23.6.14

လာမဲ့ခေတ်မှာ………………
* ကြိုးမဲ့ ဖြစ်လာမယ့် ဖုန်းတွေ
*သဘာဝမဲ့ -
ဖြစ်လာမယ့် အစားအစာတွေ
*အလုပ်လက်မဲ့ -
ဖြစ်လာမယ့် လူငယ်တွေ
*အရှက်မဲ့ လာမယ့် ခေါင်းဆောင် တွေ
* အဓိပ္ပါယ်မဲ့
လာမယ့် ခင် မင် မှု့တွေ
* နှလုံးသားမဲ့ လာမယ့်
အချစ်ရေးတွေ
*တန်ဖိုးမဲ့ လာမယ့် ပညာရေးတွေ
ဖြစ်လို့လာနိုင် ပါတယ်

ဒါပေမယ့်………
ဘယ်လိုပဲ မဲ့လာပါစေ
ကိုယ်ချင်းစာတရားတွေကိုတော့ မိမိဘဝမှာ တန်ဖိုးမဲ့*
မသွားဖို့ကြိုးစား
ထိန်းသိမ်းဖို့လိုအပ်ပါလိမ့်မယ်……


ဆရာ
`ခေါင်းမော့ကြည့်လိုက် ရင် ဘာတွေ့လဲ´´

တပည့်
``လှပတဲ့ ကောင်းကင် ကြီး
ကိုတွေ့တယ်ဆရာ´´

ဆရာ
"မိုးကောင်းကင် ကြီးကသိပ်ကို လှတယ်
ပြီးတော့ ကျယ်ပြန့်တယ်..………
ဒါပေမယ့် ………
အဲဒီမိုးကောင်းကင် တစ်ခုလုံးကို
ငါ့ရဲ့ လက်တစ်ဖက်တည်းနဲ့ကာပစ်လို့ရတယ်

(ဆရာက ပြောပြောဆိုဆို တပည့်ရဲ့
မျက်လုံးကို သူ့လက်ဖဝါးနဲ့ ပိတ်လိုက်ပြီး)

'ကဲ.. မိုးကောင် ကင် ကို မြင်သေးလား ''

---------------------------------

ဘဝမှာတွေ့ရတဲ့စိတ်ညစ်စရာတွေက
အဲဒီလက်ဖဝါးလေးလိုပါပဲ...……
သိပ် ကိုသေးငယ်လွန်းပါတယ်။

တကယ်လို့ ……………
အဲဒီစိတ်ညစ်စရာတွေကို လွတ်မချပဲ၊ မပစ်ပယ်ပဲနဲ့
မျက်စိရှေ့ မှာ ထားလိုက်တဲ့အခါ
(စိတ်ထဲမှာ ထည့်ထားလိုက် တဲ့အခါ)
ရှေ့မှာရှိနေတဲ့
လှပတဲ့အနာဂတ်ကောင်းကင်ပြာကို
သင် …………မမြင် နိုင် တော့ပါဘူး။


21.6.14

သူလား ကိုယ်လား

တစ်ခါက လင်မယားနှစ်ယောက်ရှိသတဲ့။အသက်အရွယ်ကြီးလာပြီဖြစ်တဲ့အတွက် ယောက်ျားဖြစ်သူက သူ့မိန်းမ နားမကောင်းတော့ဘူးလို့ သံသယဖြစ်မိသတဲ့။သူပြောလိုက်တဲ့စကားတွေကို မကြားသလိုလို ပြန်မပြောသလိုလိုဖြစ်နေတဲ့အတွက် မိသားစုဆရာဝန်နဲ့တိုင်ပင်ကြည့်ရတာပေါ့။

ဆရာဝန်ကတော့ အကြံတစ်ခုပေးပါတယ်။ခင်ဗျားမိန်းမရဲ့ အကြားအာရုံကို စမ်းသပ်ြုကည့်ပါပေါ့။ပထမ ပေ ၄၀ လောက်အကွာကနေ ပုံမှန်ပြောနေကျလေသံနဲ့ တစ်ခုခုလှမ်းမေးလိုက်ပါ။သူပြန်မပြောဘူးဆိုရင် ပေ၃၀ ကနေပြော၊အဲဒါတောင်မကြားသေးဘူးဆိုရင် တဖြည်းဖြည်းအနားကပ်ပြီးပြောကြည့်ပေါ့။

အဲဒီလိုနဲ့ညနေ သူ့မိန်းမ ညစာချက်နေတဲ့အချိန်မှာ သူက ပေ ၄၀လောက်ဝေးတဲ့ အိမ်ရှေ့ကနေပြီးတော့" မိန်းမရေ ညစာဘာဟင်းချက်လဲ" လို့မေးပါတယ်။သူ့မိန်းမဆီက ဘာအသံမှမကြားရပါဘူး။ဒါနဲ့ ပေ၃၀ လောက်ဝေးတဲ့ အိမ်လယ်ခန်းလောက်ဆီသွားပြီးတော့ ညစာဘာဟင်းလဲလို့မေးပါတယ်။ဘာသံမှမကြားပါဘူး။

ဒါနဲ့ ပေ ၂၀ လောက်ဝေးတဲ့ လှေကားနားကနေ ထပ်မေးပါတယ်။မကြားပါဘူး။နောက်တော့ စိတ်မရှည်တာနဲ့ မီးဖိုချောင်တံခါးနားကနေလှမ်းမေးပါတယ်။ဘာမှမကြားပါဘူး။သူကတော့ ငါ့မိန်းမတော့ တော်တော်နားကန်းနေပြီဟ ဆိုပြီးတော့ ဒေါသတွေထွက်နေပါတယ်။နားနှာခေါင်းဆေးရုံကို ပို့ဖို့လိုနေပြီလို့ ထင်လိုက်ပါတယ်။အဲဒါနဲ့ သူ့မိန်းမဘေးနားကို သွားပြီး ညစာဘာချက်လဲလို့ ပြောလိုက်ပါတယ်။

အဲဒီအခါသူ့မိန်းမက "ယောက်ျားရေ ရှင်ဘာဖြစ်နေတာလဲ ကျွန်မငါးခါစလုံး ကြက်သားချက်တယ်လို့ ပြန်ဖြေတယ်လေ" လို့ပြောလိုက်ပါတယ်။

တစ်ခါတစ်လေမှာ ကိုယ်ကဖြစ်နေတာကို သတိမထားမိဘဲ သူများအပေါ်လက်ညိုးထိုးချင်တဲ့ စိတ်ဓါတ်လေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

မောင်စိုင်း
EQ နဲ့ IQ အကြောင်း
==============

ကျနော်တို့ ငယ် ငယ် က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စားတာ မှတ်မိသေးတယ်။ I.Q ဆို တာ Intelligent Quotient ဥာဏ် ရည် ကို တိုင်းတာ တဲ့ အညွှန်းကိန်း ပေါ့။ I.Q မြင့်ရင် ဥာဏ် ကောင်းတယ်ပေါ့ ..စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူဆို ရင် I.Q မြင့် တယ်တယ်လို့ ပြောကြတယ်။ လွန် ခဲ့ တဲ့ ၁၀ နှစ်။၁၅ နှစ် လောက် က စပြီး E.Q ဆို တာ ခေတ်စားလာ တယ်။E.Q ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ် ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ် ရင့် ကျက်မှု အညွန်းကိန်းပေါ့။ ဘာလို့ လဲ ဆို တော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊E.Q ရော တိုင်းကြည့် တဲ့ အခါ I.Q မြင့် တဲ့ သူတွေ ထက် E.Q မြင့်တဲ့သူတွေ ဟာ ဘ၀မှာ ပို အောင်မြင် တာ တွေ့ ရတယ်။ ဆို လို တာ က ဘ၀မှာ အောင်မြင် ဖို့ ဆို ရင် ဥာဏ် ကောင်းဖို့ ထက် စိတ် ဓါတ် ရင့် ကျက်၊ခိုင်မာ မှု က ပို အရေး ကြီးတယ် ဆို တဲ့ သဘောပေါ့ ။
လွန် ခဲ တဲ့ တပါတ် က Harvard Business Review စာအုပ် ထဲ က Daniel Goleman ရေးတဲ့ What makes a Leader? (ဘယ်အရာ က ခေါင်းဆောင် ဖြစ်စေသလဲ) ဆို တဲ့ ဆောင်းပါး ဖတ်ရတော့ E.Q အကြောင်းရေးထားတာ တော် တော် သဘောကျတယ်။ သူက E.Q ဆိုတာ ဘာလဲ လို့ ပြော ရုံတင် မကဘူး။ E.Q မြင့်အောင် ဘယ်လို လေ့ကျင့ိ နိုင်တယ် ဆို တာ ပြေပြထားတာ။ အကျဉ်း ချုပ် ကို အောက်မှာ ဖတ်ကြည့်ပါ... “အဖွဲ့ အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေ နဲ့ သာမန် ခေါင်းဆောင်တွေ ကို ကွဲပြားစေတဲ့အရာ က technical skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။ တကယ်တော့ E.Q လို့ ခေါ်တဲ့  မိမိရဲ့ စိတ် ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ် ရင့် ကျက်မှုပါ..တဲ့ ။ E.Q မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ် တဲ့ အဖွဲ့ အစည်း တစ်ခု ဟာ တနှစ် ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။ E.Q/E.I (Emotional Intelligence) စိတ် ဓါတ် ရင့် ကျက်မှု အညွန်းကိန်းမှာ ပါ တဲ့ ..စွမ်းရည် တွေ ကတော့ ..

