31.7.14

အမှားထဲမှ သင်ခန်းစာ
-------------------------
သောမတ်အက်ဒီဆင်ဟာ လျှပ်စစ်မီးသီးကို တီထွင်ဖို့ အကြိမ် တစ်ထောင်လောက် ကြိုးစားခဲ့ရပြီးတော့ အဲဒီမီးသီးထဲမှာ ထည့်ဖို့ ပစ္စည်းတွေကို ပစ္စည်းပေါင်း ၂၀၀၀ကျော်လောက် စမ်းသပ်ခဲ့ရပါတယ်။
တစ်ညတော့ သူ့စမ်းသပ်ခန်းမှာ သူနဲ့ သူ့လက်ထောက်နှစ်ယောက် မီးလုံးထဲကို ဘာပစ္စည်း ထည့်ရမလဲလို့ စဉ်းစားနေကြပါတယ်။
ပစ္စည်းပေါင်း အမျိုး ၂၀၀၀ လောက်စမ်းသပ်ခဲ့ကြပြီး မအောင်မြင်ခဲ့ကြပါဘူး
နောက်ဆုံးတော့ သူ့လက်ထောက်ကလေးက ညည်းညူတယ်။ " အကြိမ် ၂၀၀၀ လောက်ကြိုးစားခဲ့တာ အလကားပါ အားလုံးဟာ သဲထဲရေသွန်ချည်းပဲ ဘာအကျိုးမှမရှိဘူး " ဆိုပြီးရေရွတ်ပါတယ်။
အဲဒီစကားကို ကြားသွားတယ် အက်ဒီဆင်ဟာ " ငါ့လူ စိတ်မလျော့နဲ့ အနည်းဆုံးတော့ ဒီပစ္စည်း အမျိုး ၂၀၀၀ ဟာ မီးသီးလုပ်တဲ့နေရာမှာ သုံးလို့ မရဘူးဆိုတာကိုပဲ။ ဒါက အမှားထဲက ယူတတ်ရင် သင်ခန်းစာပေါ့ကွာ "
ပရော်ဖက်ရှင်နယ်ဆိုတာ--

ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ
သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက်
ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။

"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့
အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့
စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။
".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော်
အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ
ကျွန်တော်သိတယ်..............."


ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောမိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."


"သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့သူကပြောတယ်..။

ကျွန်တော်ကြောင်သွားတယ်...။ စိတ်ဝင်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊
လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။

သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး"
လို့ပြန်ပြောတယ်.။

ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊
အင်္ကျီအ၀တ်အစားတွေ
စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေဘူး.။

သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို
ရွံကြတယ်ဗျ၊
ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော်
တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။"


ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော်
ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။

" ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို
နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ
ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ
လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ"

"ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို
လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။


ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ
တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။
ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့
လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော်
ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential
customers ဆိုတာပေါ့ဗျာ"


သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က
စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက
၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့
၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့
အချိန်မလောက်လို့""အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ"
ကျွန်တော် မေးလိုက်မိတယ်..။


"အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်.။
ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊
ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့
မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က
ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ
လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ကနေ ၃၀ကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း
ဝင်ငွေသိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း
အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက
ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး"

"အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ"ကျွန်တော် မေးလိုက်တယ်.။

"Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ဒေါ်လာ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊
တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ"


"အဲလောက်တောင် များများ ရလား"

ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။"ခင်ဗျားတို့လိုပဲ
ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊
စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး
ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ဒေါ်လာ ၁ကျပ်နှုန်းနဲ့ရတယ်။
၈နာရီဆိုတော့ဒေါ်လာ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂
နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး
တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင်
အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။
အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ
မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။"


ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။

ပြောတဲ့စကားတွေက ၀ါရင့် Marketing Supervisor လားကျနေတာပဲ..။

"ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။

"တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို
မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ
အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို
ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။


"ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊
သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ
သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။"

"ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ
ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊
သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော်
လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို
သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို
ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊
ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့
အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက်
အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။"


ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။

"သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။
ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား
သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့
တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။
ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ
အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ"


"တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့
အခါ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင်
ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။
ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။"


"ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ဒေါ်လာ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။
ကံကောင်းရင်တော့ ဒေါ်လာ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ
၁၀ယောက်လောက်ပဲ ၁လကို ဒေါ်လာ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ
၁၀ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး
အတက်အကျမရှိဘူး။"

မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။

"ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။
အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ
ဝင်လို့ပျော်တာလို့ ပြောကြတာပေါ့။
ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့
စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။"

အပြောကောင်းချက်ဗျာ


"တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို
ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက
ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့
အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့
ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း
တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ
အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။
အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။
သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကို
ကိုယ် ပြန်မြင်နေသလိုပေါ့"

"ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?" ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။
လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။

"ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။
ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်.။
၁၀နှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး
ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး
ကျွန်တော့်ထက်သာတဲ့
သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။"

"လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့
၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ဒေါ်လာ၅၀၀၀နဲ့ပေါ့..။

အဲချိန်တုန်းက
၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ ၁လကို
၂၀၀၀သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။
ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့
အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။

ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. "

သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက..."ကျွန်တော့်ကိ
တပည့်အဖြစ်လက်ခံနိုင်မလားဗျာ...."

