28.2.14
ဆံပင်ဖြူ
တစ်ခါက လင်မယားနှစ်ယောက်ဟာ အသက်ကြီးမှ ကလေးတစ်ယောက်ရကြတယ်။ အသက် ၄၀ လောက်မှာပေါ့။ ကလေးကလဲ နဲနဲအသက်ကြီးလာတော့(၆ နှစ်လောက်ပေါ့) စူးစမ်းတဲ့အရွယ်မှာ မေးခွန်းတွေ ထုတ်တယ်။
တစ်နေ့တော့ သူ့အမေခေါင်းက ဆံပင်ဖြူနဲနဲကို တွေ့သွားသတဲ့။ တွေ့သွားတော့ သမီးကမေးတယ်။
" မေမေ့ ခေါင်းမှာ ဘာလို့ ဆံပင်တွေဖြူနေရတာလဲလို့ပေါ့ "
သူ့အမေက ကလေးကို မိဘစကားနားထောင်ပါစေ ဆိုတဲ့သဘောနဲ့
" သမီး မေမေ့ကို စိတ်မချမ်းသာအောင် တစ်ခါလုပ်ရင် မေမေ့ခေါင်းမှာ ဆံပင်တစ်ချောင်းဖြူဖြူလာတာပေါ့" လို့ပြန်ဖြေလိုက်သတဲ့
ကလေးကလဲ တစ်ခုခုကို စဉ်းစားနေတယ်။ ပြီးတော့မှ
" သမီးနားလည်ပါပြီမေမေ ဘွားဘွားခေါင်းမှာ ဘာလို့ တစ်ခေါင်းလုံး ဆံပင်ဖြူတွေချည်း ပေါက်နေရတာဆိုတာကိုပေါ့ "
မောင်စိုင်း

လူတွေရဲ့ Privacy တွေကိုအဓိကကာကွယ်ပေးမည့် Blackphone ထွက်ပေါ်လာပြီ
ယခုပြသလျှက်ရှိသသော Mobile World Congress (MWC) ပြပွဲတွင်လူတွေရဲ့ Personal Data တွေကိုအပြည့်အ၀ကာကွယ် ပေးနိုင်မဲ့ Blackphone ကိုစတင်မိတ်ဆက်ပြသခဲ့ကြောင်းသိရှိရသည်။
Android OS သုံးထားတဲ့ယင်းဖုန်းကို အမေရိကန်ဒေါ်လာ ၆၂၉ကျပ်နဲ့ရောင်း ချမှာ ဖြစ်ပြီးယင်းဖုန်းက WiFi ကနေတစ်ဆင့်သင့်ရဲ့ဖုန်းဒေတာတွေကို ခိုးယူလို့ မရအောင်ကာကွယ်ထား သည်ဟုသိရသည်။
”သင့်ရဲ့ ဒေတာတွေကိုသိမ်းဆည်းထားနိုင်ဖို့အတွက်ဖုန်းဆိုတာရှိလာတာပါ။ကျွန်တော်တို့ဟာ PGP(Pretty Good Privacy) လို့ခေါ်တဲ့ စနစ်တစ်ခုကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျှက်ရှိပါတယ်။ ကျွန်တော်တို့ဟာ Privacy Feature ထည့်ထားတဲ့ဖုန်းတွေကို ရောင်းတဲ့ဖုန်းကုမ္ပဏီမဟုတ်ပဲ ဖုန်းရောင်းတဲ့ Privacy ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ် “လို့ Blackphone Cofounder Phil Zimmer- mann ကပြောကြားခဲ့သည်။
အဆိုပါဖုန်းကိုထုတ်လုပ်ရန်စပိန်နိုင်ငံရဲ့ Smartphone ထုတ်တဲ့ Geeksphone နှင့် Silent Circle ကုမ္ပဏီနှစ်ခု Zimmermann တည်ထောင်ထားတဲ့ E-mail လုံခြုံရေးကုမ္ပဏီကပူးပေါင်းလုပ် ဆောင်သွားမည်ဟုသိရသည်။
ထိုဖုန်း တွင် Silent Circle Apps Tools ကိုထည့်သွင်းထားမှာဖြစ် ပြီးယင်းစနစ်ဟာ Voice ၊ Text ၊ E-mail နှင့်အခြားသောမိမိလုပ် ဆောင် သမျှလုပ်ငန်းတွေအားလုံးကိုမိမိတစ်ယောက်တည်းပဲသိအောင်လုပ်ပေးတဲ့ Apps တစ်ခုဖြစ်ပါသည်။
ဒါအပြင်အခြားသော Security ပိုင်းနဲ့ဆိုင်တဲ့စနစ်ပေါင်းမြောက်မြား စွာကိုထည့်သွင်းထားတဲ့အပြင်ထူးခြား တဲ့စနစ်တစ်ခုဖြစ်တဲ့ PrivatOS စနစ်ဟာသင် ဘယ်နေရာရှိနေတယ်ဆိုတာကိုဘယ် App နဲ့မှရှာလို့ မရအောင်လုပ်လို့ရသည် ဟုဆိုသည်။