(၁)Self-awareness; (မိမိ ကိုယ်ကို သိတာ)မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေ။မိမိ က အပြောအဆို။အပြုအမူတွေ က သူတပါး အပေါ် ဘယ်လို သက်ရောက်မယ်ဆို တာ ကို သိတာ..

(၂)Self-regulation(မိမိကိုယ် ကို ထိန်းသိမ်းနိုင်တာ) (စိတ်ဆိုး၊စိတ် ညစ်၊ဒေါသ ထွက်စရာ တွေရှိ ရင်) မိမိ ကိုယ် ကို ထိန်း ချုပ် နိုင်တာ။ဒါမှ မဟုတ်.အာရုံပြောင်း နို်င်တာ)

(၃)Motivation: စိတ်ပျော်ရွှင်မှု။ စိတ် တက်ကြွ မှု ကို ထိန်းသိမ်းနိုင်တာ.

(၄)Empathy: သူတပါးရဲ့ စိတ် ခံစား ချက် ကို နားလည်တာ.

(၅)Social skill: အခြားသူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်၊ယုံကြည် မှု တည်ဆောက်ပြီး ကိုယ် လို ချင်တဲ့ ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။ ကျနော် တို့ အားလုံးမှာ..အဲဒီ စွမ်းရည် ၅ ခု က မွေး ကတဲ က ရှိ ကြပါတယ်..တဲ့။အချို့ စွမ်းရည် တွေမှာ အားနည်း နေတာ၊အချို့ စွမ်း ရည် တွေမှာ မြင့်နေတာ တော့ ရှိ တတ်ပါတယ်..တဲ့။ အဲ ဒီ စွမ်းရည် တွေ ကို ပိုမို အားကောင်းအောင် လေ့ကျင့် လို့ ရပါတယ်။ လေ့ကျင့် ဖို့ နည်းတွေ ကတော့ ...ဇွဲ ရှိရှိ နဲ့ လေ့ကျင့်တာ၊ မိတ်ဆွေတွေ၊လေ့ကျင့်ပေးတဲ့ ဆရာ တွေ ဆီက ဝေဖန်၊အကြံပေးမှု တွေ တွေ တောင်းခံတာပါ ပဲ..တဲ့။ “
ကျနော် ကိုယ့် ကို ကိုယ် ဆန်းစစ်တဲ့ နည်း ကတော့ စွမ်း ရည်တစ်ခု မှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့် တာ။

နံပါတ်(၁) စွမ်းရည် မှာ အမှတ် ၄၀ လောက် ပဲ ရနိုင်တယ်ထင်တယ်။
နံပါတ်(၂) ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။
အမှတ် (၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည့် ထားတယ်။ အမှတ် (၃)နဲ့ (၅) ကတော့  ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။ ကျနော်ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ ၂ ခု self-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။ တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့် ကြမလဲ။

E.Q ကောင်းအောင်......

ကျနော် E.Q အကြောင်း ရေးတဲ့ စာ ပေါ်မှာ comment တစ်ခုရေးထားတာ ဖတ် ရတယ်။ ဘာရေးထားသလဲ ဆိုတော့ ..” သဘောကတော့ E.Q ပဲကျင့်လို့ ရတယ်။ I.Qနိမ့်ရင်တော့ ဘာမှလုပ်လို့ မရဘူးပေါ့နော်”..တဲ့ ။ စိတ်ဝင်စားစရာ ကောင်းတဲ့  comment လေးဗျ ။ သူပြောမှ I.Q အကြောင်း ဆက်တွေး မိ လို့ ရေးထားတာပါ... ကျနော်တို့ က I.Q လို့ ဆို ရင် ကျောင်းမှာ စာတော်တာ၊ကျောင်းသင် ဘာသာရပ် မှာ ထူးချွန်တာ နဲ့ ပဲ ဆက်စပ်တွေးလေ့ရှိကြတယ်။ I.Q ကောင်းတဲ့ သူလို့ ပြော လို က် ရင် ကျနော် စမြင်တဲ့ သူက အိုင်းစတိုင်း ပေါ့။ ဥာဏ် ကြီးရှင် ကြီးပေါ့ ။ ဘောလုံး မှာ အင်မတန် ထူးချွန် တဲ့ပီလီ တို့ ၊အခု ခေတ် ဆို မက်ဆီ တို့ ။ ဂီတ မှာ ကမ္ဘာကျော်တဲ့  မိုက်ကယ်ဂျက်ဆင်တို့ ၊ မက်ဒေါနားတို့  ကို I.Q နဲ့ ဆက်စပ်ပြီး မတွေးဖြစ်ဘူး။ တကယ်တော့ သူတို့ လဲ I.Q မြင့့်  တဲ့သူတွေပဲ။ ဘာလို့ လဲ ဆိုတော့  Intelligence ဥာဏ်ကောင်းတယ်၊တနည်း စွမ်းဆောင်ရည် ကောင်းတယ် ဆို တာ ခွဲ ခြမ်း စိတ် ဖြာနိုင်တဲ့ ဥာဏ် စွမ်းရည်(Analytical Intelligence) တခု ထဲ မဟုတ်ဘူးတဲ့။ Intelligence ဥာဏ် စွမ်းရည် မှာ အနဲ ဆုံး ၇ မျိုးလောက်တောင် ရှိသတဲ့။ ဆရာ ကို တာ ရေးတဲ့  “ဖြန့် ထွက်တွေး ခြင်း နဲ့ အခြားစာတန်း များ “ စာအုပ် ထဲ က Howard Gardner ရဲ့ Theory of multiple Intelligence ကို ကိုးကားပြီး ရေးထား တဲ့ စာပုဒ် ကို ဖတ် ကြည့် စေချင်တယ်..

“ဟိုးဝဒ်ဂါဒနာ ဟူသော ဟားဘတ် ပညာကျောင်းမှ ပါမောက္ခ ကြီးက တိုင်းတာ လို့ ရသော ဥာဏ် စွမ်းရည် (၇) မျိုး ရှိသည်ဟု ပြောကြားကြောင်း၊
ထို ခုနှစ်မျိုးမှာ......
၁။ပထမ တစ်မျိုးမှာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရည် (Analytical Intelligence) ဖြစ်ပြီး စာမေးပွဲများ၊အိုင်ကျူများနှုင့် တိုင်းတာကြောင်း။

၂။ဒုတိယ တစ်မျိုးမှာ ပုံဖော်နိုင်စွမ်းရည် (Pattern Intelligence) ဖြစ်ပြီး အရာဝထ္တုများ၏ သဏ္ဍန်ကိုသိခြင်း၊ပုံသဏ္ဍန်ကို တီထွင်နိုင်ခြင်းများဖြစ်ကြောင်း။ သချာင်္ပညာရှင်များ၊ ကွန်ပျုတာပရိုဂရမ်များ၊အနုပညာရှင်များ ရှိသော စွမ်းရည်မျိုးဖြစ်ကြောင်း။သူတို့မှာ ပုံဖော်စွမ်းအင်၌ စွမ်းရည်မြင့်မားလှသော်လည်း သာမန်အတန်းတင် စာမေးပွဲများ၌ ကျနိုင်ကြောင်း၊

၃။တတိယ တစ်မျိုးမှာ ကာယစွမ်းရည် (physical intelligence) ဖြစ်ပြီး ဘောလုံးသမားများ ၊ရေကုးသမားများ၊ဂေါက်သမားတို့တွင် ရှိတတ်၍ သူတို့တွင် အခြားစွမ်းရည် ရှိချင်မှ ရှိမှာ ဖြစ်ကြောင်း။

၎။ (Musical intelligence)-ဂီတ အနုပညာစွမ်းရည်..

၅။ပဉ္စမ တစ်မျိုးမှာ လက်တွေ့စွမ်းရည် (Practical Intelligence) ဖြစ်ပြီး တီဗွီတစ်လုံးကို လမ်းညွှန်လွှာ မပါပဲ ဖြုတ်၍ ပြန်တပ်နိုင်သော စွမ်းရည်တစ်မျိုး ဖြစ်ကြောင်း၊ အစိတ်အပိုင်းနာမည်ကို ခေါ်တတ်ချင်မှ ခေါ်တတ်မှာ ဖြစ်ကြောင်း။

၆။ဆဌမ တစ်မျိုးမှာ ခံစားသိနိုင်စွမ်းရည် (Intrapersonal Intelligence) ဖြစ်ပြီး ငြိမ်ငြိမ် သက်သက် နေတတ်၊မျှဝေခံစားတတ်၍ ကဗျာဆရာများ၊အတိုင်ပင်ခံ (Counsellors) များ ဖြစ်လာတတ်ကြောင်း။