Credit to Serein Ma Yu Hninn
သမ္မတ ဦးသိန်းစိန် အစိုးရက ခေတ်နောက်ကျနေခဲ့တဲ့ မြန်မာ့ ဆက်သွယ်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေး အတွက် ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၄ ခုကို ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးခဲ့ပါတယ်။ ကာတာ နိုင်ငံ အခြေစိုက် အော်ရီဒူး ကုမ္ပဏီနဲ့ နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီ ၂ ခုက မြန်မာ့ ဆက်သွယ်ရေး အောပရေတာ အဖြစ် လုပ်ကိုင်ခွင့်ရတဲ့ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ ဖြစ်ပြီး ပြည်တွင်းမှာ အလိုအလျောက် လုပ်ပိုင်ခွင့် ရထားတာကတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နဲ့ ရတနာပုံ တယ်လီပို့စ် ကုမ္ပဏီတို့ ဖြစ်ပါတယ်။
ပြည်ပက လုပ်ပိုင်ခွင့် ရခဲ့ကြတဲ့ အော်ပရေတာ ကုမ္ပဏီ ၂ ခုကိုတော့ ၂၀၁၄ နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ လိုင်စင် ထုတ်ပေးခဲ့တာ ဖြစ်ပြီး ကုမ္ပဏီ ၂ ခု စလုံးကို ၁၅ နှစ် လုပ်ပိုင်ခွင့် လိုင်စင်ထုတ်ပေးခဲ့ တာပါ။ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ အော်ရီဒူးနဲ့ တယ်လီနောတို့က အပြိုင်အဆိုင် ထုတ်ပြန်ချက်တွေနဲ့ ဝန်ဆောင်မှုတွေ ပေးမယ့် အကြောင်းကြေညာလာခဲ့ကြပါတယ်။ မိုးဘိုင်းလ်ဖုန်း ပြောဆိုခ ကစလို့ အင်တာနက် ဝန်ဆောင်မှု အထိ မြန်နှုန်းမြှင့်ပေးပြီး ပြည်သူတွေ စိတ်ချမ်းသာစေမယ့် ဝန်ဆောင်မှုတွေပေးမယ် လို့ ထုတ်ပြန် ပြောဆိုပါတယ်။
စစ်အစိုးရ လက်ထက်ကတည်းက မြန်မာ့ဆက်သွယ်ရေးနဲ့ ရတနာပုံ တယ်လီပို့စ်တို့ရဲ့ အလွန်နှေးကွေးလှတဲ့ အင်တာနက်လိုင်းနဲ့ ဈေးကြီးလွန်းလှတဲ့ မိုဘိုင်းလ် ဖုန်းလိုင်းတွေကို အံကြိတ်သည်းခံ သုံးစွဲခဲ့ရတဲ့ ပြည်သူတွေ အဖို့တော့ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီတွေရဲ့ အင်တာနက်နဲ့ မိုဘိုင်းလ်ဖုန်းဆိုင်ရာ ဝန်ဆောင်မှု ထုတ်ပြန် ကြေညာချက်တွေက အားတက်စရာ ဖြစ်စေပါတယ်။
လတ်တလော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ်ဖုန်း တမိနစ်ခေါ်ဆိုခ ၅၀ ကျပ် ကောက်ခံ နေချိန်မှာ တယ်လီနောက ဖုန်းခေါ်ဆိုခ တမိနစ် ၂၅ ကျပ်ယူမယ်လို့ ကြေညာထားပြီး အော်ရီဒူးက တော့ တမိနစ်ကို ၄၅ ကျပ် ကောက်ခံမယ် လို့ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်တွေက အမှန်တကယ် လက်တွေ့ ဈေးကွက်ထဲ ရောက်လာ ချိန်မှာ ကြေညာ ထားတဲ့ဈေးနှုန်းတွေ ပိုပြီးလျော့ကျတဲ့ နှုန်းထားနဲ့ အပြိုင်အဆိုင် ဝန်ဆောင်မှု ပေးကြမယ့် အခြေအနေ ရှိပါတယ်။
မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ် ဈေးနှုန်းတွေကို တော့ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီ ၂ ခု စလုံးက ငွေကျပ် ၁၅၀ဝ နဲ့ ကျေးလက် မြို့ပြ လွယ်လွယ်ကူကူ ဝယ်ယူနိုင်အောင် ဝန်ဆောင်မှု ပေးသွားမယ် လို့ ထုတ်ပြန်ပါတယ်။
