လှေလှော်ပွဲ
တစ်ခါတော့
ဘုရင့်လှေတပ်ကြီးဟာ ပင်လယ်ပြင်မှာ လှေသဘင်ခင်းဖို့ နေရာယူထားကြတယ်။
အားလုံးကလဲ ရွက်လှေတွေချည်းပဲ။ အဲဒီအချိန်မှာပဲ ဘုရင့်သားတော်တစ်ယောက်ဟာ
စာရေးစာဖတ် ၀ါသနာမပါ မလုပ်ချင် တစ်ချိန်လုံး တိုက်ခိုက်ခြင်းကိုပဲ
သင်ယူနေသည်။ ဘုရင်ကလဲ သူကသားတော် စစ်ရေးသင်သည်ကို ကျေနပ်နေသဖြင့် မနေနိုင်တော့၍ နန်းတွင်းက ပညာရှိအမတ်က မင်းသားကို စာပေသင်ရန် နားချဖို့ကြိုးစားသည်။
ယခုလဲ လှေသဘင်ပွဲကို ရောက်ရှိနေပြီ။ ပထမဆုံး အမတ်က လှေတွေအားလုံးကို
ရွက်ကိုချထားစေတယ်။ ပြီးတော့ လှေတွေအားလုံး လက်အားနဲ့
လှော်ကြဖို့ပြောလိုက်တယ်။ လှေထဲက စစ်သားတွေဟာ တက်တွေနဲ့ လှေတွေကို
လှော်ကြတယ်။ ဒါပေမယ့် လူအားကြောင့်မို့ အရမ်းမေ၇ွှ့ပါဘူး။
အဲဒီအချိန်မှာပဲ အမတ်က သူစီးနေတဲ့လှေရဲ့ ရွက်ကို တစ်ပေခန့်မြင့်တင်စေတယ်။
ရွက်တစ်ပေလောက်လဲ တက်ရော လေရဲ့အားကြောင့် လှေဟာ အရှေ့ကို
ဆယ်ပေလောက်ရွေ့သွားသတဲ့။ မင်းသားလဲ အံ့သြနေတယ်။ အဲဒီအချိန်မှာပဲ အမတ်က
" မင်းသား လှေရဲ့ရွက်ကို တစ်ပေလောက်မြှင့်တာဟာ လှေကို
ရှေ့ဆယ်ပေလောက်ရွေ့စေပါတယ်။ဒါပေမယ့် အခြားလှေတွေကတော့ လူအယောက်၁၀၀
လောက်အားသွန်ခွန်စိုက်လှော်မှ ရှေ့ကိုရွေ့ပါတယ်။ မင်းသား ပညာဆိုသည်မှာ
ရွက်နှင့်တူသည် အခြားသူထက် ပညာဉာဏ်မြင့်သူက သူများတွေထက်ရှေ့ကို
ပိုရောက်နိုင်ပေသည်။စစ်ပညာသည် ပညာတစ်ခုဖြစ်သည်
ဘုရင်တစ်ယောက်အဖို့တတ်ထားသင့်သော်လဲ မင်းသားမှတ်ထားပါ စစ်သူကြီးများသည်
ဘုရင်မဖြစ်နိုင်ပါ စစ်ပညာကျွမ်းကျင်သော်လဲ တိုင်းပြည်အုပ်ချုပ်ရန်အတွက်
စစ်ပညာနဲ့မရ။ အသိပညာ အတတ်ပညာတည်းဟူသောပညာ စာအုပ်စာပေနှင့် အနေအထိုင်မှ
ရရှိသော လိမ္မာမှုဖြင့်သာ အုပ်ချုပ်နိုင်ပေသည် "
မင်းသားလဲထိုစကားကို ကြား၍ နောက်ပိုင်းနေ့များတွင် စာပေကျမ်းဂန်များကိုပါ အချိန်ပေး၍ လေ့လာလေတော့သည်
မောင်စိုင်း
No comments:
Post a Comment