၇။သတ္တမ တစ်မျိုးမှာ သဟာယ စွမ်းရည် (Interpersonal Intelligence) ဖြစ်ပြီး အများနှင့်လုပ်တတ်၊နေတတ်၊ကိစ္စပြီးမြောက်အောင် ဆောင်ရွက်တတ်သော မန်နေဂျာများတွင် ရှိရမည့် စွမ်းရည်မျိုးဖြစ်ကြောင်း။” ဆရာ ကိုတာ ရဲ့ စာအုပ်ထဲမှာ ပဲ ဆက်ရေးထားတာ က..” ချားလ်စ်ဟန်ဒီ က ၂၁ ရာစုမှာ ကျောင်းသားတွေ ရဲ့ စွမ်းရည် ကို ခွဲခြမ်း နိုင်တဲ့ စွမ်းရည် (Analytical Intelligence) တစ်ခု ထဲ (စာမေးပွဲ တစ်ခု တည်း) နဲ့  ဆန်ကာချ နေတဲ့ ကိစ္စ ကတော့  တယ် မနိပ်လှ ဘူး ဟု ပြောပါ သည် “ တဲ့ ။
အဲဒီ စာကနေ ကျနော် ဆက် တွေး ကြည့် မိတယ်။

ကို စိုးသူတို့ ၊ ဖြူဖြူကျော်သိန်း တို့ ၊ ဆရာမ ဂျူး ၊ဆရာ ဖေမြင့်တို့ ဆရာ ၀န် တွေ ပေမယ့် သူတို့ ရဲ့ Intelligence က အနုပညာ ဖန်တီး တဲ့ ဘက်မှာ အားသန်တော့  အဲဒီ ဘက်မှာ မြှုတ်နှံ လုပ်ကြတော့ နိုင်ငံကျော် အနုပညာရှင် တွေ။စာပေ ပညာရှင် တွေ အဖြစ် အောင်မြင် ထူးချွန် နေကြတာ နေ မှာ ..လို့ ။ ဆရာ မောင်စိန်ဝင်း(ပုတီကုန်း)၊ ဆရာ အော်ပီကျယ်တို့  ဆို ရင် အင်ဂျင်နီယာတွေပါပဲ။ သူတို အား သန် တဲ့  စွမ်းဆောင် ရည် Intelligence ကို ရှာတွေ့  ပြီး အဲဒါကို ဖွံ့ ဖြိုး အောင် လုပ်ခဲ့ ကြလို့ သာ အောင် မြင် ကြတာ..လို့ ။
တကယ် တော့ ကျနော် တို့ မှာ မွေး ကထဲ က ကိုယ်အားသန်တဲ့ Intelligence ဥာဏ် စွမ်းဆောင်ရည် လို့ ခေါ်တဲ့  ” ဇ “လေးတွေ ပါလာပုံ ရတယ်။ ကိုယ်ရဲ့ Intelligence က ဘာလဲ ဆို တာ မြင်အောင် ကြည့် ပြီး ဖွံ့ ဖြိုး အောင် လေ့ကျင့် နိုင် ရင် ထူးချွန် အောင်မြင်သူတွေ ဖြစ် လာမှာပဲ။ ကျနော့ မိတ်ဆွေ၊သူငယ်ချင်းတို့ ရော ..ဥာဏ်စွမ်းရည် (၇) မျိုး ထဲက ကိုယ်ရဲ့ တကယ့် စွမ်း ရည် ဟာ ဘယ်ဟာဖြစ် မယ်ထင်သလဲ။ ကိုယ့် ညီ၊ညီမတွေ။ သား၊သမီးတွေ မှာလဲ သူတို့ ရဲ့  Intelligence က ဘာဖြစ်မယ်ထင် သလဲ။ အဲဒီ Intelligence ကို ဖွံ့ ဖြိုး အောင် လုပ် ပေး ဖို့  က ထူးချွန် အောင် မြင် ဖို့ အတွက် အရေးကြီးတယ် မဟုတ်လား ဗျာ...

Credit to: ( ဒေါက်တာအောင်မျိုး - ကင်ဆာအထူးကု ဆရာဝန်ကြီး )


၁။ သင့်ကို ပျော်ရွှင်စေတဲ့ message တစ်ခုခု ရပါက သင် ပြုံးဖို့မမေ့ပါနဲ့။ ပြီးရင် အဲ့ဒီ့ message ကို ဖျက်ပစ်လိုက်ပါ။
၂။ ပိုက်ဆံကို ဘယ်လို ရှာရမလဲဆိုတာ စဉ်းစားပါ။ ပိုက်ဆံကို ဘယ်လိုချွေတာရမလဲဆိုတာ မစဉ်းစားပါနဲ့။
၃။ ဒေါသထွက်တဲ့အခါ ၁ ကနေ ၃၀ အထိ စိတ်ထဲကရေတွက်ပါ။ ပြီးမှ စကားဆက်ပြောပါ။
၎။ လိုချင်ရင် ကိုယ့်ကိုကိုယ်ကြိုးစားပြီး ၀ယ်ပါ။ တခြားသူကို မ၀ယ်ခိုင်းပါနဲ့။
၅။ အချိုရည် တွေလျော့သောက်ပါ။ ရေများများသောက်ပါ။
၆။ ၂၄ နာရီလုံးကို အသုံးပြုပြီး လူ တစ်ယောက်တည်းကို မလွမ်းနေပါနဲ့။ အချိန်တချို့ကို မိသားစုနဲ့ သူငယ်ချင်း တွေကို ခွဲပေးလိုက်ပါ။
၇။ မစားနိုင်တော့မှ အန်ထုတ်ပစ်ဖို့ မကြိုးစားပါနဲ့။ မစားခင်ကတည်းက သေချာစဉ်းစားပါ။
၈။ အထီးကျန်တဲ့ အခါ သီချင်းဆွေးတွေနားထောင်ပြီး အင်တာနက်စာမျက်နှာပေါ်မှာပဲ ပတ်ချာလည်မနေပါနဲ့။ အားကစားတစ်ခုခုလုပ်၊ ဒါမှမဟုတ်
သူငယ်ချင်းတွေနဲ့ ပေါက်ကရတွေပြောပစ်ပါ။ ပိုပြီး နေလို့ကောင်းသွားပါလိမ့်မယ်။
၉။ လိုချင်တဲ့ ပစ္စည်းကို ၀ယ်ပါ။ ပိုက်ဆံတော့ ချေးပြီး မ၀ယ်ပါနဲ့။ သေချာစဉ်းစား၊ ဆုံးဖြတ်ပြီးပြီဆို နောင်တ မရမိပါစေနဲ့။
၁၀။ ကောင်းမွန်တဲ့စာတွေ များများဖတ်ပါ။ သင့်ဦးနှောက်ကို သင်ထွန်ယက်ပါ။ ဘ၀ကို မြင့်တင်ပါ။


ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး မိုဘိုင်းဖုန်းများ

ခေတ်သစ် လူနေမှု အဖွဲ့အစည်းတွင် မိုဘိုင်းဖုန်းများသည် လူတိုင်းအတွက် မရှိမဖြစ်လောက်အောင် လိုအပ်သော ပစ္စည်းများ ဖြစ်လာသည်။
ခလုတ်များနှိပ်၍ အသုံးပြုရသည့် ခေတ်ဦးမိုဘိုင်းဖုန်းများမှ ယနေ့ခေတ် Touchscreen စမတ်ဖုန်းများထိ နည်းပညာပိုင်း အဆင့်ဆင့် တိုးတက်လာသလို မိုဘိုင်းဖုန်းများ၏ အသုံးတွင်ကျယ်မှုသည်လည်း တစ်ကမ္ဘာလုံးသို့ မြန်ဆန်စွာ ပျံ့နှံ့ခဲ့သည်။
အချမ်းသာ အကြွယ်ဝဆုံး လူပုဂ္ဂိုလ် အချို့ကမူ မိုဘိုင်းဖုန်းကို လိုအပ်ချက်အတွက် အသုံးပြုရန်သာ မကဘဲ အဆောင်အယောင် တစ်ခုအနေဖြင့်ပါ ကိုင်ဆောင်ရန် ဆန္ဒရှိလာသည်။ ယင်းဆန္ဒကို နာမည်ကျော် လက်ဝတ်ရတနာ လုပ်ငန်းများ၊ ဖက်ရှင်လုပ်ငန်းများက လက်တွေ့ဖြည့်ဆည်းပေးလိုက်သည့်အခါ သာမန်လူများ လက်လှမ်းမမီနိုင်လောက်အောင် တန်ဖိုးမြင့်မားသည့် မိုဘိုင်းဖုန်းများ ဖြစ်လာသည်။
မိုဘိုင်းဖုန်း ယဉ်ကျေးမှု တစ်စထက်တစ်စ တွင်ကျယ်လာသည့် ကာလတစ်လျှောက် ဒီဇိုင်းပိုင်း ပံ့ပိုးအားဖြည့်မှုများဖြင့် ဖန်တီးခဲ့သည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဖုန်း(၁၀)မျိုးကို စုစည်းဖော်ပြအပ်ပါသည်။

၁။ iPhone Diamond Rose Edition (ဒေါ်လာ ၈ သန်း)

ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်းအဖြစ် ရပ်တည်နေသော iPhone Diamond Rose Editionကိုလည်း ဟုဂ်ျစ်ပင် ဖန်တီးခဲ့ခြင်းကြောင့် ၎င်းသည် ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းနှစ်လုံး၏ ဒီဇိုင်းပိုင်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Rose Goldခေါ် ပန်းရောင်ဘက်ယိမ်းသည့် ရွှေနှင့်ကြေးနီ သတ္တုစပ်ကို အသုံးပြုပြီး ကိုယ်ထည်ကို တည်ဆောက်ထားသည်။
ဖုန်း၏ ဘေးဘက်ဘောင်တွင် စိန်ပွင့်ပေါင်း (၅၀၀)မျှကို မြှုပ်နှံတပ်ဆင်ထားပြီး ဖုန်းနောက်ဘက်ရှိ Apple တံဆိပ်ပေါ်တွင်ပင် စိန်(၅၃)ပွင့်ဖြင့် ထည့်သွင်း အလှဆင်ထားသည်။
Home Button၏ အလယ်တည့်တည့်တွင် (၇.၄)ကရက် ပန်းရောင်စိန်ပွင့်ကြီးကို တပ်ဆင်ထားပြီး ယင်း၏ ဘေးဘက်တွင် စုစုပေါင်း (၈)ကာရက် အလေးချိန်ရှိ စိန်ဖြူပွင့်များဖြင့် ဝန်းရံထားသည်။

၂။ Goldsticker iPhone 3G Supreme (ဒေါ်လာ ၃.၂)သန်း




ဒီဇိုင်နာ စတူးဝပ်ဟုဂ်ျစ်၏ ဖုန်းတွင် ကိုယ်ထည်ကို (၂၇၁)ဂရမ် အလေးချိန်ရှိ ရွှေသားစစ်စစ်ဖြင့် သွန်းလုပ်ထားပြီး စိန်ပွင့်(၅၃)ပွင့်ကို အနားသတ် တပ်ဆင်ထားသည်။
Home Button နေရာတွင် မြှုပ်ထားသည့် အရည်အသွေးမြင့် စိန်ပွင့်ကြီးမှာ (၇.၁)ကရက် အလေးချိန်ရှိပြီး လုံးဝန်းသေသပ်စွာ သွေးထားခြင်း ဖြစ်သည်။

၃။ King’s Button iPhone 3G (ဒေါ်လာ ၂.၄ သန်း)







ယခုဖုန်းသည်လည်း အေလွိုက်စ်ဆန်၏ ဖန်တီးမှုပင်ဖြစ်ပြီး လက်ရာမြောက်စွာ သွေးထားသည့် စိန်(၁၃၈)ပွင့်ကို ဘောင်အနားသတ်တွင် ဝန်းရံ တပ်ဆင်ထားသည်။
ဖုန်း၏ Home Button နေရာတွင် (၆.၆)ကရက်ရှိ စိန်ဖြူပွင့်ကြီးကို မြှုပ်နှံထားသည်။ ဖုန်း၏ ရှေ့ဘက် စိန်ပွင့်များ စီခြယ်ထားသည့် လိုင်းတစ်လျှောက်ကိုလည်း ရွှေသားဖြင့် ပြန်၍ ကွပ်ကာ ဒီဇိုင်းဖော်ထားသည်။

၎။ JSC Ancort’s Diamond Crypto (ဒေါ်လာ ၁.၃ သန်း)




ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်း (၁၀)လုံးစာရင်းတွင် တတိယမြောက် ပါဝင်လာသည့် အေလွိုက်စ်ဆန်၏ လက်ရာဖြစ်သည်။
ဖုန်း၏ ရှေ့ဘက် ဘေးဘောင်များတွင် စိန်ပွင့်(၅၀)ကို ထည့်သွင်းမြှုပ်နှံထားသည်။ အဆိုပါ စိန်ပွင့်များအနက် အပေါ်ဆုံး အပိုင်းမှ (၁၀)ပွင့်သည် ရှားပါးသည့် စိန်ပြာများ ဖြစ်ကြသည်။
ဖုန်း၏ ကိုယ်ထည်တွင် ရွှေဖြင့်ကွပ်ထားသည့် အစိတ်အပိုင်းများလည်း ပါဝင်ပြီး ထုတ်လုပ်ရောင်းချစဉ်က အဆင့်အမြင့်ဆုံး လုံခြုံရေး စနစ်များကိုပါ Ancortက ထည့်သွင်းပေးထားသည်။

၅။ Goldvish Le Million (ဒေါ်လာ ၁.၂ သန်း)




တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် လက်ပတ်နာရီများကို ဒီဇိုင်းထုတ်ရာတွင် အလွန်နာမည်ကြီးသည့် အီမန်နျူရယ်လ် ဂူယတ်က ရွှေဖြူသားဖြင့် ယခုဖုန်း၏ ကိုယ်ထည်ကို သွန်းလုပ်ခဲ့သည်။
ထို့အပြင် (၂၀)ကရက်စာ WS1 စိန်ပွင့်များဖြင့် စီခြယ်အလှဆင်ထားသည်။ ဆွစ်ဇာလန်တွင် စတင်ပြသစဉ် (၂၀၀၆)ခုနှစ်၊ စက်တင်ဘာလက ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စာအုပ်အတွင်း၌ ကမ္ဘာ့တန်ဖိုး အကြီးဆုံး မိုဘိုင်းလ်ဖုန်းအဖြစ် အသိအမှတ်ပြု ဖော်ပြခံခဲ့ရဖူးသည်။
အဆိုပါဖုန်းကို ကိန်းစ်မြို့တွင် ကျင်းပသည့် သန်းကြွယ်သူဌေးများ ဈေးပွဲတော်တွင် ဒေါ်လာ (၁.၂)သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

၆။ Gresso Luxor Las Vegas Jackpot (ဒေါ်လာ ၁ သန်း)




မိုဘိုင်းလ်ဖုန်း တစ်လုံးအတွက် ပထမဆုံးအကြိမ် ဒေါ်လာသန်းနှင့်ချီ တန်ဖိုးမြင့်တက်စေသည့် မှတ်တိုင်ကို (၂၀၀၅)ခုနှစ်တွင် Gressoက စိုက်ထူခဲ့သည်။
ဆွစ်ဇာလန်တွင် စတင်ပြသ ရောင်းချခဲ့သော အဆိုပါဖုန်းသည် (၁၈၀)ဂရမ် အလေးချိန်ရှိ ရွှေသားစစ်စစ်ဖြင့် သွန်းလုပ် ဖန်တီးထားပြီး နောက်ဘက်ပိုင်းတွင်မူ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး သစ်သားဖြင့် ကပ်ထားသည်။
အဆိုပါ သစ်သားကို အာဖရိက တောနက်ကြီးများထဲမှ နှစ်ပေါင်း(၂၀၀)ကျော် သက်တမ်းရှိ သစ်ပင်ကြီးများမှ ရရှိပြီး ရှားပါးတန်ဖိုးကြီးလှကြောင်း သိရသည်။
ဖုန်းကို အလှဆင်ရန်အတွက် ထိုကဲ့သို့ သစ်သားနှင့် ရွှေသားတို့ကိုသာမကဘဲ ခလုတ်များထဲတွင် နီလာကျောက်လေးများကိုပါ မြှုပ်နှံတပ်ဆင်ပေးထားသေးသည်။

၇။ Vertu Signature Cobra (ဒေါ်လာ ၃၁၀၀၀၀)







ပြင်သစ်မှ လက်ဝတ်ရတနာ လုပ်ငန်းကြီး တစ်ခုဖြစ်သော Boucheronက ဖန်တီးပြီး Limited Edition အဖြစ် စုစုပေါင်း ဖုန်း(၇)လုံးသာ ရောင်းချခဲ့သည်။
ဖုန်း၏ နံဘေးတွင် ကျောက်မျက်ရတနာ စီခြယ်ထားသည့် မြွေဟောက်ကြီးများ တွယ်ဆက်နေသည့်နှယ် အလှဆင်ထားပြီး အောက်ဘက်တွင် အဝိုင်းပုံ သွေးထားသည့် စိန်ပွင့်တစ်ပွင့်စီကို ချိတ်ဆွဲထားသည်။
မြွေဟောက်ပုံ၏ အရောင်ကွဲပြားမှုအလိုက် ပတ္တမြား၊ နီလာစသည့် ကျောက်များကို ရွေးချယ်အသုံးပြုထားပြီး စိန်ပွင့်ငယ်များကိုပါ အားဖြည့် အလှဆင်ပေးထားသည်။

၈။ Sony Ericsson Black Diamond (ဒေါ်လာ ၃၀၀၀၀၀)




ဒီဇိုင်နာ ဂျာရာဂေါက Polycarbonate မှန်သားကို အသုံးပြုပြီး အလှဆင် ဖန်တီးထားသည့် ဖုန်းတွင် အရည်အသွေး အလွန်ကောင်းသော စိန်ကြီးနှစ်ပွင့်ကို မြှုပ်နှံတပ်ဆင်ထားသည်။
ပထမစိန်ပွင့်မှာ Navigation Buttonပေါ်တွင်ဖြစ်ပြီး ကျန်တစ်လုံးကိုမူ ဖုန်း၏ နောက်ကျောဘက်တွင် နေရာချ အလှဆင်ထားသည်။

၉။ iPhone Princess Plus (ဒေါ်လာ ၁၇၆၀၀၀)




ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းလ်ဖုန်းများ၏ နံပါတ်(၉) နေရာမှ iPhoneကိုလည်း အေလွိုက်စ်ဆန်ကပင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဖုန်း၏ ကိုယ်ထည်ကို ရွှေသားစစ်စစ်ဖြင့် မှာယူခဲ့သည်။ ယင်းအပေါ်တွင် တောက်ပအရောင်တက်အောင် သွေးထားသည့် စိန်ပွင့်(၁၈၀)ပွင့် အပြင် အရွယ်အစား ပြောင်းလဲပြီး သွေးထားသည့် စိန်ပွင့်(၁၃၈)ပွင့်ကိုပါ ဖြည့်စွက်ပြီး လှပစွာ အနားသတ်ပေးထားသည်။

