရရှိတဲ့ ကစားသမားတွေလဲ အများကြီး ပေါ်ထွက်ခဲ့ပါပြီ။ ကစားသမားတွေရဲ့ ဆုယူနေတဲ့ပုံတွေ၊ ပျော်ရွှင်စွာအောင်ပွဲခံနေတဲ့ပုံတွေကိုလဲ သတင်းတွေ ဂျာနယ်တွေမှာ မကြာမဏဆိုသလို တွေ့မြင်ကြရမှာပါ။

ဒီနှစ် အိုလံပစ်ရွှေတံဆိပ်ဆုရှင်တွေရဲ့ ဆုတံဆိပ်ကို ကိုက်ပြီးအောင်ပွဲခံခြင်းဟာ အရင်အိုလံပစ်တွေထက်ကို သိသိသာသာ ပေါ်ပြူလာ ဖြစ်လာခဲ့ပါတယ်။ ရွှေတံဆိပ်ကိုကိုက်ကြတဲ့အပြုအမူဟာ တစ်စုံတစ်ယောက်က သူတို့ရဲ့ရွှေတံဆိပ်ပြားတွေကို  ရွှေရောင်ချောကလက်ပြားတွေနဲ့လဲယူထားနိုင်တယ်ထင်လို့ စစ်ဆေးနေကြတာတော့ မဟုတ်လောက်ပါဘူး။

အားကစားသမားတွေ ရွှေတံဆိပ်ကိုက်ကာအောင်ပွဲခံခြင်းနဲ့ ပတ်သတ်ပြီး နိုင်ငံတကာ အိုလံပစ်သမိုင်းကြောင်းအဖွဲ့အစည်းရဲ့ ဥက္ကဌ ဒေဗစ်ဝယ်လင်ချီစကီးက CNN သတင်းဌာနကို အခုလိုပြောကြားခဲ့ပါတယ်။

"ဒီအပြုအမူရဲ့ အဓိကအကြောင်းအရင်းကတော့ ဓာတ်ပုံဆရာတွေရဲ့အကြံဖြစ်ပုံရပါတယ်။ အရင်တုန်းက ရွှေတံဆိပ်ကို နမ်းရှုတ်နေတဲ့အမူအယာနဲ့ ဓာတ်ပုံအရိုက်ခံဖို့အကြံပေးရာကနေ အခုတော့ တံဆိပ်ကိုကိုက်ပြီး အောင်ပွဲခံတဲ့အထားနဲ့ ရိုက်ကူးလာကြတာဟာ အလေ့အထပုံစံတစ်ခုကနေ အထင်ကရအပြုအမူတစ်ခု ဖြစ်လို့လာပါပြီ"

"ရွှေအစစ်ဟုတ်မဟုတ် စစ်ဆေးကြည့်တဲ့အပြုအမူတော့ မဟုတ်လောက်ပါဘူး။ ပြန်လည်ရောင်းချလို့ရတယ်ဆိုပေမယ့် ကစားသမားတစ်ယောက်က ဒီလိုမျိုး ပြုလုပ်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့တော့ မထင်မိပါဘူး"

"ဒါပေမယ့် ရွှေအစစ်ဆုတံဆိပ်ပြားဟာ သတ္ထုထက်ပျော့တဲ့အတွက် အားကစားသမားတွေအနေနဲ့ သူတို့ရတဲ့ရွှေတံဆိပ်ဟာ အစစ်ဖြစ်ကြောင်းဂုဏ်ယူတဲ့အနေနဲ့ ကိုက်ကာပြတဲ့ အပြုအမူဟာ သမိုင်းမှာလဲထင်ရှားခဲ့ဘူးပါတယ်

15.8.16

ကချင်လူမျိုး

ကချင်လူမျိုး

ကချင်တိုင်းရင်းသား မျိုးနွယ်စု (၆)မျိုးရှိသည်။ ယင်းတို့မှာ ဂျိမ်းဖော၊ လော်ဝေါ်(မရူလူမျိုး) ၊ ရဝမ်လူမျိုး၊ လာချိဒ်၊ လီဆူးနှင့် ဇိုင်ဝါးတို့ ဖြစ်သည်။
ကချင်တိုင်းရင်းသားတို့သည် တိဘက်မြန်မာ အုပ်စုဝင်များ ဖြစ်သည်။ ဂျိန်းဖော့၊ အဇီး(ဇိုင်းဝါး)၊ လရှီ(လာချစ်)၊ လီဆူ၊ ရ၀မ် နှင့် မရူ(လောင်ဝေါ်) မျိုးနွယ် ၆ မျိုးကို စုပေါင်း၍ ကချင်ဟုခေါ်သည်။ ကချင်ပြည်နယ်တွင် ရှမ်းကြီး၊ ရှမ်းတရုတ်၊ ရှမ်းမြန်မာ၊ ဂဒူး စသောမျိုးနွယ်(၄)မျိုးပါဝင်သော ရှမ်းများနှင့် ချင်း၊ ပလောင်၊ နာဂတို့ပါ နေထိုင်ကြသည်။