လက်ရှိမှာတော့ KPN Mobile က ဘယ်(လ်)ဂျီယံ ၊ နယ်သာလန် နှင့် ဂျာမနီနိုင်ငံများမှာမကြာခင်စတင်ရောင်းချ တော့မည်ဟုကြေညာထားပြီး Blackphone ကို တကူးတကသုံးချင်တဲ့ Customer တွေကိုတော့ယင်းရဲ့ Offical Website မှာဝယ်ယူလို့ရမှာဖြစ်ကြောင်းသိရှိရပါသည်။
Credit to Tech Space Journal

25.2.14
ဖားကန့်တွင်တွေ့ရှိသော ၃၇ တန်ရှိ ကျောက်တုံး ကျောက်စိမ်းတုံးမဟုတ်ဘဲ သာမန်ကျောက်တုံးဖြစ်နေဟုဆို
----------------
မန္တလေး- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝေခါကျောက်မျက်မှော်တွင် ဖေဖော်ဝါရီ ၉ ရက်က တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေသူများ တွေ့ရှိခဲ့သော ၃၇ တန်ရှိ ကျောက်တုံးမှာ ကျောက်စိမ်းတုံးမဟုတ်ဘဲ ကျောက်စိမ်းအဆင့်မရောက်သေးဘဲ မောက်တုံးဆင့်သာရှိသည့် သာမန်ကျောက်တုံးတစ်တုံးသာဖြစ်ကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
“ကျောက်စိမ်းတုံးမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျန်တဲ့အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး”ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက် ညနေတွင်ပြောသည်။
ဖားကန့်မြို့နယ် ဝေခါကျောက်မျက်မှော်တွင် တွေ့ရှိသည့် ကျောက်တုံးကို ကျောက်စိမ်းတုံးအဖြစ် မှတ်ယူကြပြီး နိုင်ငံတော်အစိုးရက ထိန်းသိမ်းသွားရန်စီစဉ်ထားကာ ကျောက်တုံးစတင်တွေ့ရှိသည့်အချိန်မှစ၍ နယ်မြေခံရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဖားကန့်ဒေသ ကျောက်စိမ်းကျောက်မျက်ရုံးမှ တာဝန်ရှိသူများက လုံခြုံရေးတာဝန်ယူကာ စောင့်ရှောက်ထားခဲ့သည်။
ဖေဖော်ဝါရီ ၂၂ ရက် စနေနေ့တွင် ကျောက်တုံးကြီးအား မြေမှဖော်ယူရန်နှင့် သယ်ယူရန် လုပ်ဆောင်စဉ် ကျောက်တုံးကြီးမှာ အက်ကြောင်းများမှတစ်ဆင့် အလိုအလျောက် အစိတ်စိတ်အမြွှာမြွှာကွဲသွားခဲ့ပြီးနောက် ကျောက်စိမ်းမဟုတ်သည်ကို သိရှိရခြင်းဖြစ်ကြောင်း ယင်းကျောက်စိမ်းတုံးအား ထိန်းသိမ်းစောင့်ရှောက်သည့်အဖွဲ့တွင် ပါဝင်သည့် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
“စနေနေ့က သယ်ဖို့စီစဉ်တဲ့အချိန် ပဲ့ကျသွားတာ။ ကျောက်တုံးကြီးက ကျောက်စိမ်းတုံးအဆင့်ထိ မရောက်သေးတဲ့ မောက်တုံးကြီးဖြစ်နေတယ်။ ကျောက်စိမ်းအဆင့်ထိ မရောက်သေးဘူး။ ကျောက်စိမ်းဆန်တဲ့ မောက်တုံးပေါ့။ ကွဲသွားတဲ့အချိန်မှာ ကျောက်စိမ်းနဲ့တူတဲ့ အပိုင်းအစတွေ၊ ရိုးရိုးကျောက်တုံးစတွေ၊ မြေမာစတွေပါတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကလည်း “ဖေဖော်ဝါရီ ၂၂ ရက်က ကျောက်တုံးကြီးကိုသယ်ဖို့ ကရိန်းနဲ့မတဲ့အချိန်မှာ ပဲ့ကျသွားတယ်။ ပဲ့ကျသွားတဲ့အခါမှာ ကျောက်သားတွေက ကျောက်စိမ်းလို့ ပြောလို့မရဘူး။ ကျောက်သားတွေမှာ ကျောက်စိမ်းလို့ခေါ်နိုင်တဲ့ အရည်အသွေးမရှိဘူး။ အရည်ကိုက ကျောက်စိမ်းလို့မခေါ်နိုင်ဘူး။ အခုတော့ တာဝန်ရှိသူတွေက ကျောက်စိမ်းဟုတ်၊ မဟုတ် အသေအချာမပြောသေးဘူး။ ညှိနှိုင်းနေကြတယ်။ ပဲ့ကျသွားတဲ့ကျောက်စိမ်းတုံးကို မြစ်ကြီးနားကိုသယ်ဖို့ စီစဉ်နေကြတယ်”ဟု ပြောသည်။
