လူတို့သည် လူမှုရေးအတွက် နေ့စဉ်အမျှ လှုရှားသွားလာလျက် စားသောက်နေထိုင်ရေး ကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်မှု
ကိစ္စရပ်များ၊ အမျိုးအနွယ်အလိုက် အပေါင်းအသင်း ဆက်ဆံရေးနှင့်
ယုံကြည်ကိုးကွယ်မှု ကိစ္စရပ်များ၊ တဦးနှင့်တဦး ရေမြေ တောတောင်
ဘယ်လိုပင်ခြားသော်လည်း တောတောင် ရှိုမြောင်များအကြား အခက်အခဲ
အမျိုးမျိုးဖြင့် ဖြတ်ကျော်သွားလာခဲ့သည်မှာ လွယ်ကူသည့်
ကိစ္စမျိုးမဟုတ်ပါချေ။
အခက်အခဲကြားမှ ကျော်လွှားဖြေရှင်းခဲ့သည့် ရှေးယခင်က အပြုအမူ လိမ္မာယဉ်ကျေးမှု (Civilization) အဆင့် အတန်းကို ဆိုလိုခြင်းဖြစ်သည်။
သျှမ်းပြည်နယ်
အပါအဝင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်
လုပ်ကိုင်စားသောက်လျက်ရှိကြကုန်သော တိုင်းရင်းသား လူမျိုးများသည်
ခေတ်စဉ်ကိုလိုက်၍ ၄င်းတို့ သုံးစွဲခဲ့သော လူသုံးပစ္စည်းအမျိုးမျိုးမှ
သုတေသနပြုလုပ်လျက်တွေ့ရှိသော အချက်အလက်များအရ မှတ်တမ်းတင်ခဲ့ပေသည်။
ထိုကဲ့သို့ သုတေသန ပြုလုပ်ခဲ့ရာမှ တွေ့ရှိချက်များ၊ လှည်းလမ်း၊ ကားလမ်း
မရှိသေးသည့်ခေတ် သမယ၌ အသုံးပြုခဲ့သော နွားဝန်တင် နှင့်ခေါင်းလောင်းသံ
အကြောင်းကို ဖောက်သည်ချရသည်သာလျှင်--
သျှမ်းတို့သည်
လှည်းလမ်း ပေါ်သေးခင် ကုန်ကူးရာ၌ ရှေ့ဆောင်နွား၊ ရှေ့သွားဥဿဖ မှာ
နွားဝန်တင်များအထဲမှ ရှေ့ဦးဆုံး အမြဲသွားတတ်ကြသော နွားအရွယ်ကောင်း
ရုပ်ကောင်း အင်အားကောင်းတစ်ကောင်မှ သုံးကောင်အထိရွေးချယ်၍ ၄င်းတို့အား
အသိအလိမ္မာရှိအောင်၊ အထူးသဖြင့် ခရီးသွားနေစဉ် ဘယ်ရှောင် ညာရှောင်၊ ရှေ့သွား
နောက်ဆုတ်၊ အသွား အလာ အရပ် အနား အတွက် သူ့နည်းသူ့ဟန်နှင့် သုံးနှုံးသည့်
လူ့စကားလုံးကို လိုက်နာအောင်သင်ကြားလေ့ကျင့်ပေးရ၏။
ခရီးသွားဖန်များသော်
မိမိ၏နွားအုပ်မှ ၄င်းတို့ သုံးနှုံးသော စကားလုံးများကို နားလည်၍ လိုက်နာသော
နွားတကောင်ကို ရွေးထုတ်၍ ရှေ့ဆောင်လမ်းညွှန်အဖြစ် (ပိုးနမ်း) ဟုသတ်မှတ်လျက်
ထိုနွားအား အခြားနွားများထက် အခွင့်အရေးပေးပြီး အထူးတန်ဆာ ဆင်ပေးလိုက်သည်။
ဆင်အပ်သောတန်ဆာများမှာ-
နွားနဖူးစီး၊
နွားဦးကင်းတပ်ဆင်သည့် ရောင်စုံပန်းခက် ပန်းနွယ်၊ မှန်စီရွှေချ၊ ပိုးကြိုး၊
ဖဲကြိုး၊ ကတ္တီပါကြိုး များချယ်လှယ်ထား၏။ အခြားသော ဝန်တင်နွားများကဲ့သို့
ပစ္စည်းထည့်သည့် ခြင်းများမပါ။ ဦးစီးခေါင်းဆောင်ဖြစ့်သည့် လူကြီး၏