ကချင်ပြည်နယ် နောက်ခံ သမိုင်း ကြောင်း

နောက်ခံ သမိုင်း ကြောင်း

ကချင်လူမျိုးတို့သည် ရှေးပဝေသဏီကစပြီး အရှေ့သံလွင်မြစ် (Sakhkung Hka)၊ အနောက် အိန္ဒိယပြည်၊ ဗြဟ္မာပုတရမြစ်ကြား ယခုတရုတ်ပြည် အနောက်မြောက်၊ တိဘက်အရှေ့မြောက၊် မွန်ဂိုးလီးယားကနေ တောင်ဘက် (လက်ရှိနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်) သို့ ဆက်လက်နေထိုင်လာခဲ့သည်။ ယင်းနယ်မြေများသည် ကချင်လူမျိုးစုတို့၏ ဇာတိချက်ကြွေနေရာများပင် ဖြစ်ကာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်။

၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အင်္ဂလိပ် (ဗြိတိသျှ) များ ဝင်ရောက်လာခဲ့သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ တွင် သီပေါမင်း နန်းကျပြီးနောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့တို့သည် ၁၈၈၅ ဒီဇင်ဘာ ၅ရက်နေ့၌ ဗန်းမော်ကို ရောက်ရှိလာခဲ့သည်။

အင်္ဂလိပ်အစိုးရမှ ကချင်ပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ၁၉၂၀ ခုနှစ်နောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသကို သိမ်းပိုက်ကာ ၁၉၃၀ခုနှစ် မှာတော့ မေခ၊ မလိခ မြစ်ဆုံ တြိဂံဒေသကို သိမ်းယူနိုင်ခဲ့သည်။

သီးခြားရပ်တည်နေသည့် ကချင်လူမျိုးတွေရဲ့ နယ်မြေဒေသတစ်ခုလုံးကို အင်္ဂလိပ်တို့က Kachin Hill Tract Regulation ဆိုသည့် ဥပဒေ ပြဌာန်းကာ ထိန်းချုပ် အုပ်ချုပ်လာနိုင်ခဲ့သည်။

ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈)ခုနှစ်တွင် အီရတ်စစ်မြေပြင်၌ အင်္ဂလိပ်ဘက်မှ ကချင်စစ်သား ၄၀၀ကျော် ပါဝင်တိုက်ခိုက် ကူညီခဲ့သည်။ စစ်ပြီးနောက် ၁၉၂၅ခုနှစ်တွင် ဆရာဦးမရမ် ရိုဘင်နှင့် ဒူဝါဇော်တူးတို့က မြစ်ကြီးနားနှင့် ဗန်းမော်မှ ကချင်ကိုယ်စားလှယ် ၅၅ဦးကို ဦးဆောင်၍ ဘုရင်ခံ ဆာကုတ်ဘတ္တာလာထံ ကချင်တောင်တန်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ပထမဦးဆုံးတောင်းခံခဲ့သည်။ သို့သော် ကချင်ခြေလျင်တပ် သုံးတပ်သာ ဖွဲ့စည်းခွင့်ရရှိခဲ့သည်။

ဒုတိယ ကမ္ဘာစစ် (၁၉၄၂)ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်များ ဝင်ရောက်လာခဲ့သည်ကို အင်္ဂလိပ်နှင့် အမေရိကန်စစ်တပ်ပေါင်းကာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲ၌  ကချင် စစ်တပ်သားများသည် Northern Kachin Levis (N.K.L)၊ V_Force၊ Chindit နှင့် American-Kachin Ranger တပ်ဖွဲ့များဖြင့် ပါဝင်ကူညီခဲ့သည်။