ယင်းကျောက်တုံးကြီးမှာ လက်ရှိတွင် သက်တမ်းနုနေပြီး ကျောက်စိမ်းတုံးအဆင့်ထိ မဖြစ်သေးကြောင်း၊ မြေမာခဲများ၊ ကျောက်ခဲစများဖြင့် ကျောက်စိမ်းတုံးဖြစ်လာနိုင်သော်လည်း ကျောက်စိမ်းတုံးမဖြစ်မီ ကျောက်တုံးများကို ဖားကန့်ဒေသတွင် မကြာခဏတွေ့ရသည်ဟုဆိုသည်။ ယခုတွေ့ရှိသော ၃၇ တန်ရှိ ကျောက်တုံးမှာလည်း ကျောက်စိမ်းမဖြစ်သေးမီ ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း ဖားကန့်ဒေသ ဝေခါကျောက်မျက်မှော်မှ ကျောက်မျက်ကုန်သည်တစ်ဦးက ပြောကြားသည်။
“ကျောက်စိမ်းတုံးကြီးတွေ့တယ်ဆိုတဲ့သတင်းက တော်တော်ပျံ့နှံ့နေပြီ။ အဲဒါကြောင့် အခုကွဲသွားပြီး ကျောက်စိမ်းတုံးမဟုတ်မှန်းသိရတော့ အပိုင်းအစတွေသယ်ဖို့ လုပ်နေကြတယ်။ ဒီနေ့သယ်ပြီး လူကြီးတွေလာရင် ပြဖို့လုပ်နေကြတယ်”ဟု အမည်မဖော်လိုသည့် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကျောက်စိမ်းမဟုတ်သော်လည်း အပိုင်းအစများသယ်ယူရန် စီစဉ်နေ၍ ကျောက်စိမ်းတုံးတွေ့ရှိသည့်နေရာအနီးတွင် ခြံခတ်ထားပြီး လုံခြုံရေးများ ဆက်လက်တာဝန်ယူထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ကျောက်စိမ်းတုံးတွေ့ရှိပြီးနောက် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်မှော်များတွင် လုံခြုံရေးပိုမိုတင်းကျပ်ပြီး တစ်နိုင်တစ်ပိုင်ကျောက်မျက်ရှာဖွေသူများအား တားဆီးခြင်း၊ ဖမ်းဆီးကာ မိုးကောင်းဒေသသို့ ပြန်လည်ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ တပ်မအပြောင်းအလဲနှင့် ပြည်ထဲရေးဒုဝန်ကြီးလာရောက်ခဲ့မှုကြောင့် ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးလျော့သွားကြောင်း ဖားကန့်ဒေသခံများက ပြောကြားသည်။
“အခု ငါးရက်လောက်ရှိပြီ။ တစ်နိုင်သမားတွေ၊ ရေမဆေးသမားတွေ မဖမ်းဘူး။ တစ်နိုင်တစ်ပိုင်သမားတွေ၊ တော်တော်လေး လုပ်သာကိုင်သာရှိနေတယ်”ဟု ဖားကန့်ဒေသ ဆိုင်းတောင်ရွာမှ တစ်နိုင်တစ်ပိုင် ကျောက်ရှာဖွေသူတစ်ဦးကပြောကြားသည်။
ဖားကန့်ဒေသကို ယခင် တပ်မ ၁၀၁ က နယ်မြေစိုးမိုးရေးတာဝန်ယူခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ တပ်မ ၆၆ က ပြောင်းလဲတာဝန်ယူသွားကြောင်း၊ ထိုသို့ တပ်မပြောင်းသလို တပ်မမှူးအပြောင်းအလဲကြောင့် ဖားကန့်ဒေသ တစ်နိုင်တစ်ပိုင်သမားများကို လတ်တလော ဖမ်းဆီးမှုမရှိဘဲ အေးချမ်းနေကြောင်း ဖားကန့်ဒေသခံများကပြောကြားသည်။
