26.4.14
10.4.14
7.4.14
စာအုပ်တွေနဲ့ အဖိုးအို နှစ်ယောက်
ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ။ တက္ကသိုလ်ကျောင်းသားပေါ့။ ကျွန်တော်က စာဖတ်တာကို အရမ်းဝါသနာပါတယ်။ ကျောင်းတက်ရင်းနဲ့ တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင် စာအုပ်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ်။ အားရင်ဆိုင်ထဲက စာအုပ်တွေလဲဖတ်တာပေါ့။
တစ်နေ့ကျတော့ ပေါက်ပြဲနေပြီးတော့ ချေးတွေ အထပ်ထပ်နဲ့ အကျီဝတ်ထားတဲ့ အဖိုးအိုတစ်ယောက်က ဆိုင်ကိုလာပြီးတော့ စာအုပ်တော်တော်များများကို ၀ယ်ယူသွားသတဲ့။ ၀ယ်သွားတဲ့စာအုပ်တွေရဲ့ တန်ဖိုးကလဲ နည်းနည်းနောနောမဟုတ်ဘူး။ ဒါနဲ့ ကျွန်တော်က အဖိုးအိုကိုမေးတယ်။" အဖိုးက စာအုပ်တွေကျတော့ အများကြီးဝယ်ပြီးတော့ အကျီလေးအသစ်တစ်ထည်တောင် ၀ယ်မ၀တ်နိုင်ဘူးလား" လို့မေးတယ်။ အဖိုးအိုကတော့ ပြုံးပြပြီးတော့ " ကောင်လေး မှတ်ထား အကျီအသစ်ဝယ်တာထက် စာအုပ်အသစ်ဝယ်တာက ပိုပြီးတော့ အကျိုးအမြတ်ဖြစ်စေတယ်" ပြီးတော့အဖိုးအိုက သူ့အိမ်ကိုခေါ်သွားသေးတယ်။ အိမ်က တော့ စုတ်စုတ်ပျက်ပျက်ပါဘဲ။ ဒါပေမယ့် အိမ်ထဲမှာ စာအုပ်တွေပြည့်နေတယ်။ သူလဲ အဖိုးအိုဆီကနေ လိုချင်တဲ့ စာအုပ်တွေယူပြီး ပြန်ခဲ့တယ်။
နောက်နေ့ကျတော့ အ၀တ်အစား သားသားနားနားနဲ့ ၀တ်ဆင်ထားပြီး သူဌေးအဖိုးအိုတစ်ယောက်က စာအုပ်တွေကို အများကြီး ၀ယ်ယူလေတယ်။ သူကတော့ ထိုအဖိုးအိုကို " မနေ့ကတော့ အဖိုးတစ်ယောက်နဲ့တွေ့တယ် သူကတော့ အကျီအသစ်ထက် စာအုပ်အသစ်ကို ၀ယ်ပါလို့ပြောလေရဲ့ " ဟုပြောလိုက်တယ်။ အဲဒီတော့ အဖိုးက ရယယ်ပြပြီးတော့ အိမ်ကိုလာဖို့ ခေါ်တယ်။ အဖိုးအိုရဲ့ အိမ်ကနန်းတော်ကြီး တမျှပါပဲ။ အရမ်းလှပတာပေါ့။ သူ့စာဖတ်ခန်းကြီးကတော့ စာကြည့်တိုက်ကြီးလိုပဲ။အဖိုးအိုကတော့
" ဒီမယ်ကောင်လေး မှတ်ထား စာအုပ်တွေကို ဖတ်သာဖတ်ပြီးတော့ စာထဲကဗဟုသုတတွေကို အသုံးမချနိုင်ရင် စာဖတ်တယ်ဆိုတာ အပျင်းပြေတစ်ခုပဲ စာအုပ်ထဲက ပညာတွေကိုအသုံးချနိုင်တယ် ဆိုမှသာ စာဖတ်တယ်လို့ ခေါ်တယ်ကွဲ့"
အဖိုးအိုဆီက သူလိုချင်တဲ့ စာအုပ်တွေကို ငှားပြီးတော့ ပြန်လာခဲ့တယ်။
သူပြန်လာတော့ အလွန်ကြီးမားတဲ့ သင်ခန်းစာတစ်ခုရတယ်။ စာအုပ်တွေက ဘယ်လိုအရေးကြီးတယ်ဆိုတာနဲ့ စာဖတ်တယ်ဆိုတာ ဘာလဲ ဆိုတာကို. . .