တယ်လီနော ကုမ္ပဏီက ပြည်တွင်း နေရာအနှံ့အပြားမှာ အရောင်းဌာနပေါင်း များစွာကို ဖွင့်လှစ် သွားမှာ ဖြစ်ပြီး ဆက်သွယ်ရေး ကွန်ရက် ချိတ်ဆက် အသုံးပြုနိုင်မှု အပိုင်းမှာလည်း ပထမ ၅ နှစ်အတွင်းမှာ တနိုင်ငံလုံး အတိုင်း အတာအနေနဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း လွှမ်းခြုံမိမယ် လို့ ဆိုပါတယ်။ လက်ရှိ တယ်လီနောက မိုဘိုင်းလ်ဖုန်း 4G ကွန်ရက် အဆင့် အထိ ပေးနိုင်မယ် လို့ ဆိုပါတယ်။
တယ်လီနော ကုမ္ပဏီရဲ့ တာဝန်ရှိသူ တဦးက “အခုဆောက်နေတဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေက 4G ကွန်ရက် ချိတ်ဆက် သုံးနိုင်တယ်။ ဒါကို အဆင့်မြှင့်ဖို့ပဲ ရှိတယ်။ ပြည်တွင်းမှာ 4G မိုဘိုင်းဖုန်းတွေ များလာဖို့ အရေးကြီးတယ်ပေါ့ နော်။ ဒီဝန်ဆောင်မှုကို သုံးမယ့်သူ များလာရင် ကျနော်တို့ဘက်က 4G ကိုပေးသွားဖို့ အသင့်ပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ရဲ့ အခြေခံအဆောက်အဦက 4G ကွန်ရက် အတွက် အဆင်သင့်ပဲ မို့ပါ” ဟု ပြောပါတယ်။
တယ်လီနောက ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံ ထားပြီး လာမယ့် စက်တင်ဘာလ မှာ သူရဲ့ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်တွေကို စတင်ရောင်းချဖို့ ကြေညာထားပါ တယ်။
အော်ရီဒူးကတော့ ဖုန်းဆင်းမ်ကတ် ရောင်းချမယ့် အချိန်ကို အတိအကျ မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် လုပ်ငန်း စတင်ပြီး ပထမ ၅ နှစ်အတွင်းမှာ ပြည်တွင်း သုံးစွဲမှု ၈၄ ရာခိုင်နှုန်း အထိ အသုံးပြုနိုင်အောင် လုပ်ဆောင် သွားမယ် လို့ မီဒီယာတွေကို ပြောကြားခဲ့ပြီး လူမှုတာဝန် သိတက်မှု Corporate Social Responsibility  (CSR) လည်း လုပ်မယ်လို့  ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တိုင်းနှင့်ပြည်နယ် အသီးသီးက ဝယ်ယူသုံးစွဲသူတွေ လွယ်ကူ အဆင်ပြေစွာ သုံးစွဲနိုင်ဖို့ အတွက် ဖြန့်ချိရေး ကုမ္ပဏီ ၆ ခုကို ယခုလ ၁၉ ရက်နေ့မှာပဲ အော်ရီဒူးက ခန့်အပ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ ပါတယ်။
ပြည်သူတွေကတော့ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီရဲ့ ထုတ်ပြန် ပြောဆိုချက်တွေ အပေါ်မှာ အားရ ကျေနပ်မှု ရှိပြီး လက်တွေ့ ဈေးကွက်ထဲ ရောက်လာရင် ဝယ်ယူအသုံးပြုဖို့ အားခဲနေကြပါတယ်။ ကုမ္ပဏီ ၂ ခုကလည်း ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ လုပ်ဆောင်နေဆဲ ကာလမှာ ကြော်ငြာအား ကောင်းကောင်းနဲ့ ဈေးကွက်အာရုံစိုက်မှုကို  အပြိုင်အဆိုင် အရယူနေကြ ပါတယ်။
ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ ၂ ခုထဲမှာ အစ္စလမ်နိုင်ငံဖြစ်တဲ့ ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီက လုပ်ဆောင်မယ့် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို အသုံး မပြုဖို့ လှုံ့ဆော်မှုတွေ ရှိနေတာမို့ ဒီ လှုံ့ဆော်မှုက တယ်လီနောကုမ္ပဏီ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အော်ရီဒူး ကုမ္ပဏီကလည်း မြန်မာပြည်သူတွေနဲ့ တသားတည်း ရှိကြောင်း ပြသနိုင်ဖို့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွေကို ကူညီထောက်ပံ့တာတွေ လုပ်နေတာမို့ ဒီလုပ်ဆောင် ချက်တွေက အော်ရီဒူး အသုံးမပြုဖို့ လှုံ့ဆော်ချက်တွေကို ရေရှည်မှာ ချေဖျက်နိုင်မယ့် အလားအလာ ရှိနိုင်ပါတယ်။
“ရင်ခုန်စိတ်လှုပ်ရှား ဖွယ်ရာတွေ မြန်မာပြည်မှာ ဖြစ်ပေါ်နေပါပြီ” ဆိုတဲ့ ဆွဲဆောင်မှု အားပြင်းတဲ့ ကြော်ငြာစာသား ဆိုင်းဘုတ်တွေနဲ့ ပြည်သူကြားမှာ အမှတ်တံဆိပ် အာရုံကို ရရှိအောင် စွမ်းဆောင်နိုင်ပေမယ့် နိုင်ငံတွင်းမှာ မကြာခဏ ဆိုသလို ဖြစ်ပွားနေတဲ့ ဘာသာရေး ပဋိပက္ခတွေကြောင့် အော်ရီဒူးဆန့်ကျင် ရေးလှုပ်ရှားမှု ကြီးထွား လာမလား၊ ရပ်တန့်သွားမလား ဆိုတဲ့ အဖြေက အော်ရီဒူးကုမ္ပဏီ မြန်မာနိုင်ငံမှာ ဆက်လက်ရှင်သန်နိုင်ရေး အတွက် စိန်ခေါ်မှု တရပ်ပါပဲ။
တယ်လီနော ကုမ္ပဏီကတော့ နော်ဝေနိုင်ငံ အခြေစိုက် ကုမ္ပဏီလည်းဖြစ် ဒီမိုကရေစီတိုက်ပွဲ ကာလတလျှောက်နဲ့ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အထောက်အကူများစွာ ပေးခဲ့တဲ့ နိုင်ငံလည်းဖြစ်၊ ပါရီကလပ် ကြွေးမြီတွေ မြန်မာက ဆပ်တုန်းက ကြွေးအားလုံးကို လျှော်ပစ်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်တာနဲ့ အညီ တည်တည်ငြိမ်ငြိမ်လေး လုပ်ငန်း ဆောင်ရွက်နိုင်မယ့် အခြေအနေ ရှိပါတယ်။
အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီတို့က အပြိုင်အဆိုင် ဈေးကွက်တိုးချဲ့ နေချိန်မှာ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) နဲ့ ပုဂ္ဂလိကနဲ့ အစိုးရ ဖက်စပ် ပိုင်ဆိုင်တဲ့ ရတနာပုံ တယ်လီပို့စ် ကုမ္ပဏီတွေကလည်း ပူးပေါင်းဆောင် ရွက်မယ့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ ရှာဖွေ နေကြပြီး MPT က  ဂျပန်ကုမ္ပဏီ ၂ ခုနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ လက်မှတ်ရေးထိုး လိုက်ပါပြီ။
MPT က ဂျပန်နည်းပညာ ကုမ္ပဏီ KDDI နဲ့ Sumitomo Corporation တို့နဲ့ လက်တွဲဖို့ သဘော တူလိုက်ပြီး ကနဦး လုပ်ပိုင်ခွင့် စာချုပ်သက်တမ်း ၁၀ နှစ်နဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဘီလီယံ အကျိုးတူ ပူးတွဲ ဆောင်ရွက်သွားကြဖို့ ရှိပါတယ်။ ဂျပန် ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက တယ်လီနောရဲ့ ရင်းနှီး မြှုပ်နှံမှုထက် ပိုများပါတယ်။
ရတနာပုံ တယ်လီပို့စ် ကုမ္ပဏီက လက်ရှိ အချိန်ထိ လက်တွဲဖော် ပြည်ပ ကုမ္ပဏီတွေကို ရွေးချယ်နေဆဲ ဖြစ်တာမို့ ရတနာပုံ တယ်လီပို့စ် ကုမ္ပဏီက ရွေးချယ်မယ့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီရဲ့ အင်အားကြီးမှုတွေ ကလည်း မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု ဈေးကွက်ပေါ်ကို သက်ရောက်မှု ကြီးမားမှာ အမှန်ပါပဲ။