7Day News Journal

စီးပွား ကြိုးစားသူများ ရှောင်ရှားရန် ၃ ချက်
------------------------------------------
Grant Cardone လို့အမည်ရတဲ့ စီးပွားရေးဆိုင်ရာ ဆောင်းပါးနဲ့ စာရေးဆရာ ပြောတဲ့ ရန်သူ ၃ မျိုးပါ။ စီးပွားစွန့်ဦးတီထွင် ကြိုးစားနေသူ (Entrepreneur) များအတွက် ရှောင်ရှားရမယ့် ရန်သူ ၃ မျိုး ဖြစ်ပါတယ်။ အဲဒါတွေ ကတော့ -
စိုးရိမ်ပူပန်စိတ်
စိုးရိမ်ပူပန်စိတ်ဟာလည်း အကြီးမားဆုံး ရန်သူ တစ်ခု ဖြစ်ပါတယ်။ အလုပ်ဖိစီးမှု၊ ပြဿနာ မဖြေရှင်းနိုင်မှုက စိုးရိမ်စိတ် ဖြစ်ဖို့ အတွက် ထောက် ပံ့တဲ့ အကြောင်းပြချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အရာကိစ္စတိုင်းမှာ စိုးရိမ်၊ အပူပင်ကင်းစွာ ဖြေရှင်းနိုင်ခြင်းက ရန်သူ တစ်ပါးကို တိုက်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။
သက်သောက်သင့်သာ ရှိမှု
သက်သောက်သက်သာ ရှိတာက သူ့ဘာသူ ရှိတာပါ။ သို့ပေမယ့် အဲ့ဒီအရာကို ကြိုက်နှစ်သက်ပြီး လိုက်လံ စီးမြောခံစားနေရင် ရန်သူတစ်ပါးကို ရှုံးနိမ့်လိုက်ပါပြီ။ ထိုင်ခုံရာထူး တစ်ခုမှ အေးအေးဆေးဆေး ရှိနေမယ်။ သို့တည်းမဟုတ် လက်ရှိ ဘဝနေထိုင်မှု ပုံစံက ကိုယ့် အတွက် အေးအေးဆေးဆေး ဖြစ်မယ်လို့ သတ်မှတ်ပြီး ရွေးချယ် လိုက်မိပြီ ဆိုရင် ဘယ်အတွေးအခေါ် အိုင်ဒီယာသစ်မှ မထုတ်နိုင်တော့ပါဘူး။ သူငယ်ချင်း မိတ်ဆွေ အရင်းတွေနဲ့ပဲ အချိန်ဖြုန်းနေမယ့်အစား မိတ်ဆွေ အသစ်၊ Customer အသစ်များ ရှာဖွေလို့ ကွန်ရက်ချဲ့  ထွင်တာမျိုးလို့ လုပ်ဖို့ စိတ်အားထက်သန်နေရ ပါမယ်။ သက်သောင့်သက်သာ ရှိတဲ့ အရာတွေကို သာ ရွေးချယ်လုပ်ကိုင်တတ်ခြင်းဟာ Entrepreneur တွေကို ကျရှံးစေခြင်း အကြောင်းတရား တစ်ခုပဲ ဖြစ်ပါတယ်။
ရောင့်ရဲ တင့်တိမ်မှု
ကိုယ်က အရမ်းကြိုးစားနေတယ်။ ဒါကို သိမြင်တဲ့ ကုမ္မဏီတစ်ခုက ကိုယ့်ကို ရာထူးကြီးကြီးနဲ့ ခေါ်လိုက်ပီး သက်လဲ သက်သာတယ်။ လစာ လည်း ကောင်းတယ်။ ရှယ်ပဲဆိုပြီး ရွေးလိုက်တာနဲ့ ဘယ်တော့မှ စီးပွားရေး လုပ်ငန်းရှင် မဖြစ်တော့ပါဘူး။ သူတစ်ပါး ခိုင်းဘက်ဘဝနဲ့ တစ်သက်လုံး နေ သွားရမှာပါ။ဒါကိုလည်း တော်ပါပြီလေလို့ ရောင့်ရဲတတ်မှုကလည်း ရှိပါသေး တယ်။ အချို့ ကျတော့လည်း လုပ်တာတော့ လုပ်လိုက်တယ်။ အခြေအနေ တစ်ခု၊ ပန်းတိုင်တစ်ခုကို ရောက်ပြီးတာနဲ့ အနားယူသင့်ပြီး၊ ရောင့်ရဲ သင့်ပြီလို့ တွေးပြီး နေလိုက်ပြီဆိုရင် complacency က ကိုယ့်ကို တိုက်ခိုက်အောင်မြင်သွားပါပြီ။
ဒီတော့ အနှစ်ချုပ်အားဖြင့် စိုးရိမ်စိတ်၊ သက်သောက်သက်သာနဲ့ ရောင့်ရဲ တတ်စိတ် အစရှိတဲ့ ၃ ချက်က Entrepreneur တို့အတွက် ရန်သူ များဖြစ်တာမို့ ခွန်အားရှိသလောက် တွန်းလှံပြီး တိုက်ခိုက်သွားဖို့ လိုအပ် ပါတယ်။
.