မောင်စိုင်း

ဘယ်နှနာရီထိုးပြီလဲ
---------------------
လူတစ်ယောက်သည် အညောင်းအညာပြေ လမ်းလျှောက်ရင်း ဆေးရုံရှေ့သို့ရောက်လာသည်။ ထိုစဉ် အရေးကြီးသည့် အစည်းအဝေးတစ်ခုရှိသည်ကို သတိသွားရလိုက်သည်။
အချိန်သိချင်သဖြင့် နာရီကိုကြည့်လိုက်ရာ နာရီက ရပ်နေသည်။ ဘယ်နှနာရီထိုးနေမှန်းမသိသဖြင့် သူအခက်တွေ့နေရသည်။ ထိုစဉ် ဆေးရုံဝင်းအတွင်း ခြံစည်းရိုးနှင့်ကပ်လျက် သူ့လို လမ်းလျှောက်နေသူတစ်ယောက်ကို တွေ့လိုက်ရသည်။
သူကထိုလူကို လှမ်းခေါ်လိုက်ပြီး
“ဒီမှာခင်ဗျာ … ဘယ်နှနာရီများ ရှိပြီလည်းမသိဘူး”
ထိုသူက “ခဏလေးစောင့်” ဟုပြောလိုက်ပြီး မြေပြင်ပေါ် ပစ်လှဲချလိုက်သည်။ မြေကြီးထဲသို့လက်နှင့်ယက်လိုက်ပြီး တုတ်ချောင်းလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ သူကထိုတုတ်ချောင်းကို မြေကြီးပေါ်တွင် တည့်မတ်စေရန် ထောင် လိုက်ပြီး၊ အိတ်ထဲက လက်သမားသုံး ရေချိန်တစ်ခုကို ဆွဲထုတ်ကာ ထောင့်မှန်ကျကျ တည့်မတ်မှုရှိ၊ မရှိတိုင်းကြည့်လိုက် သည်။
ထို့နောက် အိတ်ထဲက သံလိုက်အိမ်မြှောင်ကိုထုတ်လိုက်ပြီး မြောက်အရပ်ကိုချိန်လိုက်သည်။ သံပေတံတစ်ချောင်းကိုထုတ် လိုက်ပြီး တုတ်ချောင်းအရိပ်ကျနေသည့်အတိုင်းအတာကို တိုင်းလိုက်ပြန်သည်။
ဂဏန်းပေါင်းစက်တစ်လုံးကို ထုတ်လိုက်ပြီး တွက်ချက်ပြန်သည်။ ပစ္စည်းအားလုံးကို အိတ်ထဲသို့ အားလုံးစနစ်တကျပြန်ထည့် ပြီးနောက် ခြံစည်းရိုးအပြင်ဘက်ရှိ အချိန်မေးသူကို “၃ နာရီ ၃၉ မိနစ်တိတိ၊ သြဂုတ်လ ၁၆ ရက်” ဟုပြောလိုက်သည်။
ခြံစည်းရိုးအပြင်ဘက်ကလူသည် ထူးဆန်းလွန်းသဖြင့် သူ့ကို ငေးကြည့်နေရင်းက သိချင်စိတ်နှင့်
“ခင်ဗျားလုပ်ဆောင်ချက်တွေ တွေ့ရတာ အံသြစရာပဲဗျ။ ဒါနဲ့ တကယ်လို့ ဒီနေ့မှာ နေမသာဘဲ တိမ်ဖုံးနေရင် ခင်ဗျားဘယ်လို တိုင်းတာမလဲ။ ညရောက်နေရင်ရော တုတ်ချောင်းက အရိပ်မထွက်ရင် ဘယ်လိုလုပ်မလဲ” ဟုမေးလိုက်သည်။
အတွင်းမှလူက အင်္ကျီလက်ကို ပင့်လိုက်ပြီး ပတ်ထားသော နာရီကိုပြကာ
“အဲဒီလိုဆိုတော့လည်း နာရီကိုပဲကြည့်လိုက်တာပေါ့” ဟုပြောလိုက်လေသည်။
ထိုအချိန်တွင်မှ ခြံစည်းရိုးအပြင်ကလူသည် ဆိုင်းဘုတ်ကိုမော့ကြည့်ပြီး ဖတ်လိုက်သည်။ “စိတ်ရောဂါ အထူးကုဆေးရုံကြီး” ဖြစ်နေသည်။
Maukkh

တချို့က ကိုယ့်ကို ပစ်ပေါက်တဲ့
အုတ်ခဲတွေနဲ့ အုတ်တံတိုင်း ခတ်ပြီး
ကိုယ့်ကိုယ်ကို လုံခြုံအောင်
ကာကွယ်ကြတယ်
တချို့က ကိုယ့်ကို ပစ်ပေါက်တဲ့
အုတ်ခဲတွေနဲ့ တံတားဆောက်ပြီး
တခြားတဖက်နဲ့ အဆက်အသွယ် လုပ်ကြတယ်
တချို့က ကိုယ့်ကို ပစ်ပေါက်တဲ့
အုတ်ခဲတွေနဲ့ လှေကားဆောက်ပြီး
အထက်ကို တက်လှမ်းကြတယ်…
တချို့က ကိုယ့်ကို ပစ်ပေါက်တဲ့
အုတ်ခဲတွေကြောင့် ခြေလက်ခေါင်းတွေ
