ရွှေတံဆိပ်ဆုကို ကစားသမားတွေ ဘာလို့ကိုက်ပြီး အောင်ပွဲခံကြတာလဲ?
ရီယို နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ကျင်းပနေတာဟာ အခုဆို ၂ပတ်ကျော်လွန်လာပြီ ဖြစ်ပြီး နောက်၁ရက် ၂ရက်ဆိုရင်ပဲ ပြီးဆုံးတော့မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲတလျှောက်မှာ ရွှေတံဆိပ်ရရှိတဲ့ ကစားသမားတွေလဲ အများကြီး ပေါ်ထွက်ခဲ့ပါပြီ။ ကစားသမားတွေရဲ့ ဆုယူနေတဲ့ပုံတွေ၊ ပျော်ရွှင်စွာအောင်ပွဲခံနေတဲ့ပုံတွေကိုလဲ သတင်းတွေ ဂျာနယ်တွေမှာ မကြာမဏဆိုသလို တွေ့မြင်ကြရမှာပါ။
ဒီနှစ် အိုလံပစ်ရွှေတံဆိပ်ဆုရှင်တွေရဲ့ ဆုတံဆိပ်ကို ကိုက်ပြီးအောင်ပွဲခံခြင်းဟာ အရင်အိုလံပစ်တွေထက်ကို သိသိသာသာ ပေါ်ပြူလာ ဖြစ်လာခဲ့ပါတယ်။ ရွှေတံဆိပ်ကိုကိုက်ကြတဲ့အပြုအမူဟာ တစ်စုံတစ်ယောက်က သူတို့ရဲ့ရွှေတံဆိပ်ပြားတွေကို ရွှေရောင်ချောကလက်ပြားတွေနဲ့လဲယူထားနိုင်တယ်ထင်လို့ စစ်ဆေးနေကြတာတော့ မဟုတ်လောက်ပါဘူး။
အားကစားသမားတွေ ရွှေတံဆိပ်ကိုက်ကာအောင်ပွဲခံခြင်းနဲ့ ပတ်သတ်ပြီး နိုင်ငံတကာ အိုလံပစ်သမိုင်းကြောင်းအဖွဲ့အစည်းရဲ့ ဥက္ကဌ ဒေဗစ်ဝယ်လင်ချီစကီးက CNN သတင်းဌာနကို အခုလိုပြောကြားခဲ့ပါတယ်။
"ဒီအပြုအမူရဲ့ အဓိကအကြောင်းအရင်းကတော့ ဓာတ်ပုံဆရာတွေရဲ့အကြံဖြစ်ပုံရပါတယ်။ အရင်တုန်းက ရွှေတံဆိပ်ကို နမ်းရှုတ်နေတဲ့အမူအယာနဲ့ ဓာတ်ပုံအရိုက်ခံဖို့အကြံပေးရာကနေ အခုတော့ တံဆိပ်ကိုကိုက်ပြီး အောင်ပွဲခံတဲ့အထားနဲ့ ရိုက်ကူးလာကြတာဟာ အလေ့အထပုံစံတစ်ခုကနေ အထင်ကရအပြုအမူတစ်ခု ဖြစ်လို့လာပါပြီ"
"ရွှေအစစ်ဟုတ်မဟုတ် စစ်ဆေးကြည့်တဲ့အပြုအမူတော့ မဟုတ်လောက်ပါဘူး။ ပြန်လည်ရောင်းချလို့ရတယ်ဆိုပေမယ့် ကစားသမားတစ်ယောက်က ဒီလိုမျိုး ပြုလုပ်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့တော့ မထင်မိပါဘူး"
"ဒါပေမယ့် ရွှေအစစ်ဆုတံဆိပ်ပြားဟာ သတ္ထုထက်ပျော့တဲ့အတွက် အားကစားသမားတွေအနေနဲ့ သူတို့ရတဲ့ရွှေတံဆိပ်ဟာ အစစ်ဖြစ်ကြောင်းဂုဏ်ယူတဲ့အနေနဲ့ ကိုက်ကာပြတဲ့ အပြုအမူဟာ သမိုင်းမှာလဲထင်ရှားခဲ့ဘူးပါတယ်
No comments:
Post a Comment