၁၀။ Peter Aloisson’s Nokia Arte (ဒေါ်လာ ၁၃၄၀၀၀)







တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းများအတွက် ဒီဇိုင်းရေးဆွဲပေးသည့် ဩစတြေးလျ ပညာရှင် ပီတာ အေလွိုက်စ်ဆန်၏ လက်ရာဖြစ်သည်။
Nokia၏ Arteဖုန်းလေးကို 3.15megapixel ကင်မရာ တပ်ဆင်ပြီး ရွှေသားကိုယ်ထည်ဖြင့် သီးသန့် မှာယူခဲ့သည်။
အဆိုပါ ဖုန်း၏ ကိုယ်ထည်ပေါ်တွင် ပန်းရောင်နှင့် အဖြူရောင် စိန်ပွင့်ပေါင်း (၆၈၀)ကို တပ်ဆင်ထားပြီး ဒေါ်လာ (၁၃၄၀၀၀)ထိ တန်ဖိုးကျသင့်ခဲ့သည်။

TopTeny





 


 


 


 


 


 


 


 


 


 
အဲ့ဒီနေ့ညနေ
တိုက်ခတ်သွားတဲ့လေပြေက
ခရမ်းရောင်ရနံ့တွေနဲ့
ငါ့နာထင်ကိုဝင်ဆောင့်သွားတယ်..
အလိုက်သင့်ပါမသွားချင်ဘူး
ငါကျောက်ဆောင်တွေလို
မာန်တင်းထားလိုက်ရင်းနဲ့
အတ္တရဲ့တောင်ပံကိုဖြန့်ကျက်ထားခဲ့တယ်..
မျက်နှာမှာတော့
အပေါစားမျက်ရည်တွေ
သောက်သောက်လဲကြွေကျလို့ပေါ့..
တကယ်တော့ငါဟာ
နတ်ဆိုးတစ်ကောင်ကိုအားကျခဲ့တဲ့
မျောက်တစ်ကောင်ပါ..


19.6.14

အားပေးမှုနှင့် တွန်းအားပေးမှုကို ခွဲခြားမြင်နိုင်ရဲ့လား

များသောအားဖြင့် လူအများကတော့ သူတို့တွန်းအားပေးနေတာကို အားပေးနေတယ်လို့ပဲ မြင်ကြပါတယ်။ဥပမာ - ကလေးတစ်ယောက် စာမလိုက်နိုင်လို့ စာလိုက်နိုင်အောင်ဆိုပြီးတော့ ရိုက်နှက်ပြီး သင်ကြားပေးတာဟာ အားပေးတာလား။

တွန်းအားပေးမှုနှင့် အားပေးမှုဟာ ပါးပါးလေးပဲကွာပါတယ်။ကလေးတစ်ယောက်ကို တောင်အောင်၊ကျောင်းစာတွေကျက်ခိုင်းမယ်၊ကျူရှင်တွေသင်၊ဂိုက်တွေခေါ်တာ အားပေးတာလို့ ဆိုနိုင်ပေမယ့် အဆင့် ၁ ရအောင်လုပ် မရရင် ဘာလုပ်မယ်၊ဘာမပေးဘူး ဆိုတာမျိုးက တွန်းအားပေးရာရောက်ပါတယ်။တွန်းအားပေးတာခံရလေလေ ပေါက်ကွဲမှုပြင်းထန်လေလေပါပဲ။
ကလေးသူငယ်အခွင့်အရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။" ကလေးကို မိဘက တွန်းအားပေး၊ဖိအားပေးတာများလာရင် စိတ်မြန်လက်မြန် ဒေါသထွက်တဲ့ ကလေးဆို ပေါက်ကွဲမှုတွေဖြစ်မယ်။မိဘစကားနားထောင်ပြီး တွန်းအားပေးတာတွေကို လိုက်လံလုပ်နေရတဲ့ ကလေးတစ်ယောက်ဆိုရင်တော့ ပေါက်ကွဲအား အရမ်းပြင်းမယ်။အဲလိုလူတွေဟာ မပေါက်ကွဲသေးရင်တော့ အေးဆေးပဲ ပေါက်ကွဲသွားရင်တော့ အရမ်းကြောက်စရာကောင်းတတ်သွားကြတယ်။"

လူတစ်ယောက်ကို အားပေးချင်ရင် သူ့ကိုလက်ခုပ်တီးပေးပါဆိုတဲ့ အတိုင်းပဲ လူငယ်တွေကို အားပေးအားမြှောက်ပြုလုပ်ရပါမယ်။လူငယ်တွေကို သူနဲ့ သက်ဆိုင်တဲ့၊သူလုပ်နိုင်လောက်တဲ့ အရာတွေကို ယုံယုံကြည်ကြည်နဲ့ ပြုလုပ်ခိုင်းပြီးတော့ အားပေးမြေတောင်မြှောက်ပေးရပါမယ်။အဲဒါကို အားပေးတယ်လို့ခေါ်ပါတယ်။

ဒါပေမယ့် အဲဒီကိစ္စကို အခုမှ စလုပ်ဖူးတဲ့ အတွက်ကြောင့် အမှားတစ်စုံတစ်ရာပါလာခဲ့လို့ ရှိရင် အော်ဟစ်ကြိမ်းမောင်းတာ၊ဆူပူတာ၊ဒေါသူပုန်ထတာတွေဟာ တွန်းအားတွေ ဖြစ်သွားပါတယ်။အဲဒီလူငယ်ဟာ မှားမှာလဲကြောက်ရ ဘယ်လိုလုပ်ရမှန်းလဲ သိပ်မသိတော့ စိတ်ဖိစီးမှုတွေနဲ့ သိမ်ငယ်မှုတွေ ခံစားသွားရနိုင်ပါတယ်။

ဥပမာလေးတစ်ခုပြောပါတယ်။ကျွန်တော့် သူငယ်ချင်း ရဲ့အကြောင်းပါ။ကချင်နွယ်ဝင်ဖြစ်ပါတယ်။ထိုင်းနိင်ငံကပါ။သူပြောတာကတော့ သူဟာ ထိုင်းဘက်ကအဖွဲ့တစ်ခု မှာအလုပ်ဝင်ပါတယ်။NGO သဘောမျိုးပါ။သူတို့ဆီမှာ လူငယ်နဲ့ လူကြီး နှစ်ဖွဲ့ရှိပါတယ်။လူငယ်အဖွဲ့မှာလဲ လူငယ် MD ရှိပြီးတော့ လူကြီးမှာလဲ လူကြီး MD နဲ့ပါ။လူကြီးတွေက သူတို့လုပ်စရာတွေကို လူငယ်တွေကို လွှဲထားပါတယ်။ဥပမာ လူကြီး မန်နေဂျာတစ်ယောက်က လူငယ်မန်နေဂျာကို ဘယ်လိုလုပ်ရမယ်၊ကိုင်ရမယ်ဆိုတာကို သင်ပေးပြီးတော့ အလုပ်တွေခိုင်းပါတယ်။

ကျွန်တော့်သူငယ်ချင်းကတော့ ရန်ပုံငွေရှာဖွေရေးဘက်မှာ တာဝန်ကျပါတယ်။တစ်ခါတော့ သူရန်ပုံငွေမှာ အမှားဖြစ်ပါတယ်။ကိန်းဂဏန်း တော်တော် ကြီးပါတယ်။သူက လုံးဝစိတ်ဓါတ်ကျပြီးတော့ " ငါတော့ သေပြီ" ဆိုတဲ့ စိတ်တွေဖြစ်နေပါတယ်။မကြာခင်မှာ သူ့ကို မန်နေးဂျင်းက ရုံးခန်းထဲခေါ်ပါတယ်။သူလန့်လန့်နဲ့ လိုက်သွားတာပေါ့။

မန်နေးဂျင်းက ဘာပြောလဲဆိုရင် "လူဆိုတာမှားမှာပဲ။ငါတို့တောင်မှာ အမှားပေါင်း သောင်းခြောက်ထောင်လောက်ကို ဖြတ်သန်းပြီးတော့မှ ဒီနေရာရောက်ခဲ့တာ။မင်းက အခုမှ ဒီအမှားပဲမှား ဖူးသေးတာ၊တစ်ခုပဲရှိတယ်။နောက်ဒီလိုအမှားမျိုး မဖြစ်အောင် ဘယ်လိုလုပ်မယ် ဆိုတာကို အစီရင်ခံစာရေးပါ" အဲလိုပြောလိုက်တော့ သူအားတက်သွားတယ်။ကြားရမယ်လို့ကို ထင်မထားတဲ့စကားကိုကြားရတာပါ။ပြီးတော့ သူ့ရဲ့အမှားကို လူကြီးအဖွဲ့က သိလို့ နောက်ကပြန်လိုက်ထားတာရှိပါတယ်။လူကြီးအဖွဲ့က လူတွေက ပြန်အဖြေရှာပြီးတော့ ဖြေရှင်းလိုက်ပါတယ်။လူငယ်တွေ တစ်ချိန်မှားမှာ ကိုသိလို့ လူကြီးဝန်ထမ်းတစ်ယောက်က အနောက်ကနေ ပံ့ပိုးလုပ်ဆောင်ထားတာရှိပါတယ်။