နာကျင် ပြီး ရှေ့ဆက်မတိုးရဲ ဖြစ်ကြတယ်
…
အုတ်ခဲ ဖြစ်နေတာက
အရေးမကြီးပါဘူး
ဘယ်လို အသုံးပြုတတ်လည်း ဆိုတာက
အရေးကြီးတာပါ…
ငြိမ်းလဲ့…
အုတ်ခဲတွေနဲ့ အုတ်တံတိုင်း ခတ်ပြီး
ကိုယ့်ကိုယ်ကို လုံခြုံအောင်
ကာကွယ်ကြတယ်
တချို့က ကိုယ့်ကို ပစ်ပေါက်တဲ့
အုတ်ခဲတွေနဲ့ တံတားဆောက်ပြီး
တခြားတဖက်နဲ့ အဆက်အသွယ် လုပ်ကြတယ်
တချို့က ကိုယ့်ကို ပစ်ပေါက်တဲ့
အုတ်ခဲတွေနဲ့ လှေကားဆောက်ပြီး
အထက်ကို တက်လှမ်းကြတယ်…
တချို့က ကိုယ့်ကို ပစ်ပေါက်တဲ့
အုတ်ခဲတွေကြောင့် ခြေလက်ခေါင်းတွေ
နာကျင် ပြီး ရှေ့ဆက်မတိုးရဲ ဖြစ်ကြတယ်
…
အုတ်ခဲ ဖြစ်နေတာက
အရေးမကြီးပါဘူး
ဘယ်လို အသုံးပြုတတ်လည်း ဆိုတာက
အရေးကြီးတာပါ…
ငြိမ်းလဲ့…
6.4.14
လှေလှော်ပွဲ
တစ်ခါတော့ ဘုရင့်လှေတပ်ကြီးဟာ ပင်လယ်ပြင်မှာ လှေသဘင်ခင်းဖို့ နေရာယူထားကြတယ်။ အားလုံးကလဲ ရွက်လှေတွေချည်းပဲ။ အဲဒီအချိန်မှာပဲ ဘုရင့်သားတော်တစ်ယောက်ဟာ စာရေးစာဖတ် ၀ါသနာမပါ မလုပ်ချင် တစ်ချိန်လုံး တိုက်ခိုက်ခြင်းကိုပဲ သင်ယူနေသည်။ ဘုရင်ကလဲ သူကသားတော် စစ်ရေးသင်သည်ကို ကျေနပ်နေသဖြင့် မနေနိုင်တော့၍ နန်းတွင်းက ပညာရှိအမတ်က မင်းသားကို စာပေသင်ရန် နားချဖို့ကြိုးစားသည်။
ယခုလဲ လှေသဘင်ပွဲကို ရောက်ရှိနေပြီ။ ပထမဆုံး အမတ်က လှေတွေအားလုံးကို ရွက်ကိုချထားစေတယ်။ ပြီးတော့ လှေတွေအားလုံး လက်အားနဲ့ လှော်ကြဖို့ပြောလိုက်တယ်။ လှေထဲက စစ်သားတွေဟာ တက်တွေနဲ့ လှေတွေကို လှော်ကြတယ်။ ဒါပေမယ့် လူအားကြောင့်မို့ အရမ်းမေ၇ွှ့ပါဘူး။
အဲဒီအချိန်မှာပဲ အမတ်က သူစီးနေတဲ့လှေရဲ့ ရွက်ကို တစ်ပေခန့်မြင့်တင်စေတယ်။ ရွက်တစ်ပေလောက်လဲ တက်ရော လေရဲ့အားကြောင့် လှေဟာ အရှေ့ကို ဆယ်ပေလောက်ရွေ့သွားသတဲ့။ မင်းသားလဲ အံ့သြနေတယ်။ အဲဒီအချိန်မှာပဲ အမတ်က
" မင်းသား လှေရဲ့ရွက်ကို တစ်ပေလောက်မြှင့်တာဟာ လှေကို ရှေ့ဆယ်ပေလောက်ရွေ့စေပါတယ်။ဒါပေမယ့် အခြားလှေတွေကတော့ လူအယောက်၁၀၀ လောက်အားသွန်ခွန်စိုက်လှော်မှ ရှေ့ကိုရွေ့ပါတယ်။ မင်းသား ပညာဆိုသည်မှာ ရွက်နှင့်တူသည် အခြားသူထက် ပညာဉာဏ်မြင့်သူက သူများတွေထက်ရှေ့ကို ပိုရောက်နိုင်ပေသည်။စစ်ပညာသည် ပညာတစ်ခုဖြစ်သည် ဘုရင်တစ်ယောက်အဖို့တတ်ထားသင့်သော်လဲ မင်းသားမှတ်ထားပါ စစ်သူကြီးများသည် ဘုရင်မဖြစ်နိုင်ပါ စစ်ပညာကျွမ်းကျင်သော်လဲ တိုင်းပြည်အုပ်ချုပ်ရန်အတွက် စစ်ပညာနဲ့မရ။ အသိပညာ အတတ်ပညာတည်းဟူသောပညာ စာအုပ်စာပေနှင့် အနေအထိုင်မှ ရရှိသော လိမ္မာမှုဖြင့်သာ အုပ်ချုပ်နိုင်ပေသည် "
မင်းသားလဲထိုစကားကို ကြား၍ နောက်ပိုင်းနေ့များတွင် စာပေကျမ်းဂန်များကိုပါ အချိန်ပေး၍ လေ့လာလေတော့သည်

3.4.14
Subscribe to:
Posts (Atom)