Ref: Entrepreneur.com
Credit to အောင်ခမ်း (ရိုးရာလေး)

23.2.14
20.2.14
“ ဈေးမှ သားငါးကို ၀ယ်ယူစားသောက်ခြင်း ”
••••••••••••••••••••••••••••••••••••
အရှင်ဘုရား၊ ဈေးမှ သားငါးကို ၀ယ်ယူစားသောက်ခြင်း၊
အလှူလုပ်ရန် သားငါး ကြိုတင်မှာထားခြင်း၊
မိမိအတွက် သတ်၍ ချက်ပေးသော အသားဟင်းများကို
သိလျက်နှင့် စားခြင်းတို့ကြောင့် ပါဏာတိပါတကံ
ထိုက်ပါသလား။
(ဖြေ)
ဒုစရိုက် မကောင်းမှုပြုရာ၌
(၁) ကိုယ်တိုင်ပြုခြင်း။
(၂) သူတပါးကို ခိုင်းခြင်း။
(၃) သူတပါး ပြုချင်လာအောင် အကျိုးကျေးဇူးဂုဏ်ကို ပြောခြင်း။
(၄) သူတပါးပြုသည်ကို သဘောတူခြင်း။
ဤသို့ ၄-ပါးရှိ၏။
ဈေးမှ သားငါးကို ၀ယ်ယူစားသောက်ခြင်းသည်
ထို ၄-ပါးတွင် မပါဝင်သောကြောင့် ပါဏာတိပါတကံ မထိုက်ပါ။
အလှူလုပ်ရန် ကြိုတင်၍မှာခြင်းကား ပို၍ သတ်လိုက်ပါ-ဟု
စေခိုင်းရာလည်း ရောက်၏။ ငွေပေးမည်ဖြစ်သောကြောင့် ပို၍
သတ်ချင်လာအောင် ဂုဏ်ကျေးဇူးကို ပြောရာလည်း ရောက်၏။
ထို့ကြောင့် ပါဏာတိပါတကံ ထိုက်သည်။
(ဤအလုပ်မျိုးကို အလှူရှင်ကိုယ်တိုင်ဖြစ်စေ၊
အလှူရှင်၏ လူယုံတော်ဖြစ်စေ လုပ်တတ်ကြလေသည်။
ဝမ်းနည်းဖွယ် ကောင်းလေစွ)။
မိမိအတွက် သတ်၍ ချက်ပေးသည်ကို သိလျက် စားခြင်း၌
လူဝတ်ကြောင်များအတွက် ထိုသို့ပြုသည်ကို သဘောတူလျှင်
ပါဏာတိပါတကံ အဖြစ်သို့ မရောက်သော်လည်း
သဘောတူခြင်းကြောင့် ပါဏာတိပါတ ဒုစရိုက် (မကောင်းမှု) ဖြစ်၏။
ရဟန်းတော်များကား ထိုသို့သိလျက်စားလျှင် အာပတ်လည်းသင့်သည်။
မသိ၍ စားလျှင် မည်သူမျှ အပြစ်မရှိ။
(ကံထိုက်လျှင် အပါယ်ကျခွင့်ရှိ၏။
ကံမထိုက်ဘဲ မကောင်းမှု ဒုစရိုက်ဖြစ်ရုံကား
အပါယ်ကျ လောက်အောင် အပြစ်မကြီးဟု
သာမညအားဖြင့် ခွဲခြားရသည်။)
ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)

အများကြီး ဆုပ်ကိုင်မထားပါနဲ့
ကိုယ့်ဘ၀ခရီးလျှောက်လှမ်းနေတဲ့
အချိန်မှာ ကိုယ့်အပေါ်ကောင်းတဲ့သူလည်းတွေ့ချင်တွေ့မယ်။
ဆိုးတဲ့သူလည်း တွေ့ချင်တွေ့မယ်။
အမြဲတမ်းကိုယ့်အပေါ် ချစ်နေတဲ့သူ၊ ကောင်းနေတဲ့သူ
တွေ့ဖို့၊ ဆုံဖို့၊ ကြုံဖို့ ဆိုတာ အင်မတန်မှ ခဲရင်းပါတယ်။
ရခဲ့ရင်တော့ အင်မတန်မှ ကံကောင်းတဲ့သူဖြစ်သွားတယ်။
ကိုယ့်အပေါ် အရမ်းကောင်းနေလို့လည်း
အများကြီး မမျှော်လင့်စေချင်ဘူး။
မကောင်းတဲ့သူအတွက်လည်း အများကြီး မခံစားရအောင်
နှလုံးသွင်းတတ်ဖို့ လိုတယ်။
ဒီလိုမှ မဟုတ်ရင် ကောင်းတာ၊ ဆိုးတာ အပေါ်ကို
လိုက်ပြီး ကိုယ့်စိတ်မှာ အများကြီး ခံစားရတယ်။
ဖြစ်ပြီးရင် ပျက်သွားမယ်။ တွေ့၊ ဆုံ၊ ကြုံ၊ ကွဲဆို တဲ့
သဘောတရားက လောကရဲ့ နိယာမပဲလို့
ခဏလေးပဲဖြစ်ဖြစ် နှလုံးသွင်းတတ်ရင်၊
နှလုံးသွင်းမိရင် စိတ်သက်သာရာ ရပါတယ်။
“ဌေး”သာမဏေကျော်ဆရာတော်

ကိုယ့်ကိုမကောင်းတာပြုရင် မကောင်းခြင်းနဲ့ တုန့်ပြန်ရမယ်၊ ဒါဟာ လူရိုင်းများရဲ့ သံမဏိမူဝါဒ ၊
ကိုယ့်ကို အကောင်းလုပ်ရင် အကောင်းပြန်တုန့်ပြန်ရမယ်၊ ဒါဟာ လောကီဆန်တဲ့ပုဂ္ဂိုလ်များရဲ့ ငွေသားနဲ့ထုထားတဲ့ မူဝါဒ၊
ကိုယ့်ကို မကောင်းလုပ်ပေမယ့်လည်း အကောင်းနဲ့တုန့်ပြန်တယ် ဆိုတာကတော့ တရားရှိတဲ့လူကောင်းများရဲ့ရွှေနဲ့ထုတားတဲ့ မူဝါဒတဲ့ ။
ဘားအံ | ဇန်န၀ါရီ - ၁၈
[ ဒေါ်အောင်ဆန်းစုကြည် သူမငယ်စဉ်က သင်ယူခဲ့ရတဲ့ အင်္ဂလိပ် ကဗျာ တစ်ပုဒ်ကို ဗမာဘာသာပြန်ဆိုပြီး လူထုမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ ]

မတန်မရာမှန်းခဲ့မိလို့
အပြန်တစ်ရာမကတဲ့ဒဏ်တွေလည်း ငါခံခဲ့ရပြီ..