အမှန်ဆိုရင် အခုလို လူငယ်တွေကို တတ်နိုင်သလောက်အားပေးလုပ်ကိုင်သင့်ပါတယ်။လူကြီးတွေက အတွေ့အကြုံတွေအရ လူငယ်တွေကို မှားတာတွေ၊ပြန်ပြင်စရာရှိတာတွေကို သင်ပေးပါတယ်။အခုနောက်ပိုင်း ကုမ္မဏီကြီးတွေဆိုရင် အခုလို လူငယ်၊လူကြီး လက်တွဲဆောင်ရွက်တာတွေ ရှိနေပါပြီ။ဆမ်ဆောင်းနဲ့ မတ်ဆူရှီတာ တို့တောင်မှ လူငယ်အဖွဲ့ကို ဖွဲ့စည်းလုပ်ကိုင်နေပါတယ်။

ကျွန်တော်တို့နိုင်ငံမှာက လူကြီးတွေက လူငယ်တွေကို လက်တွဲမခေါ်ဘဲ သုံးစားမရဘူးဆိုပြီးတော့ ဖယ်ထားကြပါတယ်။တစ်ချို့ကလဲ လက်တွဲခေါ်ပါတယ်။ဒါပေမယ့် တွန်းအားပေးသလိုဖြစ်နေပါတယ်။အဲဒီတော့ လူငယ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာ တစ်နေ့ထက်တစ်နေ့ နိမ့်ကျလာပါတယ်။လူဆိုတာ တစ်ချိန်မှာ သေမှာပါ။နောက်တက်လာတဲ့ လူကို နေရာမဖယ်ပေးချင်ဘူးဆိုတာ သေမှာကို မသိသေးတဲ့သူတွေပါ။အခြားနိုင်ငံတွေက လူငယ်တွေကို တစ်ဆင့်တစ်ဆင့် ဆွဲခေါ်နေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံမှာတော့ လူငယ် ခါးဆက်ပြတ်နေပါတယ်။ဒီအတိုင်းသာ ဆက်သွားမည် ဆိုပါလျင်

မောင်စိုင်း
ချာလီချက်ပလင် ပြောတဲ့ စကားသုံးခွန်း

(၁) လောကမှာ ဘယ်အရာမှ မမြဲဘူး တစ်ချိန်ကျရင် 

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးလည်း ပျက်စီးမှာပါပဲ။
(၂) မျက်နှာပေါ်က အပြုံးကို အလွယ်တကူ မြင်နိုင်ပေမယ့် 

ရင်ထဲက ပူဆွေးသောက တွေကို ဘယ်သူမှ မမြင်နိုင်ဘူး။
(၃) ဘဝရဲ့ နေဝင်ချိန်ကို ပျော်ရွှင်မူတွေနဲ့ပဲ

 ဖြတ်ကျော်နိုင်အောင် ကြိုးစားပါ။

18.6.14

ဘာကြောင့် E-Government ကို အာရုံထားရသလဲ ...
E-Government ကိုပြောင်းလဲမယ်ဆိုရင် နည်းပညာဟာ အဓိကအသက်ပဲ။ E-Government ကိုပြောင်းလိုက်ခြင်းအားဖြင့် လူထုနဲ့ တိုင်းပြည်မှာရှိတဲ့ စီးပွါးရေးတွေကိုတိုးမြင့်စေမှာ အမှန်ပါ။ ကမ္ဘာ့စီးပွါးရေးထဲမှာ ထဲထဲဝင်ဝင်လုပ်ကိုင်နိုင်လာမယ်။ အဆင့်မြင့်အလုပ်အကိုင်တွေ ပေါများလာမယ်။ တကယ်လို့များ အစိုးရအဖွဲ့အစည်းတွေသာ ဒီလို E-Government ပြောင်းလဲမှုများမပါဝင်ခဲ့ဘူးဆိုရင် သတင်းအချက်အလက်ထိန်းချုပ်မှုတွေ၊ အစိုးရပိုင်းဆိုင်ရာလုပ်ငန်းထိန်းချုပ်မှုတွေ၊ နိုင်ငံနေပြည်သူနဲ့ စီးပွါးရေးထိန်းချုပ်မှုတွေ၊ နိုင်ငံပိုင်ဥပဒေထိန်းချုပ်မှူတွေမှာ အချိန်၊ ငွေ၊ လူအင်အား စိုက်ထုတ်ထားသလောက် (ရင်းနှီးမြှုပ်နှံထားသလောက်) အကျိုးကျေးဇူးသက်ရောက်မှုကတော့ မျှော်မှန်းထားသလောက်မရနိုင်ဘူးဖြစ်နေမှာပါပဲ။ E-Government တည်ဆောက်ပြီး အသုံးချမှုဟာ လက်ရှိအစိုးရရဲ့ လုပ်ငန်းစဉ်တွေကို အရှိန်အဟုတ်မြင့်တိုးတက်စေလိမ့်မယ်။ နည်းစနစ်မှန်မှန်နဲ့ လက်တွေ့အသုံးချမယ်ဆိုရင် စီးပွါးရေးဖွံ့ဖြိုးမှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေမှာ ပို (ပို)ပြီး လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။
လက်တွေ့မှာမလွယ်ကူ
=============
Electronic Government တည်ဆောက်ဖို့ဆိုတာ တစ်ကယ်တမ်း မလွယ်ကူသလို ငွေကြေးကုန်ကျမှု ဈေးနှုန်းသက်သက်သာသာနဲ့ မဖြစ်နိုင်ပါဘူး။ တည်ဆောက်ရေးကာလမှာတော့ ပင်ပန်းပါလိမ့်မယ်။ ပြည်သူလူထု၊ နည်းပညာရှင်နဲ့ အစိုးရပူးပေါင်းပြီး E-Government တည်ဆောက်မှုမှာ အင်တိုက်အားတိုက်ကြိုးစားရပါမယ်။ ကြိုးစားတည်ဆောက်နေချိန်မှာလည်း ဘာကြောင့် ငါတို့ ဒါကြီးကိုလုပ်နေရလဲဆိုတာ အပြည့်အဝနားလည်ထားရပါမယ်။ E-Government ဆိုတာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု၊ ငွေကြေးချွေတာမှု နဲ့ အစိုးရကောင်းမွန်မှုတို့အတွက် ဖြတ်လမ်း တစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ E-Government ကို အသုံးချရင်း ကျွမ်းကျင်မှုအပိုင်းကိုရောက်ရှိလာပြီဆိုရင်တော့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု၊ ငွေကြေးချွေတာမှု နဲ့ အစိုးရပိုင်းကလည်း ပိုပြီးကောင်းမွန်အောင် ပြုပြင်ဖန်တီးမှုတွေကို ရယူနိုင်ပါလိမ့်မယ်။
ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူထုကလည်းကြောက်ရွံနေမယ်၊ အစိုးရကိုလည်းသိပ်မယုံချင်ဘူး၊ ယိုင်နဲ့နဲ့အခြေအနေလေးနဲ့ E-Government တည်ဆောက်ရေးစီမံကိန်းကို မြန်မြန်ဆန်ဆန်ကြီးလုပ်လိုက်ကြရင် စီးပွါးရေးအရရော၊ နိုင်ငံရေးအရမှာပါ ဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။
နိုင်ငံရဲ့ခေါင်းဆောင်ပိုင်းတွေက ဥပဒေလေးရေးနေရုံ၊ အမိန့်တွေထုတ်ရုံလေးနဲ့ (ရိုးရိုးလေး၊ ထုံးစံအတိုင်း) လုပ်နေရုံလေးနဲ့ E-Government ဆီသို့ အလုံးစုံမပြောင်းလဲနိုင်ပါဘူး။ အစိုးရအနေနဲ့ တွေးတောမှု၊ မြင်သာထင်သာရှိမှု၊ ပြောင်းလဲမှုတွေ၊ အစိုးရဌာနဆိုင်ရာအချင်းချင်း၊ အစိုးရနဲ့စီးပွါးရေးလုပ်ငန်းများအချင်းချင်း၊ အစိုးရနဲ့ပြည်သူလူထုအချင်းချင်း သတင်းအချက်အလက်တွေကို ဘယ်လိုပုံစံမျိုးဖြန့်ဝေသလဲ။ တရားဝင်ပြောင်းလဲဖို့ အမှန်တကယ်လိုအပ်ပါတယ်။ အစိုးရရဲ့ပြောင်းလဲမှုတွေနဲ့ နိုင်ငံစီးပွါးရေးလုပ်ငန်းတွေနဲ့အတူ နိုင်ငံတွင်းတစ်ဦးချင်းစီးပွါးရေးလုပ်ငန်းတွေ (ကုမ္ပဏီအကြီးမှသည် လုပ်ငန်းငယ်လေးများထိ)၊ လိုက်လံပြောင်းလဲပေးဖို့ အဆင့်မြှင့်ပေးဖို့လည်းလိုအပ်ပါတယ်။
ICT
=====
နောက်တစ်ချက်ကတော့ E-Government ပြောင်းလဲဖို့ဆိုရင် ICT ကို ပြည့်ပြည့်ဝဝအသုံးချရပါတော့မယ်။ ဒါမှလည်း E-Government ကို အင်အားပြည့်လည်ပတ်နိုင်ပါလိမ့်မယ်။ ဟုတ်ပြီ ဒီအတွက် စွမ်းအင်လုံလောက်မှုရောရှိနေပြီလား။ ဒီတစ်ချက်ကလည်း အရေးကြီးပါတယ်။ E-Government ဆိုတာ ဌာနဆိုင်ရာတိုင်းကို စွမ်းအင်ပြည့်ကွန်ပျူတာလေးတွေ ထပ်မံဖြည့်စွက်ပေးရုံလောက်နဲ့ ဖြစ်မလာနိုင်ပါဘူး။ ဒီလိုဖြည့်တင်းချက်ဟာလည်း အရင်လုပ်ထုံးလုပ်နည်းအဟောင်းကြီးဖြစ်တဲ့ လယ်ဂျာစာအုပ်တွေ၊ စာရွက်အထပ်လိုက်ကြီးတွေထဲက အချက်အလက်တွေကို နေရာများများနဲ့မြန်မြန်ဆန်ဆန် ကွန်ပျူတာထဲထည့်သွင်းဖို့အတွက်လောက်ပဲ တတ်နိုင်ပါလိမ့်မယ်။ ဒီတော့ E-Government ပြောင်းလဲရေးမှာ ဦးဆောင်သူများဟာ ICT နည်းပညာကို အပြည့်အဝအသုံးချနိုင်မှသာ အဆင်ပြေပါလိမ့်မယ်။ နိုင်ငံတစ်ခုလုံးဟာ ICT နည်းပညာတွေကို နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်ဖြင့်ကိစ္စတိုင်းလိုလိုမှာ အပြည့်အဝအသုံးချဖို့အတွက်ပါ။ ဒီအတွက်လည်း အစစအရာရာတွေးထားသင့်ပါသေးတယ်။ ICT နည်းပညာတွေသာလျှင် E-Government ပြောင်းလဲရေးအတွက် အင်အားကြီးအရာတစ်ခုပါ။ ဒါကိုတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။
E-Government ကို အတိအကျနဲ့ နည်းစနစ်ကျကျတွက်ချက်ပြီး ပြောင်းလဲရပါမယ်။ ဒီလိုမှမဟုတ်ပါဘဲ လုပ်ငန်းတိုင်းလိုလိုမှာ ကွန်ပျူတာအသုံးချရုံ၊ အချက်အလက်တွေထည့်နေရုံနဲ့ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါတွေအပြင် "Information Society" ဖွံ့ဖြိုးမှုကိုလည်း ထောက်ပံ့ပေးနိုင်ရပါမယ်။ ဒါမှသာ ပြည်သူလူထုတွေဟာ တိကျခိုင်မာတဲ့ သတင်းအချက်တွေကို အသုံးချနိုင်ပါလိမ့်မယ်။ သတင်းအချက်အလက်တိကျခိုင်မာမှုရှိခြင်း၊ မရှိခြင်း၊ မြန်ဆန်ခြင်း၊ နှေးကွေးခြင်းကလည်း အရေးကြီးတဲ့ သော့ချက်တစ်ခုပါ။
===========
နိုင်ငံတစ်ခုက အစိုးရအဖွဲ့အစည်းဟာ "Information Society" ကို ဖန်တီးထောက်ပံ့ပေးရပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ E-Government ဖော်ဆောင်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခုအဖြစ်ရှိနေလို့ပါပဲ။ ပြည်သူလူထု၊ စီးပွါးရေး၊ ကျောင်းတွေ၊ အများဆိုင်ရာအုပ်ချုပ်မှုတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအားလုံးကြားမှာ E-Government ဟာ သတင်းအချက်တွေကို မှန်မှန်ကန်ကန်၊ တိတိကျကျ စီးဆင်းနေစေလို့ပါပဲ။
သတင်းအချက်အလက်ကွန်ရက်နဲ့ ICT နည်းပညာတွေဟာ လူသားတိုင်းလုပ်ငန်းတွေနဲ့ နေ့စဉ်လှုပ်ရှားမှုဘဝတွေမှာ အရေးပါလို့လာနေပါပြီ။