၁၉၄၄ခုနှစ် သြဂုတ်လ (၃)ရက်နေ့တွင် N.K.L၊ V_Force၊ Chindit စစ်တပ်သားများသည် မြစ်ကြီးနားရှိ ဂျပန်တပ်သားများအား အမြစ်ပျက် ချေမှုန်းနိုင်ခဲ့သည်။ American-Kachin Ranger စစ်တပ်ဖွဲ့သည် တရုတ်ပြည် ယူနန်ပြည်နယ်ထဲထိ ဂျပန်စစ်တပ်အား တိုက်ခိုက် အောင်ပွဲခံခဲ့ကာ ယခု Ying Jiang မှာ အထိမ်းအမှတ် အဖြင့် ကျောက်တိုင် စိုက်ထူထားသည်။
၁၉၄၅ ခုနှစ် မတ်လ (၂၄-၂၆)ရက်နေ့တွင် စိန်လုံကဘာကျေးရွာ၌ ကချင်တောင်တန်း ဒေသတွင် ဂျပန်စစ်တပ်သားများ အကုန်အစင်တိုက်ထုတ်နိုင်ခဲ့သည့် အထိမ်းအမှတ်အနေဖြင့် Padang Manau (အောင်ပွဲခံမနောပွဲ) ကျင်းပခဲ့ကြသည်။

ဆက်ပြီး အောက်မြန်မာပြည်၌ ကချင်စစ်တပ်ပါသည့် အင်္ဂလိပ်စစ်တပ်သားနှင့် Force 136 တို့မှ ကူညီသဖြင့် ၁၉၄၅ခုနှစ် သြဂုတ် (၁၄)ရက်နေ့ ဂျပန်ကို မြန်မာနိုင်ငံမှ အပြီးတိုက်ထုတ်နိုင်ခဲ့သည်။

စစ်တိုက်ပြီး အောင်ပွဲခံပြန်လာခဲ့ကြသည့် ကချင်စစ်တပ်သားများသည် ကချင်ပြည်သူလူထုနဲ့ အတူ မြစ်ကြီးနား၊ စီတာပူရပ်ကွက်တွင် သြဂုတ် (၁၄-၁၉) ရက်ကြား ၆ ရက်တိတိ “အောင်ပွဲခံ မနော” (Padang Manau) ပွဲကြီး ကျင်းပခဲ့ကြသည်။ (ယခုကျင်းပသည့် စီတာပူ မနောကွင်းကြီး မရှိသေး။) ရန်ကုန်ရှိ အင်္ဂလိပ် ဒုတိယ ဘုရင်ခံ Sir. Dorman Smith လည်း ပါဝင်ခဲ့သည်။

ထိုပွဲတွင် ကချင်လူမျိုးတို့သည် ဒုတိယအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သတ်မှတ်ပေးရန် ထပ်မံ တောင်းဆိုသည်။ ဘုရင်ခံမှ ပြည်နယ်သတ်မှတ်ပေးရန် ငြင်းဆိုခဲ့သည့်အပြင် “နင်တို့ဂျိမ်းဖော (ကချင်) တွေက ကိုယ်ပိုင်အုပ်ချုပ်ဖို့ ပညာမစုံသေးဘူး။ အဲဒါကြောင့် ဗမာကို လွတ်လပ်ရေးပေးပြီး နင်တို့ ဂျိမ်းဖော့တွေကို ချန်ထားလိုက်အုံးမယ်။ စိုက်ပျိုးရေးပညာ၊ ကျန်းမာရေးပညာတွေ သိလာအောင် အရင်သင်ပေးမယ်။ နင်တို့ ပညာစုံရင်၊ နင်တို့ နယ်မြေ၊ နင်တို့လက်ထဲ ပြန်အပ်ပေးမယ်။” ဟု ပြောခဲ့သည်။

တတိယအကြိမ်ဖြင့် ၁၉၄၆ခုနှစ် ဒီဇင်ဘာလဆန်း (၂)ရက်နေ့၊ မန်ခိန်ရပ်ကွက်၌ နယ်ခြားဒေသ ဆိုင်ရာ တောင်တန်းမင်းကြီး Mr.H.N.C. Stevenson ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သည်။ သို့သော် Mr.H.N.C. Stevenson က ငြင်းဆိုလိုက်သည်။

ဖဆပလ (ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်ရှိ အင်္ဂလိပ်အစိုးရထံ ဗမာပြည်မနဲ့အတူ တောင်တန်းဒေသတွေ လွတ်လပ်ရေး လိုချင်သည်ဟု တောင်းဆိုခဲ့ရာ အစိုးရမှ ပြည်မနဲ့ တောင်တန်းသားတွေ ဘဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဟု ဆို၍ ဗိုလ်ချုပ်ပြန်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်နိုင်ရန်အတွက် ဗမာ၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်းနှင့် ကချင် တိုင်းရင်းသားများ လက်ခံသဘောတူမှ လွတ်မြောက်နိုင်မည်ဟု ပြောဆိုကာ တိုင်းရင်းသားများနေထိုင်သည့် တောင်တန်းဒေသတို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင်  မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး တိုင်းရင်းသားများအား “Federal ပြည်ထောင်စု စနစ်ဖြင့် အုပ်ချုပ်သွားမည်ဟု အမျိုးသား တန်းတူညီမျှရေး ဆောင်ရွက်ခဲ့သည်။

နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ကချင်ခေါင်းဆောင်များမှ “ခင်ဗျားတို့ ဗမာတွေက၊ နေရာတိုင်းမှာ အရင်တတ်ကျွမ်းနားလည်တဲ့အတွက်၊ ငါတို့က ဘာမှမသိသေးတဲ့ ဂျိမ်းဖော့ (ကချင်)တွေ ညီအစ်ကိုရင်းပမာ ပံ့ပိုးပေးကြပါ။” ဟု ဆိုကာ ကချင်ခေါင်းပေါင်း ပေါင်း၊ ကချင်လွယ်အိတ်နဲ့ ဓါးလွယ် လွယ်ပေးကာ၊ ကချင်အမျိုးသမီး ၆ဦးဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြသည်။

အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ပြည်ထောင်စု ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၁၉၄၇ခုနှစ် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။

၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ စည်းဝေးလုပ်ရန်အတွက် နေရပ်ဌာနေ အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား ဖိတ်ကြားလိုက်သည်။

၁၉၄၇ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့ မြစ်ကြီးနား၌ ကချင်တိုင်းရင်းသား ခေါင်းဆောင်များစုဝေးကာ ပင်လုံစည်းဝေးသွားရန် ခေါင်းဆောင်ရွေးချယ်ခဲ့သည်။ မြစ်ကြီးနား မှ ခေါင်းဆောင် (၈)ဦးနှင့် ဗန်းမော်မှ ခေါင်းဆောင် (၄)ဦးသွားရောက်ခဲ့သည်။

၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁း၀၀နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အခြားဗမာခေါင်းဆောင်များနှင့်တူ ကချင်၊ ရှမ်း၊ ချင်းကိုယ်စားလှယ်များများအားလုံး  ပင်လုံညီလာခံ စတင်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက “တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိကြောင်း၊ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။” ဟု မိန့်ခွန်းပြောဆိုခဲ့သည်။ ယင်း “ပင်လုံစာချုပ်” ကိုအခြေခံတဲ့ ၁၉၄၇ အခြေခံဥပဒေအရ အင်္ဂလိပ်အစိုးရမှ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။

အခြေခံဥပဒေအရ ပုဒ်မ ၁/၆ တွင်ရေးသားသည့်အတိုင်း “မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များ ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ‘ကချင်ပြည်နယ်’ ဟုခေါ်ဆိုရမည်။” ဟု ရေးဖွဲ့ထားသည့်အတိုင်း မြစ်ကြီးနား အပိုင်း ၁၊ ၂ နှင့် ဗန်းမော် အပိုင်း ၁၊ ၂ တို့အား ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပေါင်းစည်းလိုက်ကာ ကချင်ပြည်နယ်ဟု သတ်မှတ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဟု ခေါ်ဆိုရာတွင် အင်္ဂလိပ် အစိုးရမှ မြစ်ကြီးနားမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ကို သတ်မှတ်ပေးခြင်းဖြစ်သည်။ အရှေ့လောင်ဂျီတွဒ် ၉၆ံနှင့် ၉၈ံ ၄၇’ ကြား၊ မြောက်လတ်တီတွဒ် ၂၃ံ ၃၇’ နှင့် ၂၈ံ ၃၂’ ကြားရှိပြီး ဧရိယာ စတုရန်း ၃၃၉၀၃ ခန့် ရှိသည်။ နယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည်တို့မှ နယ်မြေ သတ်မှတ်ယူကာ ကချင်ပြည်နယ် ဟု သတ်မှတ်လာခဲ့သညှ်။