ချန်ခဲ့သူမရှိလည်း
ကျန်ရစ်သူငါဖြစ်ခဲ့ဖူးပြီ..
ငါထိုက်လို့စံရမယ့်အချိန်မှ
ဘာကြောင့်များဝင်မလာရဲရတာလဲချစ်သူ..
မင်းလာမယ့်လမ်းပန်းမခင်းနိုင်ပေမယ့်
ငါ့ရဲ့ကျောကိုတံတားခင်းထားတာပဲ
ရဲဝင့်စွာဝင်လာခဲ့ပေါ့..
မနေချင်မှပြန်ထွက်သွားပါ
ငါမတားရက်တာလည်း
မင်းအသိပါချစ်သူရယ်....
# ပြောင်းပြန်
အပြန်တစ်ရာမကတဲ့ဒဏ်တွေလည်း ငါခံခဲ့ရပြီ..
ချန်ခဲ့သူမရှိလည်း
ကျန်ရစ်သူငါဖြစ်ခဲ့ဖူးပြီ..
ငါထိုက်လို့စံရမယ့်အချိန်မှ
ဘာကြောင့်များဝင်မလာရဲရတာလဲချစ်သူ..
မင်းလာမယ့်လမ်းပန်းမခင်းနိုင်ပေမယ့်
ငါ့ရဲ့ကျောကိုတံတားခင်းထားတာပဲ
ရဲဝင့်စွာဝင်လာခဲ့ပေါ့..
မနေချင်မှပြန်ထွက်သွားပါ
ငါမတားရက်တာလည်း
မင်းအသိပါချစ်သူရယ်....
# ပြောင်းပြန်
19.2.14
မောင်စိန်ဝင်း - ပုတီးကုန်း
ငှက်တို့၏တေး
----------------
မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ။
တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
(ငှက်ဆိုတာကတော့ ...) ပျံရင်းသေ။
ကဆုန်ဆိုင်းသလိုပေါ့
မုန်တိုင်းက ရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း။
ခြင်္သေက မြက်မစား
ကျားက ကြွက်မချောင်း
မိချောင်းက ဖွတ်လိုမနေ
အိုးဝေ..အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်းပါလို့
ပျံရင်းသေ ခရီးဆက်မယ်တဲ့
(အဲဒါ..) ငှက်တို့ရဲ့သမိုင်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
----------------
မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ။
တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
(ငှက်ဆိုတာကတော့ ...) ပျံရင်းသေ။
ကဆုန်ဆိုင်းသလိုပေါ့
မုန်တိုင်းက ရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း။
ခြင်္သေက မြက်မစား
ကျားက ကြွက်မချောင်း
မိချောင်းက ဖွတ်လိုမနေ
အိုးဝေ..အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်းပါလို့
ပျံရင်းသေ ခရီးဆက်မယ်တဲ့
(အဲဒါ..) ငှက်တို့ရဲ့သမိုင်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
တာရာမင်းဝေ
ခ..ကဗျာ..
ခင်တွယ်သူ
ခွဲသွားတဲ့ အသည်းက
ခွက်တစ်င်္လုးလို
ခွမ်းကနဲ..အစိတ်စိတ်အမွာမွာ…
ခုလိုအချိန်မှာ ..
ခက်ထန်နေတဲ့..စိတ်တွေ..
ခွင့်ပေးလိုက်မယ်ဆိုရင်
ခုန်ပေါက်နေတဲ့ မြင်းရိုင်းတစ်ကောင်ကို
ခမ်းခမ်းနားနား မြင်ရလိမ့်မယ်..
ခုတ်ထစ်ခြင်းင်္ခရတဲ့
င်္ခစားချက်တွေက
င်္ခုမင်စရာ…တစ်ခုမှမရှိ
ခင်တွယ်စရာ..တစ်ခုမှမရှိ..
ခြားနားခဲ့တာတောင်
ခုချိန်ထိ..စိတ်ရိုင်းကို
ခ၀ါချလို့..မရတဲ့ကောင်..အိပ်နေတာပဲ
လောကကြီးငြိမ်းချမ်းမှာပါဗျာ…..။
( တာရာမင်းဝေ )
ခင်တွယ်သူ
ခွဲသွားတဲ့ အသည်းက
ခွက်တစ်င်္လုးလို
ခွမ်းကနဲ..အစိတ်စိတ်အမွာမွာ…
ခုလိုအချိန်မှာ ..
ခက်ထန်နေတဲ့..စိတ်တွေ..
ခွင့်ပေးလိုက်မယ်ဆိုရင်
ခုန်ပေါက်နေတဲ့ မြင်းရိုင်းတစ်ကောင်ကို
ခမ်းခမ်းနားနား မြင်ရလိမ့်မယ်..
ခုတ်ထစ်ခြင်းင်္ခရတဲ့
င်္ခစားချက်တွေက
င်္ခုမင်စရာ…တစ်ခုမှမရှိ
ခင်တွယ်စရာ..တစ်ခုမှမရှိ..
