စာအုပ်တွေနဲ့ အဖိုးအို နှစ်ယောက်
ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ။ တက္ကသိုလ်ကျောင်းသားပေါ့။ ကျွန်တော်က
စာဖတ်တာကို အရမ်းဝါသနာပါတယ်။ ကျောင်းတက်ရင်းနဲ့ တစ်ဖက်တစ်လမ်းက
ဝင်ငွေရအောင် စာအုပ်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ်။ အားရင်ဆိုင်ထဲက
စာအုပ်တွေလဲဖတ်တာပေါ့။
တစ်နေ့ကျတော့ ပေါက်ပြဲနေပြီးတော့ ချေးတွေ အထပ်ထပ်နဲ့ အကျီဝတ်ထားတဲ့
အဖိုးအိုတစ်ယောက်က ဆိုင်ကိုလာပြီးတော့ စာအုပ်တော်တော်များများကို
ဝယ်ယူသွားသတဲ့။ ၀ယ်သွားတဲ့စာအုပ်တွေရဲ့ တန်ဖိုးကလဲ နည်းနည်းနောနောမဟုတ်ဘူး။
ဒါနဲ့ ကျွန်တော်က အဖိုးအိုကိုမေးတယ်။" အဖိုးက စာအုပ်တွေကျတော့
အများကြီးဝယ်ပြီးတော့ အကျီလေးအသစ်တစ်ထည်တောင် ၀ယ်မ၀တ်နိုင်ဘူးလား"
လို့မေးတယ်။ အဖိုးအိုကတော့ ပြုံးပြပြီးတော့ " ကောင်လေး မှတ်ထား
အကျီအသစ်ဝယ်တာထက် စာအုပ်အသစ်ဝယ်တာက ပိုပြီးတော့ အကျိုးအမြတ်ဖြစ်စေတယ်"
ပြီးတော့အဖိုးအိုက သူ့အိမ်ကိုခေါ်သွားသေးတယ်။ အိမ်က တော့
စုတ်စုတ်ပျက်ပျက်ပါဘဲ။ ဒါပေမယ့် အိမ်ထဲမှာ စာအုပ်တွေပြည့်နေတယ်။ သူလဲ
အဖိုးအိုဆီကနေ လိုချင်တဲ့ စာအုပ်တွေယူပြီး ပြန်ခဲ့တယ်။
နောက်နေ့ကျတော့ အ၀တ်အစား သားသားနားနားနဲ့ ၀တ်ဆင်ထားပြီး
သူဌေးအဖိုးအိုတစ်ယောက်က စာအုပ်တွေကို အများကြီး ၀ယ်ယူလေတယ်။ သူကတော့
ထိုအဖိုးအိုကို " မနေ့ကတော့ အဖိုးတစ်ယောက်နဲ့တွေ့တယ် သူကတော့ အကျီအသစ်ထက်
စာအုပ်အသစ်ကို ၀ယ်ပါလို့ပြောလေရဲ့ " ဟုပြောလိုက်တယ်။ အဲဒီတော့ အဖိုးက
ရယယ်ပြပြီးတော့ အိမ်ကိုလာဖို့ ခေါ်တယ်။ အဖိုးအိုရဲ့ အိမ်ကနန်းတော်ကြီး
တမျှပါပဲ။ အရမ်းလှပတာပေါ့။ သူ့စာဖတ်ခန်းကြီးကတော့
စာကြည့်တိုက်ကြီးလိုပဲ။အဖိုးအိုကတော့
" ဒီမယ်ကောင်လေး မှတ်ထား
စာအုပ်တွေကို ဖတ်သာဖတ်ပြီးတော့ စာထဲကဗဟုသုတတွေကို အသုံးမချနိုင်ရင်
စာဖတ်တယ်ဆိုတာ အပျင်းပြေတစ်ခုပဲ စာအုပ်ထဲက ပညာတွေကိုအသုံးချနိုင်တယ်
ဆိုမှသာ စာဖတ်တယ်လို့ ခေါ်တယ်ကွဲ့"
အဖိုးအိုဆီက သူလိုချင်တဲ့ စာအုပ်တွေကို ငှားပြီးတော့ ပြန်လာခဲ့တယ်။
သူပြန်လာတော့ အလွန်ကြီးမားတဲ့ သင်ခန်းစာတစ်ခုရတယ်။ စာအုပ်တွေက ဘယ်လိုအရေးကြီးတယ်ဆိုတာနဲ့ စာဖတ်တယ်ဆိုတာ ဘာလဲ ဆိုတာကို. . .
မောင်စိုင်း
No comments:
Post a Comment