Copy by : မှတ်စုစာအုပ်

ဘုရင့်နောင် ရှမ်းပြည်သို့ချီတက်ခြင်း

ဘုရင့်နောင် ရှမ်းပြည်သို့ချီတက်ခြင်း

ဘုရင်နောင် အင်းဝကိုရပြီးနော်က အုံးပေါင်ခွန်မှိုင်းစားသော စဥ့်ကူးမြို့ကို ရေကြောင်းဆန်၍ လုပ်ကြံစေပြန်သည်။ မြန်မာသက္ကရာဇ် ၉၁၆၊ အေဒီ (၁၅၅၄) ခုနှစ် တပေါင်းလခန့်တွင် ဗန်းမော်ရှမ်းပြည်ဘက်သို့ ချီရာ ဓိကျည်၊ ကောင်းတုံ၊ ကောင်းစင်၊ ငရင်၊ ဗန်းမော် စသည်တို့မှ လက်ဆောင်တို့ဖြင့် ခိုဝင်လာသည်။ ထို့နောက် မိုးကောင်း၊ မိုးညှင်း၊ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ လဲချား၊ မိုင်းကိုင် စသောရှမ်းပြည်နယ်တလွှားကို သိပ်ယူလေသည်။ အေဒီ ၁၅၅၇ တွင် မိုးနဲကိုရသော် ထားစင်ဆိပ်မှ သံလွင်မြစ်ကို ကူးပြီးလျှင် ဇင်းမယ်သို့ ချီ၍ လုပ်ကြံသည်။ အေဒီ ၁၅၅၈ ခုတွင် မင်းနှင့်တကွ မြို့ကိုရသည်။ ဇင်းမယ်မင်း ကို မင်းမြဲပြုစေ၍ ဇင်းမယ်တွင် ဗမာတပ်ကို အစောင့်အနေချထားကာပြန်လေသည်။ အပြန်တွင် ဇင်းမယ်သား ပညာသည်တို့ကို ခေါ်ခဲ၍ ဟံသာဝတီတွင် အကွက်ချ၍ နေစေသည်။ ထိုအခါမှစ၍ မြန်မာနိုင်ငံသို့ ဇင်းမယ် ယွန်းထည်ပညာ ရောက်လာသည်ဟု ဆိုကြသည်။

ဇင်းမယ်ကိုရလျှင် သိန္နီစော်ဘွားသစ္စာခံလာသည်။ အေဒီ ၁၅၅၉ ခုနှစ်တွင် ကလေး၊ မင်းကင်းနယ်ပယ်များကို ကသည်းစော်ဘွားက သစ္စာခံ၍ သမီးတော်ကိုဆက်သည်။ အေဒီ ၁၅၆၂ ခုတွင်တရုတ်ပိုင်ယူနန်နယ်ကို ချင်းနင်းဝင်ရောက်ကာ မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒား စသော ရှမ်း တရုတ် နယ်ပက်တို့ကို သိမ်းယူလေသည်။ ထိုဒေသတို့တွင် ဘုရင့်နောင်နှင့် သားတော်အိမ်ရှေစံ နန္ဒဘုရင်ကို အုပ်ချုပ်သော ဗမာတပ်သားတို့ တိုက်ခိုက်မှုများမှာ အံ့ဖွယ်သူရဲရှိလှကြောင်း ထိုခေတ်တရုတ်သမိုင်းတို့တွင် မှတ်တမ်းတင်ထားလေသည်။ အမှန်မှာ ဘုရင့်နောင်လက်ထက် ဗမာတပ်များသည် အရှအရှေပိုင်းတွင် တန်ခိုးထွားလျက်ရှိသော တရုတ် မင်မင်းဆက်၏ တပ်များကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲသဖြင့် အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ပြိုင်ဘက်ကင်းသော တပ်ဖြစ်လာခဲ့သည်ဟု ဆိုနိုင်ပေသည်။

သိမ်းသွင်းထားပြီးဖြစ်သော နယ်အသီးသီးမှ စစ်သားများကို စုဆောင်း၍ ဖွဲ့စည်းထားသောကြောင့် လွန်စွာတောင့်တင်းသော ဘုရင့်နောင်၏ တပ်သည် အေဒီ ၁၅၆၃ ခုနှစ်တွင်ယိုးဒယား ပြည်တောင်ပိုင်း ကိုချီတက်တိုက်ခိုက်သည်။ ဘုရင့်နောင်က ယိုးဒယားသည် မြန်မာတို့၏ လက်နက်နိုင်ငံဖြစ်ကြောင်း ထင်ရှားစေလိုသည့် သဘောနှင့် ယိုးဒယားတွင်ရှိသော ဆင်ဖြူလေးစီးမှ တစ်စီးတောင်းသည်ကို ယိုးဒယားတို့ မပေးသဖြင့် ချီတက်ခြင်းဖြစ်သည်။ ယိုးဒယားမင်းကိုယ်တိုင် ကွပ်ကဲတိုက်ခိုက်သော လုံကလိတပ်ကို သင်္ဘောသုံးစီးနှင့်တကွ ရသည်တွင် ယိုးဒယားမင်းလက်နက်ချ၍ ဆင်ဖြူတော်များကို ဆက်သည်။ ဤတွင် ဘုရင့်နောင်မင်းတရားသည် ဟံသာဝတီ ဆင်ဖြူများရှင် ဘွဲကိုခံယူရရှိသည်။ ယိုးဒယားကို အောင်ပြီးနောက် ဟံသာဝတီ ဆင်ဖြူများရှင်သည် ယိုးဒယားတော်ကြီး ဗြမဟိန်အား ယိုးဒယားကို မင်းပြုစေပြီးလျှင် တပ်သား ၃၀၀၀ ခန့်ပါဝင်သော ဗမာမြို့စောင့်တပ်တစ်ခုချထားခဲသည်။ ယိုးဒယားမင်းကြီး ဗြသာဓိရာဇာ၊ သားငယ် ဗြရာမသွန်၊ အမတ်ကြီး အောက်ဗြစက္ကီနှင့် ဆင်ဖြူလေးစီးကို ဆောင်ယူခဲ့သည်။ ထိုမှတပါး အနုပညာဆိုင်ရာ အဖိုးတန်ပစ္စည်း၊ ယိုးဒယားသား အချက်အပြုတ်၊ အတီးအမှုတ်၊ လက်မှုပညာတို့ ကို သားမယားနှင့်တကွ ဆောင်ယူခဲ့၍ အသီးသီး အကွက်အရပ်ချ၍ နေစေသည်။


