21.10.16

မိန်းမ သူရဲကောင်း

မိန်းမ သူရဲကောင်း
--------
နတ်ဆိုးတွေ ဒီလောက်…ကျိန်စာတိုက်နေတာတောင်
အဲဒီ့ မိန်းမကြီး အမည်နာမ မသေခဲ့ဘူးလေ…

စေတန်ရဲ့ အမှောင်လက်တွေကြားမှာတောင်
ရအောင် လင်းခဲ့တဲ့ ဖြူစင်သန့်ရှင်းသော ကြယ်မကြီးတစ်လုံးလေ…

ကျုပ်တို့ရဲ့ နောင်လာနောက်သားတွေကို
ပြောပြရမယ့် သမိုင်းထဲမှာ သူမက ထိပ်ဆုံးပဲ…

အနစ်နာခံခဲ့တဲ့ မုဆိုးမတစ်ဦးဖြစ်ကြောင်း…
သူမဟာ လွတ်လပ်ရေးဖခင်ကြီးရဲ့ သမီးလည်း ဖြစ်တယ်…

ပြီးတော့…သူမက
ပြည်သူ့အားနဲ့ ရဲခဲ့တဲ့ အလံနီရဲ့ ပင်စည်ဖြစ်ကြောင်း…

ဖြူစင်လင်းလက်နေတဲ့ ကြယ်ဖြူကြီးက
သူမရဲ့ထက်မြတ်မှု့နဲ့ ဂုဏ်သက္ခာကို ကိုယ်စားပြုနေကြောင်း…

ကျုပ်တို့လိုချင်တဲ့ သမ္မတမျိုးကို
သူမက လက်ဆောင်ပေးခဲ့ကြောင်း…

ကျုပ်တို့ရဲ့ သွေးမတော်သားမစပ်
အမေလိုမြတ်နိုးခဲ့ရတဲ့ မိန်းမတစ်ဦးလည်း ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပေါ့…

သူမက…
ကမ္ဘာ့အလယ်မှာ
ဆံထုံးနဲ့ထမိန် ယဉ်ယဉ်လေးတင့်တယ်နေတဲ့
မြန်မာပြည်ရဲ့ အလင်းရှင်လေ…

လင်ကိုပစ် သားတွေကိုမေ့ခဲ့တယ်ဆိုတာ
မမှန်ပါဘူး…
တိုင်းပြည်ကိုချစ်လို့ ပြည်သူတစ်ရပ်လုံးကို
ရင်ဝယ်သားလို သဘောထားခဲ့တယ် ဆိုတာကသာ
အမှန်တရားပါ…

ဘာသာကိုဖျက် အမျိုးကို သစ္စာဖောက်တယ်ဆိုတာလဲ မမှန်ခဲ့ပါဘူး…
လူသားတိုင်း တန်းတူအခွင့်အရေးရှိတယ်ဆိုတဲ့
မေတ္တာဂရုဏာတွေကသာ အမှန်တရားပါ…

သူမက
ကာလရှည်စွဲကပ်နေတဲ့ မိန်းမဆိုရင်
တစ်ဆင့်နိမ့်လို့ တွေးခေါ်မှု့တွေကို ချိုးဖျက်ပစ်လိုက်တဲ့…
အမျိုးသမီးထုတစ်ရပ်လုံးရဲ့နတ်ပျိုမတစ်ပါးပါ…

သူမက
ကျုပ်တို့ရဲ့ ကမ္ဘာကျော်မုဆိုးမ…

သူမက
ကျုပ်တို့ရဲ့ ပန်းပျိုးလက်…

သူမက
ကမ္ဘာမှာ ထွက်ခဲတဲ့ ကြယ်တွေထဲက
တစ်လုံးအပါအဝင်ဖြစ်တဲ့…

ကျုပ်တို့ရဲ့
မိန်းမသူရဲကောင်း!…

အဲဒီ့ သူမက ဘယ်သူဖြစ်ရဦးမှာလဲ…

တိုင်းပြည်ကို ဒီ့ထက်ပိုမဆူချင်လို့
ပထမဦးဆုံး အမျိုးသမီးသမ္မတဖြစ်ခွင့်ကို
စွန့်လွှတ်သွားတဲ့…

ကျုပ်တို့ရဲ့
အမေ…ဒေါ်အောင်ဆန်းစုကြည်လေ…

-----
(အမေစုအား ဂုဏ်ပြုရေးသားခြင်း)
-မှတ်စုကြမ်း
#zeroneo



No comments:

Post a Comment