အဖိုးတန်ပစ္စည်းများစောင်နှင့် အခြားသော ပစ္စည်းများကို ကျောကုန်းပေါ်တင်လျက်
ရှေ့စီးနောက်စီးကြိုးများဖြင့် မြဲအောင် ချည်နှောင်ထားပါသည်။
(ဝိုးတံး-ဝိုးလံး)
ဟူ၍ နောက်လိုက် နွားနှစ်ကောင်ထားရသေးသည်။ ပထမ (ဝိုးနမ်း) ရှေ့ဆုံးသွားနွား
ကဲ့သို့ နွားနှစ်ကောင်ရွေးချယ်၍ ၄င်းတို့အား ထိုက်သင့်ရာ တန်ဆာဆင်ပေးလျက်
၎င်းတို့၏ ကျောကုန်းပေါ် ခေါင်းလောင်းကြီး တလုံးစီ တင်ပေးလိုက်၏။ (ဝိုးနမ်း)
၏နောက်သို့ ထပ်ကြပ်မကွား အမြဲတစေ လိုက်ရသည့် ဒုတိယ နွားဆောင် ဖြစ်သည်။
အစဉ်တစိုက်
ခရီးသွားသည့်အခါ၊ ရှေ့ဆုံးနွား (ဝိုးနမ်း) နောက်မှ ပစ္စည်းများ အပြည့်
တင်ဆောင်သည့် နွားဝန်တင်အုပ်ကြီး ဖြစ်သည်။ နွားဝန်တင်အုပ်ကြီးမှာ
နွားအကောင်ရည် အစိတ်မှ ငါးရာအထိ ပါရှိသည်။
ပစ္စည်းများ
တင်ဆောင်သည့်အခါ နွားဝန်တင်များ၏ အင်အားကိုလိုက်၍ ပစ္စည်းများ
တင်ပေးလိုက်သည်။ အချို့ကိုလည်း ပစ္စည်းမျှပြီး တင်ပေးလေ့ရှိသည်။
နွားဝန်တင်အုပ်ကြီး၏
အလယ်၌ သွားလေ့ရှိသော နွားအလှ နှစ်ကောင်အား ရွေးချယ်လျက် ခေါင်းလောင်းကို
တလုံးစီတင်ပေးပြီး လိုက်ပါစေခဲ့သည်။ ခေါင်းလောင်းကြီး၏ အသံမှာ
အကြီးအငယ်လိုက်၍ အသံကောင်းပါသည်။
ထိုကဲ့သို့ပြုလုပ်ခြင်းမှာ အစဉ်အလာအရ ဖြစ်သည်။ ပစ္စည်းပျောက်ဆုံးခြင်း
နွားများ၏ အကျင့်ပျက်ပြားခြင်းမှ ကာကွယ်သည့် သဘောပင်ဖြစ်သည်။
နောက်တကြောင်းလည်း နောက်လိုက် လုပ်ဖော်ငယ်သားများအတွက် အလွယ်တကူ
နွားအုပ်ကြီးအား ထိန်းကွပ်နိုင်ပါသည်။
ရှေ့ဆောင်နွားအတွက်
ရံဖန်ရံခါ ခြေထောက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ရောဂါတခုခုဖြင့်
မသွားနိုင်ပါက အရံနွား (ဝိုးနမ်း) ထားရပါသည်။ ရှေ့ဦးဆုံး အမြဲတစေ
သွားလေ့ရှိသည့် နွားကိုသာ ရွေးချယ်ရပါသည်။
ရှေ့ဆောင်နွားမရှိလျှင်
မဖြစ်ပါ။ ရှေ့ဦးဆုံးသွားရသော နွားကိုကြည့်ပြီး ဝန်တင်နွားအားလုံး
လိုက်သွားရခြင်းဖြစ်သည်။ ရှေ့ဆောင်နွား၊ ညွှန်ရာသွားရာ လိုက်သွားရသဖြင့်
တောင်တောင်ရှိုမြောင်များ ဖြတ်ကူးသွားလာခြင်း စသောအမှုကို ရှေဆောင်နွား၏
ရဲစွမ်းသတ္တိကြောင့် အောင်မြင်ခဲ့ပေသည်။
မှတ်ချက် ။ ။ မူရင်းစာအရေးအသားမှ ရှေးယခင်က အရေးအသားဖြစ်သောကြောင့် Shan History Group မှ အနည်းငယ်ပြင်ဆင်ထားပါသည်။ မူရင်းရေးသားသူနှင့် မူရင်းစာအုပ်ကို မဖော်ပြနိုင်ခြင်းအတွက် တောင်းပန်ပါကြောင်း …..
No comments:
Post a Comment