ခြားနားခဲ့တာတောင်
ခုချိန်ထိ..စိတ်ရိုင်းကို
ခ၀ါချလို့..မရတဲ့ကောင်..အိပ်နေတာပဲ
လောကကြီးငြိမ်းချမ်းမှာပါဗျာ…..။
( တာရာမင်းဝေ )
>> ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဝေခါ ကျောက်မျက် မှော်လုပ်ကွက်မှာ
တနိုင်တပိုင် ကျောက်တူးဖော်သူတွေက တန်ချိန် ၁၂ တန်လောက်ရှိတဲ့
ကျောက်စိမ်းတုံးကြီး တစ်တုံးကို တွေ့ရှိခဲ့ <<
ဒီကျောက်စိမ်းတုံးကြီးဟာ တနိုင်တပိုင် ကျောက်တူးသူတွေ တွေ့ခဲ့ ဖူးတဲ့ ကျောက်စိမ်းတွေထဲမှာ အကြီးဆုံးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီကျောက်စိမ်းတုံးကို တွေ့ခဲ့တဲ့ နေရာမှာပဲ စစ်တပ်အစောင့်အရှောက်နဲ့ အစိုးရက ထိန်းသိမ်းထားပါတယ်။
ဒီ ကျောက်မှော်မှာ တူးဖော်နေသူတွေကတော့ အခု တွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံးဟာ တန်ချိန် ၁၂ တန်လောက် ရှိတယ်လို့ ဆိုပါတယ်။
Source: BBC Burmese

ပြည်ပဆက်သွယ်ရေးကုမ္ပဏီ ၂ခုမှ ရက်ပေါင်း ၁၈၀ အတွင်း စတင်ရောင်းချမည့် ဝန်ဆောင်မှုများကို ပြည်သူအများ စိတ်ဝင်စားနေကြ
========================================
မိုဘိုင်းသုံးစွဲမှုနိမ့်ပါးနေသည့် မြန်မာနိုင်ငံတွင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ နှစ်ခုတို့ အနေဖြင့် ရက်ပေါင်း ၁၈၀ အတွင်း ဆင်းမ်ကတ်များ စတင်ရောင်းချမည်ဟု တရားဝင်ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ပြည်သူများ အနေဖြင့် အဆိုပါ ကုမ္ပဏီ နှစ်ခုမှ ထုတ်လုပ်ရောင်းချမည့် မိုဘိုင်းဖုန်း ဆင်းမ်ကတ်ဝန်ဆောင်မှုများကိုသာ စောင့်မျှော်နေကြကြောင်း စုံစမ်းသိရှိရသည်။
ပြည်ပဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုမှာ ကြည်လင်သောဖုန်းလိုင်း နှင့် ကောင်းမွန်သော အင်တာနက်ဝန်ဆောင်မှုများကို စိတ်ဝင်စားကြောင်း ဒဂုံတက္ကသိုလ်တွင် တက်ရောက်နေသူ ဒုတိယနှစ်ကျောင်းသား ကိုဇော်ဇော်ကပြောသည်။ "ကျွန်တော်ကတော့ လိုင်းသိပ်မကောင်းတဲ့ ဖုန်းတွေကို သိပ်စိတ်မဝင်စားဘူးဗျ။ ပိုက်ဆံပေးသုံးရတာပဲ။ ကောင်းတာပဲသုံးမှာပေါ့။ တယ်လီနောရော ၊အော်ရီဒူးက အဲဒါတွေကောင်းမယ်လို့ ပြောထားတာပဲ။သူတို့ကတော့ပြောတဲ့ အတိုင်း လုပ်မယ်ထင်တယ်။ အဲဒီတော့ သူတို့ ဝန်ဆောင်မှုကိုစောင့်ပြီးသုံးတော့မယ်" ဟု ဆိုသည်။
လမ်းမတော်မြို့နယ် ၊ဘုန်းကြီးလမ်းတွင် ကွမ်းယာဆိုင်ဖွင့်လှစ်ထားသူ ကိုဇော်မင်းက " အကိုတို့ က လက်လုပ်လက်စားတွေပဲကွာ။ ၁၅၀၀ တန်ဖုန်း တွေကို သိန်းချီပြီးမဝယ်နိုင်ဘူး။ ဂျာနယ်တွေထဲမှာ ဖတ်ရသလောက်တော့ နောက်ထပ် ၆လလောက်ဆိုရင် နိုင်ငံခြားကုမ္ပဏီ တွေက ဖုန်းရောင်းမယ်ပြောတယ်လေ။အဲဒါပဲစောင့်တော့မယ်" ဟု ပြောသည်။