17.6.14

"၉၉ အဖွဲ့"

တစ်ခါတုန်းက စည်းစိမ်ခံစားရတဲ့ သူ့ဘ၀ကိုသူ မကျေမနပ်ဖြစ်နေတဲ့ ဘုရင်တစ်ပါးရှိသတဲ့ ..

တစ်နေ့မှာ ဘုရင်ဟာ လမ်းလျှောက်လာတုန်း ပျော်ရွှင်စွာ သီချင်းသီဆိုပြီး အလုပ်လုပ်နေတဲ့ သူ့ရဲ့ အစေအပါးကိုတွေ့တော့ နုံချာလှတဲ့ သူ့ဘ၀မှာ ဘာကြောင့် ဒီလိုအပူအပင်ကင်းကင်း ပျော်နေနိုင်တာလဲဆိုပြီး အံ့သြသွားတယ်။

အစေခံကိုဘုရင်ကမေးလိုက်တယ် ..
"မင်းဘာကြောင့် ဒီလိုသိပ်ပျော်ရွှင်နေနိုင်ရတာလဲ"
အစေခံက ပြန်ပြောတယ်
"အရှင်မင်းကြီးခင်ဗျာ၊ ကျွန်တော်ဟာ အစေခံတစ်ယောက် ဆိုပေမယ့်၊ ကျွန်တော်မျိုးအတွက် သိပ်များများ မလိုပါဘူး၊ ကျွန်တော့်မျိုးရဲ့ မိသားစုအတွက် အမိုးလုံလုံတစ်ခုနဲ့ ၀မ်းကိုဖြည့်ဖို့ ပူပူနွေးနွေး အစားအစာအချို့ ရှိနေရင် လုံလောက်ပြီမို့ ဒီလိုပျော်နိုင်တာပါ"

ဘုရင်ကြီးက ဒါအဖြေကို မကျေနပ်လို့ သူ့အကြံပေးအမတ်ကို ပြောပြတိုင်ပင်
မေးခွန်းထုတ်လိုက်တယ်။
ဒီတော့ အကြံပေးအမတ်ကြီးက ...
"အရှင်မင်းကြီး၊ ဒီအစေခံဟာ ၉၉ အဖွဲ့ရဲ့ အဖွဲ့ဝင်မဟုတ်သေးလို့ ဒီလိုပျော်နိုင်တယ် ထင်ပါတယ်" လို့ ပြန်လည်လျှောက်တင်လိုက်တယ်။

"၉၉ အဖွဲ့ ဆိုတာဘာတုန်းကွ"

"အရှင်မင်းကြီး ၉၉ အဖွဲ့ကို သိချင်ရင်၊ အစေခံရဲ့ အိမ်ရှေ့လှေကားမှာ၊ ရွှေဒင်္ဂါး ၉၉ ပြားပါတဲ့ အိတ်တစ်အိတ်ကို သွားထားကြည့်လိုက်ပါ၊ အစေခံဟာ ထိုအိတ်ကို တွေ့ပြီး ဖွင့်ကြည့်ပါလိမ့်မယ်၊ ထိုအခါ သူဟာ ရွှေဒင်္ဂါး ၉၉ ပြားကို တွေ့ပြီး၊ ဘယ်သူမှတော့ ကပ်သီးကပ်သပ် ၉၉ ပြားထဲ ထည့်ထားမှာ မဟုတ်ဘူး၊ ဒင်္ဂါးတစ်ပြား ဘယ်ပျောက်နေပါလိမ့် ဆိုပြီး လိုက်ရှာပါလိမ့်မယ်၊ ထို့နောက် ရှာရတာမောပန်းလာပြီး၊ သူဟာ ဒီအိတ်မှာ လိုတဲ့ ရွှေဒင်္ဂါး တစ်ပြားကို ဖြည့်ဖို့ ယခင်ထက် ပိုပြီး အလုပ်တွေ လုပ်ပါလိမ့်မယ်၊ အိမ်က လူတွေကိုလည်း စုစုဆောင်းဆောင်းနေဖို့၊ မသုံးမဖြုန်းဖို့ မြည်တွန် တောက်တီး
ပါလိမ့်မယ်။ အလုပ်လုပ်ချိန်မှာလည်း အရင်လို သီချင်းတညည်းညည်းနဲ့ မဟုတ်တော့ပဲ အလုပ်ပြီး အလုပ် လုပ်နေရင်၊ ဒင်္ဂါးတစ်ပြားရဖို့ အသည်းအသန် ကြိုးစားပါလိမ့်မယ်၊ ဒီအခါ သူ့မှာရှိတဲ့ ရောင့်ရဲပျော်ရွှင်မှု့တွေ ပျောက်ဆုံးပြီး သူဟာ ၉၉ အဖွဲ့ဝင်ဖြစ်လာပါလိမ့်မယ်" လို့ ရှင်းလင်းပြောပြလိုက်ပါတယ်။