ဘုရင့်နောင်သည် ရန်သူကိုပင် စိတ်သဘောထားကြီးစွာဖြင့် ခွင့်လွှတ်တော်မူတတ်သည့် ဝါသနာအတိုင်း ယိုးဒယားဘုရင် ဗြသာဓိရာဇာအား ရဟန်းဝတ်ခွင့်ပြုပြီးလျှင် ယိုးဒယားသို့ပြန်လို့သည် ဆို၍ ပြန်ခွင့်ပြုသည်။ သို့ရာတွင် ယိုးဒယားဘုရင်သည် ယိုးဒယားသို့ရောက်သော် လူသူလက်နက်စုဆောင်း၍ တော်လှန် ပုန်ကန်လေသည်။ အေဒီ ၁၅၆၈ ခုနှစ်တွင် ဘုရင့်နောင်သည် ယိုးဒယားသို့ ချီတော်မူ၍ ၁၀ လခန့် မြို့ကိုဝန်းရံ၍ မင်းနှင့်တကွ တစ်မြို့လုံးကိုရသည်။ ယိုးဒယား ကိုရ၍ လင်းဇင်းသို့ချီတော်မူသည်။

လင်းဇင်းမင်းဗြဲစဲစစ် ထွက်ပြေး၍ မရသော်လည်း မိဖုရား၊ သမီး၊ ကိုယ်လုပ်မောင်းမနှင့် မှူးမတ် ဆင်၊ မြင်း လူသူတို့ကို ရသည်။ မိဖုရား၊ သမိး၊ ကိုယ်လုပ်တော်များကို အသုံးအဆောင် အဝတ်အစား အစေအပါးပေးတော်မူ၍ နန်းတွင်းတွင် ကောင်းမွန်စွာထားတော်မူသည်။ လင်းဇင်းမင်းညီ မိုင်းခံစားစော်ဘွားအားလည်း အဆောင်အယောင် အခြံအရံ အိမ်ရာပေးတော်မူ၍ အပါးတော်တွင် မပြတ်မြဲစွဲစေသည်။ လင်းဇင်းမှရခဲ့သော လူတစ်ထောင်ကျော်ကိုလည်း အကြီးခေါင်းနှင့်အတူ အစုအကွက်ချ၍ အမှုတော်ကို ထမ်းစေလေသည်။

ယင်းသို့ ဇင်းမယ်၊ ယိုးဒယား၊ လင်းဇင်းတို့သို့ ထွက်၍ တိုက်တော်မူစဉ် ဟံသာဝတီတွင် ရှမ်းပြည် အရပ်ရပ်မှယူခဲသော သုံ့ပန်းလူအပေါင်းတို့သည် ပုန်ကန်ကြပြီး ဟံသာဝတိရှိ အဆောက်အဦးတို့ ကို မီးတိုက်ကြလေသည်။ ဘုရင့်နောင်မရှိခိုက် အင်းဝဘုရင်ဟောင်း နရပတိစည်သူနှင့် တာနောအမတ်တို့ ဦးစီး၍ သူပုန်တို့ကို တိုက်ရာ သူပုန်တို့ပျက်၍ ဒလသို့ပြေးသည်။ ဘုရင့်နောင် ကြားသိလေသော် ၉၂၇ခုတွင် ဟံသာဝတီသို့ပြန်၍ အပျက်အစီးများကို မြင်၍ ပြင်းစွာအမျက်ထွက်ပြီး နန်းတော်သို့ မဝင်တော့ပဲ ဒလသို့ချီသည်။ ပုန်ကန်သူ ၇၀၀ ကျော်သေ၍ ၇၀၀၀ ကိုလက်ရဖမ်းမိသည်။ ဗားတော်ဆရာတော် အမှူးရှိသောမွန် မြန်မာဆရာတော်များ၏ ဟောပြောချက်အရ သူပုန်ခေါင်းဆောင် ၇ ကျိပ်ကိုသာ ကွပ်မျက်သည်။ ကျန်သူပုန်များအား ကြောက်လန့်စေရန် မီးထင်းတိုက်ဟန်ပြုပြီးမှ ဆရာတော်၏ တောင်းပန်ချက်အရ ပြန်လွှတ်ပေးလေသည်။