ကုမ္ပဏီဝန်ထမ်းတစ်ဦးက "အစ်မက အခု ၂သိန်းတန်ဖုန်းကိုင်တယ်လေ။ ဒါပေမယ့် တယ်လီနောက ဖုန်းတွေထွက်လာရင်ဝယ်မှာပါ။ ဘာလို့လဲဆိုတော့ အခုဖုန်းက အင်တာနက်လိုင်း လုံးဝမကောင်းဘူး ။ တယ်လီနောက အင်တာနက်လိုင်း ကောင်းမွန်စေရမယ်လို့ ပြောထားတယ်လေ။ ပြီးတော့ကုန်ကျစရိတ်(ဘီလ်) လည်း သိပ်ပြီးကုန်မှာ မဟုတ်ဘူးလေ" ဟုပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လစဉ် မိုဘိုင်း ဆင်းမ်ကတ်များကို ပုံမှန်အတိုင်း ဆက်လက်ရောင်းချသွားမည်ဟု ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် လည်း ပြည်သူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချနေသည့် တန်ဖိုးနည်း ဆင်းမ်ကတ်များထက် ပြည်ပကုမ္ပဏီ ၂ ခုမှ ရောင်းချမည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စောင့်မျှော်နေကြခြင်းလည်းဖြစ်သည်။
လာမည့် ၆ လအတွင်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်များစတင်ရောင်းချမည့် အော်ရီဒူး မြန်မာ ကုမ္ပဏီမှာ ဆင်းမ်ကတ်တစ်ခုလျှင် ကျပ် ၁၅၀၀ ကျပ်ဝန်းကျင်ဖြင့် အလွယ်တကူ ဝယ်ယူရနိုင်ရန် ရောင်းချသွားမည်ဖြစ်ပြီး တစ်မိနစ်လျှင် ၂၅ ကျပ်အောက် လျော့နည်းသည့် ဈေးနှုန်းမျိုးဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ၊လာမည့် ၈ လအတွင်း မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို စတင်ရောင်းချမည့် တယ်လီနောမြန်မာ ကုမ္ပဏီ မှလည်း ဆင်းမ်ကတ်တစ်ခုကို ၁၅၀၀ ကျပ် ၊ တစ်မိနစ်လျှင် ၂၅ကျပ်နှုန်းဖြင့် နည်းပါးသော ဈေးနှုန်းဖြင့်ကောက်ခံမည်ဖြစ်ကြောင်း ၊ ထို့ပြင်တယ်လီနော မှ အင်တာနက်တစ်ပါတည်း ဆင်းမ်ကတ် နှင့် ရိုးရိုးဆင်းမ်ကတ်ဟူ ၍ နှစ်မျိုးခွဲကာ ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
Credit to TechSpace Journal
16.2.14
15.2.14
ခံစားမှုအတိုများ
ကမ္ဘာဦးလူသားတွေ
နေဝင်ချိန်ကိုကြည့်ရင်းငိုကြွေးခဲ့ကြတယ်
မနက်ဖြန်နေထွက်လာဦးမယ်ဆိုတာသူတို့ မသိကြသေးခင်ပေါ့
တဖြည်းဖြည်းနဲ့သူတို့ သိလာကြတယ်
မငိုကြွေးကြတော့ဘူး နေဝင်ပီး နောက်နေ့မနက်မှာနေလုံးကြီးကိုပြန်မြင်
တွေ့ရလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်.....
မိုးခေါင်နေတဲ့ရွာလေးတစ်ရွာမှာ မိုးရွာစေဖို့ဝိုင်းပီးဆုတောင်း
ကြတယ် ကလေးငယ်တစ်ယောက်က
ထီးယူလာတယ် ဒါလည်းယုံကြည်ချက်ပါ.........
တခါတလေတော့ယုံကြည်ချက်ဆိုတာ
နာကျင်စရာတွေရဲ့နောက်မှာ မွေးဖွား
လာတဲ့ ငြိမ်းချမ်းသောခံစားချက်တစ်ခုပါ..........
#zechan

အမှတ်တရလေးများ
အမှတ်တရဆိုတာ ခွဲခွါချင်းရဲ့အဓိပ္ပါယ်ပါ
ထွက်ခွါသူနဲ့ ကျန်ရစ်သူကြားမှာ အမှတ်တရဆိုတဲ့သင်္ကေတလေးတွေရှိနေစမြဲပါ...
အလွမ်းဆိုတာက ခါးသက်လှပေမယ့် မပီးဆုံးနိုင်သောအိမ်မက် မကုန်ဆုံးနိုင်သော
မျော်လင့်ချက်တို့ရဲ့ အဓိပ္ပါယ်ပါ...
အနေဝေးနေကြပေမယ့် သူပေးထားတဲ့အမှတ်တရလေးတွေက သူနံဘေးမှာရှိနေသလိုပဲ သူ့ရဲ့အငွေ့အသက်ကိုသယ်ဆောင်လာပေးမှာပါ...
ဒါကြောင့်မျော်လင့်ချက်ဆိုတာရှိရင် အလွမ်းဆိုတာလည်းရှိနေဦးမှာဖြစ်သလို
အမှတ်တရလေးတွေဆိုတာလည်း ရှိနေဦးမှာပါ....

နာကျင်မှု့
သံသယတွေကြားမှာ
သံယောဇဉ်တွေတောင်အရည်ပျော်နေပီ...
ယုံကြည်မှုတွေပျက်ကုန်မှတော့
ရင်နာခံပြီးငါမလွမ်းတော့ပါဘူး..
နာကျည်းတယ်ဆိုတာငါမသိပေမယ့်
ငါအရမ်းနာကျင်ကြေကွဲရတာတော့အမှန်ပါပဲ....
#ပြောင်းပြန်
Subscribe to:
Posts (Atom)