ထို့နောက် သူကဆက်ပြီး ...
"၉၉အဖွဲ့ဝင် လူသားတွေဟာ သူတို့မှာရှိတဲ့ အနည်းအကျဉ်းသော ပိုင်ဆိုင်မှု့တွေနဲ့ ပျော်ရွှင်တင်းတိမ်နိုင်ပါရဲ့နဲ့ အပိုတစ်ခုရဖို့အတွက် ရုန်းကန်လှုပ်ရှား နေကြ၇ပါတယ်၊ သူတို့ဟာ ဒီတစ်ခုလေးရရင်တော့ ဘ၀အတွက် အေးချမ်းပြီဆိုတဲ့ အကြောင်းပြချက်နဲ့ အဲ့တစ်ခုအတွက် တစ်ဘ၀လုံး မပျော်မရွှင်နိုင်ပဲ ရုန်းကန်နေကြရင်း ပိုပိုပြီး လိုအပ်ချက်တွေ များလာနေကြတာပါ၊ ချမ်းသာပြီးရင်း ချမ်းသာချင်၊ ရှာပြီးရင်းရှာနေရင်းနဲ့ ဘ၀တွေ နေ၀င်ချိန်ရောက်သွားကြပါတယ်"

"သူတို့ဟာ ၉၉အဖွဲ့ရဲ့ အဖွဲ့ဝင်တွေပါပဲ"
ဆိုကရေးတီးဆိုတာ ကမ္ဘာကျော်ဂရိပညာရှင်ကြီးပါ။တစ်နေ့မှာတော့ ဆိုကရေးတီးဟာ ရေဆိပ်မှာ ထိုင်နေတယ် သူ့ဆီကို မျက်နှာသိလူတစ်ဦးရောက်လာပါတယ်။သူက ဆိုကရေးတီးကို " အတော်ပဲဗျ ခင်ဗျားကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်အကြောင်းပြောရဦးမယ်"

သူကပြောတော့ ဆိုကရေးတီးက " ကောင်းပြီ။မင်းပြောချင်ပြော ဒါပေမယ့် ငါ့ကိုစကားပြောရင် အခုနောက်ပိုင်း မေးခွန်းသုံးခုမေးမယ် ။အဲဒီအဆင့်တွေ ကျော်နိုင်မှ ငါ့ကို အဲဒီစကားပြော"

မျက်နှာသိလူကလဲ " ကောင်းပြီ "လို့ပြောလိုက်တယ်။

ဆိုကရေးတီးက စမေးတယ်။" ပထမမေးချင်တာကတော့ အမှန်တရား"
" မင်းသူငယ်ချင်းအကြောင်းပြောမယ်ဆိုတဲ့ အဲဒီအကြောင်းက မှန်တယ်လို့ မင်းထင်သလား"
မျက်နှာသိလူက" မှန်မမှန်တော့မသိဘူး။ကျုပ်လဲ သူများဆီကဆင့် ကြားလာတာဗျို့"
ဆိုကရေးတီးက "ဒါဆိုမင်းငါ့ကိုပြောမယ့်စကားက မမှန်ဘူးပေါ့ "

ထားပါတော့။နောက်မေးခွန်းကတော့ "ကောင်းရဲ့လား"
မင်းငါ့ကိုပြောမယ့် မင်းသူငယ်ချင်းအကြောင်းက သူ့ကောင်းကြောင်းလား"
မျက်နှသိလူကလဲ " ဘယ်ကလာကောင်းကြောင်းရမှာလဲ သူ့မကောင်းကြောင်းဗျ"
ဆိုကရေးတီးက "ဒါဆိုမင်းငါ့ကိုပြောမယ့် မင်းသူငယ်ချင်းအကြောင်းက မှန်လဲမမှန် ကောင်းလဲမကောင်းတဲ့ အကြောင်းကြီးပေါ့"

ဆိုကရေးတီးကပဲ " နောက်ဆုံးမေးခွန်းပဲ။ဒီမေးခွန်းမှန်လို့ ကတော့ ပြောပေတော့"
" နောက်ဆုံးမေးခွန်းကတော့ အသုံးဝင်ရဲ့လား"
" မင်းပြောမယ့် မင်းသူငယ်ချင်းအကြောင်းက ငါ့အတွက် ဘာအသုံးဝင်ရဲ့လဲကွ"
မျက်နှာသိလူမဖြေနိုင်တော့

အဲဒီတော့မှ ဆိုကရေးတီးက " မိတ်ဆွေ မင်းဟာငါ့ကို မှန်လဲမမှန် ကောင်းကြောင်းလဲမဟုတ် ငါ့အတွက်လဲဘာမှအသုံးမ၀င်တဲ့ စကားကို ငါ့ကိုလာပြောဖို့ကြိုးစားတယ်။ထိုစကားမျိုးကို ငါအလိုမရှိ။အလိုရှိတဲ့သူကိုသာ သွားပြောလော့။နောက်တစ်ခါမှတ်ထား ငါ့ကို သူများအကြောင်းလာပြောတော့မယ်ဆိုရင် ငါမေးတဲ့မေးခွန်းသုံးခုကို ဖြတ်နိုင်မှ ငါ့ကိုလာပြော၊အခုတော့ လစ်ပေတော့"

မျက်နှာသိလူလဲ ဆိုကရေးတီးစကားကိုမှတ်သားမိ၏။ဆိုကရေးတီးအား ဂါရ၀ပြုပြီးပြန်သွားလေသည်။ဆိုကရေးတီးကား ရေဆိပ်တွင်ထိုင်မြဲထိုင်နေလေ၏

မောင်စိုင်း


ဖယောင်းတိုင်လေး ၄ တိုင်ရှိတယ် ..

ဖယောင်းတိုင်လေးတိုင်စလုံးဟာ ဖြည်းညှင်းစွာလောင်ကျွမ်းနေပါတယ် ။ 

သူတို့ဘာတွေပြောလဲ နားထောင်ကြည့်ရအောင် ။

ပထမ ဖယောင်းတိုင်ကပြောတယ်

“ ငါက ငြိမ်းချမ်းရေးပါ ဘယ်သူတွေက ဘယ်လိုပဲငါ့ကို ထွန်းညှိပေမယ့် 

ငါယုံကြည်တယ် ငါသွားရမှာပဲ ” ဒီလိုနဲ့ ပထမယောင်းတိုင်ဟာ
 လေတချက်အဝှေ့မှာ မီးစာငြိမ်းပြီး ငြိမ်သက်သွားတယ် ။

ဒုတိယဖယောင်းတိုင်ကပြောတယ် ...

“ ငါက သစ္စာရှိမှုပါ အရာအားလုံးဟာ တည်မြဲမှုမရှိဘူးဆိုတာ 

ငါက ပြသတယ် ငါ အမြဲ မထွန်းလင်းနိုင်ဘူး
တချိန်သေဆုံးရမှာကိုလည်းငါသိတယ် ” 
အဲဒီလိုပြောပြီး ဒုတိယဖယောင်းတိုင်လည်းမီးငြိမ်းသွားပါတယ် ။

တတိယ ဖယောင်းတိုင်ကဆက်ပြောတယ်

“ ငါက ချစ်ခြင်းမေတ္တာပါ ငါ့မှာ ဆက်လက်ထွန်းလင်းဖို့ အတွက် 

အင်အားမရှိပါဘူး လူတွေက ငါ့ကိုဘေးမှာ 
ထားပြီးငါ့အသုံးဝင်ပုံကိုနားမလည်ကြဘူး 
အဲဒီလိုပဲ လူတွေက သူတို့အနီးဆုံမှာ ရှိနေတဲ့ 
အ၇ာတွေကို ချစ်ဖို့ မေ့နေတတ်ကြတယ် 
” ၀မ်းနည်းစွာ နဲ့ပြောပြီး တတိယဖယောင်းတိုင်လည်း 
မီးငြိမ်းပြီး ငြိမ်သက်သွားပါတယ် ။

ရုတ်တရက်ချက်ချင်းပဲ ကလေးငယ်တစ်ယောက်က အခန်းထဲကို ၀င်လာပြီး 

ဖယောင်းတိုင် ၃ တိုင် ဟာ မီးမတောက်ဘူးဆိုတာ တွေ့လိုက်ရတယ် ။ 
ကလေးငယ်က ၀မ်းနည်းစွာနဲ့ပဲ “ မင်းတို့ဘာလို့ မလင်းကြတော့တာလဲ 
ငါက မင်းတို့အဆုံးထိ ထွန်းလင်းကြမယ် ပဲ ထင်နေတာ ” 
ဆိုပြီး ၀မ်းနည်းစွာနဲ့ပြောတယ် ။

အဲဒီအခါ စတုတ္ထမြောက်ဖယောင်းတိုင်က ကလေးငယ်ကိုပြောတယ် ။

“ မကြောက်လန့်ပါနဲ့ ကလေးရယ် 

ငါကကိုယ်တိုင်လောင်ကျွမ်းခံနေရချိန်မှာတောင် 
တပါးသူကို ပြန်ပြီးအလင်းရောင် ထွန်းညှိပေးနိုင်ပါတယ် 
ငါ့နာမည်က မျှော်လင့်ခြင်းပါ ” တဲ့ ။
ကောင်လေးရဲ့ မျက်လုံးတွေတောက်ပသွားပြီး 
အဲဒီဖယောင်းတိုင်ကိုယူလို့ တခြားဖယောင်းတိုင်တွေကိုပါ 
ထွန်းညှိပေးလိုက်ပါတော့တယ် ။

===============================

မျှော်လင့်ခြင်း အလင်းရောင်ဆိုတာ 

ဘ၀မှာ ဘယ်တော့မှ သေဆုံးသွားခြင်းမရှိဘူး ။