ဘုရင့်နောင်သည် ရှမ်းပြည်တစ်ခွင်လုံးကို သိမ်းသွင်းပြီးနောက် အေဒီ ၁၅၅၉ ခုနှစ်တွင် ရှမ်းပြည်ကို ပြည်ထောင်အဖြစ် အောက်ပါအတိုင်း သတ်မှတ်ပေးခဲ့သည်။

၁. မိုးကောင်းနယ် ---------------- မြို့ပေါင်း ၉၉ မြို့ရှိသည်။
၂. မိုးညှင်းနယ် ------------------ မြို့ပေါင်း ၃၇ မြို့ရှိသည်။
၃. သောင်သွပ်နယ် -------------- မြို့ပေါင်း ၂၈ မြို့ရှိသည်။
၎. မိုးမိတ်နယ် -------------------မြို့ပေါင်း ၄၉ မြို့ရှိသည်။
၅. သိန္နီနယ် -------------------- မြို့ပေါင်း ၄၉ မြို့ရှိသည်။
၆. အုန်းပေါင် (သီပေါ) နယ် ------- မြို့ပေါင်း ၂၉ မြို့ရှိသည်။
၇. မိုးနဲနယ် --------------------- မြို့ပေါင်း ၃၇ မြို့ရှိသည်။
၈. ညောင်ရွှေန ----------------- မြို့ပေါင်း ၃၉ မြို့ရှိသည်။
၉. မိုးဗြဲနယ် -------------------- မြို့ပေါင်း ၃၉ မြို့ရှိသည်။

ကျိုင်းတုံကား ခေမရဋ္ဌတိုင်းဖြစ်၍ ရှမ်းပြည်အရှေ့ပိုင်း အုပ်ချုပ်ရေးတွင် ပါဝင်သည်။ မောပြည် (မိန်းမော) ကားတရုတ်လက်အောက်ခံသဖြင့် ထို ၉ နယ်တွင် မပါဝင်ချေ။

ရှမ်းပြည်တစ်လွှား၌ စော်ဘွားတို့ သေလျှင် စောဘွားစီးသော ဆင်မြင်း၊ ချစ်သောကျွန်တို့ကို သတ်ပြီး တွင်း၌ အတူမြုပ်သောအကျင့်ကိုလည်း တားမြစ်၍ သာသနာတော်ကို ဖြန့်ပေးသည်။

နိုင်ငံသမိုင်း၏ ထပ်တလဲလဲ ဖြစ်ပျက်တတ်သည့် သဘောတရားအလျောက် ဗမာတို့သည် ပုဂံပျက်ပြီးနောက် အနှစ် ၂၄၀ ခန့်ကြာမျှ နိမ့်ကျခဲ၏။ ဤကာလမှာ ရှမ်းအမျိုးသားတို့ ဝင်ရောက်ချိန်မှ စတင်ခဲ့သည်။ ဤကာလတွင်း ပုဂံခေတ်မှာကဲ့သို့ ဗမာတို့ ၏ အရည်အသွေး ထင်ရှားခြင်းမရှိခဲ့ပေ။

Copy by :ရှမ်းသမိုင်း

6.8.16

သားသားလေးဖတ်ဖို့

စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါမှတ်ပါ

-လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား .
ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ

-ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား .
သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ

-စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာာ
leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ

-စိတ်ဝင်စားတဲ့အလုပ်ကိုပဲ ရွေးလုပ်ပါ သား .
သားစိတ်မဝင်စားတဲ့ အလုပ်ကို ဘယ်သူက
ဘယ်လောက်ပဲ တွန်းအားပေးနေပါစေ
အကျိုးသင့် အကြောင်းသင့်ပြောပီး
ပြတ်ပြတ်သားသားနဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ .

-လူတွေကို အားမနာပါနဲ့ သား .
အားနာတယ်ဆိုတဲ့စိတ်က သားကို
ဘယ်တော့မှ ကောင်းကျိုးမပေးဘူး

-လူတွေကို တတ်နိုင်သလောက် မျှော်လင့်ချက် ကင်းကင်းနဲ့ ကူညီပါ .
ဒါပေမဲ့ သူတို့ဆီက ဘာမှပြန်ပီး မမျှော်လင့်ပါနဲ့

-ဘဝမှာ "မှား"သွားမှာကို မကြောက်ပါနဲ့သား .
လူတိုင်းမှားတတ်ကြပါတယ် . ဒါပေမဲ့မှားမှန်းသိရင်
အမှန်ပြင်နိုင်အောင် တတ်နိုင်သလောက်ကြိုးစားကြည့်ပါ

-လူတစ်ယောက်နဲ့ စကားပြောတဲ့ခါ
သဘောထားချင်းမတိုက်ဆိုင်တာတွေ့ရင် ခံမငြင်းပါနဲ့ သား
သူတို့ပြောတာပဲ နားထောင်ပေးလိုက်ပါ

-Manual Gearနဲ့ ကားမောင်းတတ်အောင် သင်ပါ .
ဘယ်ကားကိုမဆို မောင်းတတ်တဲ့ ယောကျာ်းတစ်ယောက်ပာာ
သိပ်ကို Style ကျတယ် အမေ့သား

-ကျန်းမာရေးအတွက်ရော body လှဖို့အတွက်ပါ အားကစားလုပ်ပါ သား .
ခန္ဓာကိုယ်တောင့်တင်းတဲ့ ယောကျာ်းတစ်ယောက်ပာာ
ဘယ်နေရာသွားသွား လူတောသိပ်တိုးတယ် ငါ့သား

-ရန်ဖြစ်ရင် သူများကို ဘယ်တော့မှစမထိုးပါနဲ့သား .
သူကလာစထိုးရင်တော့ ပြန်ထိုးခဲ့ပါ .. ယောကျာ်းသိက္ခာကျတယ် အမေ့သား

-ခရီးများများထွက်ပါ သား .သွားတိုင်းလဲ Camera တစ်လုံးယူဖို့မမေ့ပါနဲ့
ရောက်ခဲ့တဲ့ ဒေသတိုင်းရဲ့ အထင်ကရနေရာတွေကို ဓါတ်ပုံရိုက်ခဲ့ပီး ...
 ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို memory card ထဲ မသိမ်းထားပဲ
photo album လေးတစ်အုပ်အမြဲထုတ်ပါ.
အဲ့သည့်ဓါတ်ပုံတွေကို သားပြန်ထုတ်ကြည့်မိတိုင်း
"ငါဒီနေရာတွေကို ရောက်ခဲ့ပါလား" ဆိုတဲ့ အတွေးက
သိပ်ကြည်နူးစရာကောင်းတယ်

-ရည်းစားအများကြီး ထားကြည့်ပါ သား .
ဒါပေမဲ့ တစ်ယောက်ပီးမှ တစ်ယောက်ထားပါ

-သားချစ်သူကို ခဏခဏ ပန်းစည်းတွေ လက်ဆောင်တွေပေးပါ.
ထို့အတွက်ကုန်ကျတဲ့ ပိုက်ဆံကို မနှမြောပါနဲ့.
Romantic ဆန်တဲ့ ယောကျာ်းတစ်ယောက် ဖြစ်နေပါစေ

-အိမ်ထောင်ပြုတဲ့အခါ မိန်းမကောင်းရှာယူမယ်ဆိုတဲ့
စိတ်ကြီးမမွေးပါနဲ့သား . ယောကျာ်းကောင်းတစ်ယောက်ဖြစ်အောင်သာကြိုးစားပါ
မိန်းမကောင်းတစ်ယောက် သားအတွက် အလိုလိုပေါ်လာပါလိမ့်မယ်

-အိမ်ထောင်ဖက်ကို သားစိတ်တိုင်းကျ သေသေချာချာရွေးချယ်ပါ .
သားဘဝရဲ့ ၉၀% သော ပျော်ရွှင်မှုကို ဒီမိန်းကလေးဆီကပဲ ရမှာပါ.
စိတ်ထားဖြူစင်ပီး သဘောထားပြည့်ဝတဲ့
ယောကျာ်းကောင်းတစ်ယောက်ဖြစ်ပါစေ

Credit- Always Children products