လတ်တလော MPT နဲ့ ပူးပေါင်း ဆောင်ရွက်ကြမယ့် KDDI ကုမ္ပဏီက ကမ္ဘာ့အော်ပရေတာ ဝန်ဆောင်မှုတွေမှာ နံပတ် ၁၁ နေရာမှာ ရှိနေတဲ့ ကုမ္ပဏီဖြစ်သလို  Sumitomo Corporation ဆိုတာကလည်း မြန်မာပြည်နဲ့ လက်တွဲလာတာ နှစ် ၃၀ ကျော်ရှိပြီ ဖြစ်တဲ့ ဆက်သွယ်ရေး နည်းပညာကုမ္ပဏီပါ။
မြန်မာ့ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အခြေခံ အဆောက်အအုံတွေမှာ ပူးတွဲလုပ်ဆောင်ခဲ့သလို ပြီးခဲ့တဲ့ ဆီးဂိမ်းမှာလည်း ဆက်သွယ် ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ပူးပေါင်းလုပ်ဆောင်ဖူးတဲ့ လက်တွဲဖော် ဟောင်းပါ။ ဒီဂျပန်ကုမ္ပဏီ နှစ်ခု ပေါင်းဖွဲ့ထားတဲ့ KSGM ကုမ္ပဏီသစ်က MPT နဲ့ လက်တွဲပြီး အော်ရီဒူးနဲ့ တယ်လီနော်တို့လို ပြည်ပ ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ကြမှာပါ။
MPT နဲ့ ဂျပန်ကုမ္ပဏီတွေက သူတို့လုပ်မယ့် ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့တော့ တစုံတရာ ထုတ်ဖော် ပြောဆို တာတွေ မလုပ်သေးပါဘူး။ ဘယ်လို ဆက်သွယ်ရေး ဝန်ဆောင်မှုမျိုးတွေ ပေးမယ်၊ ဖုန်းခေါ်ဆိုခ ဘယ်လောက်၊ အလုပ်အကိုင် အခွင့်အလမ်းက ဘယ်လောက် စသဖြင့် ဒါတွေကို ပြောဆိုခြင်း မရှိခဲ့ပါဘူး။ အကောင်းဆုံးနဲ့ အမြန်ဆုံး လုပ်ဆောင်သွားမယ် ဆိုတာလောက်ပဲ ပြောဆိုခဲ့ပါတယ်။
ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ ပိုင်းမှာ MPT က အခြားဆက်သွယ်ရေး ကုမ္ပဏီတွေထက် ပိုမို အရှိန်နေရပြီး ဝန်ထမ်းတွေရဲ့ အရည်အသွေး၊ နည်းပညာနဲ့ စက်ပစ္စည်း ကောင်းမွန်မှုတွေပဲ လိုအပ်နေတာပါ။ ဒါကို ဂျပန်ကုမ္ပဏီတွေက သူတို့ နည်းပညာနဲ့ စက်ပစ္စည်းတွေ ပူးပေါင်းလိုက်ရင် အော်ရီဒူးနဲ့ တယ်လီနော တို့ကို  ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပြီလို့ ယုံကြည်ပြောဆိုပါတယ်။
ဒါပေမယ့် MPTကို မြန်မာ ပြည်သူတွေ အများစုက ဝန်ဆောင်မှု မကောင်းဘဲ အချိန်တော်တော်ကြာ မရှိသုံး သုံးခဲ့ရ တာမို့ စိတ်နာနေကြတဲ့ အချက်ကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီက မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်တွေ ရောင်းပြီဆိုရင် MPT ဖုန်းကတ်တွေကို လွှင့်ပစ်မယ်လို့ ကြွေးကြော်နေတဲ့ သူတွေ တပုံကြီး ရှိနေတာမို့ MPT အနေနဲ့ အသုံးပြုမယ့် ပြည်သူတွေရဲ့ ယုံကြည်မှု ပြန်ရဖို့ တော်တော်ကို ရုန်းကန်ရဦးမှာပါပဲ။
မိုဘိုင်းလ်ဖုန်းကတ် ဈေးနှုန်းတွေ မတရား ကြီးမြင့်ခဲ့မှု၊ အင်တာနက် ကွန်နက်ရှင် နှေးကွေးလွန်းမှု၊ ဖုန်းပြောဆို ရတဲ့ နေရာမှာ အသံ မကြားတချက်၊ ကြားတချက်နဲ့ အဆင်မပြေခဲ့မှု တွေကြောင့် ပြည်သူအများစုက MPT ရဲ့ ဝန်ဆောင်မှု တွေကို မသုံးချင်ကြတော့ပါဘူး။ ဒါကိုတော့ အခု ဂျပန်ကုမ္ပဏီနဲ့ ပေါင်းပြီး အဖတ်ဆယ်နိုင်မယ်၊ မဆယ်နိုင်ဘူးဆိုတာ စောင့်ကြည့်ရဦး မှာပါ။
ခြုံငုံကြည့်ရင်တော့ အော်ရီဒူး၊ တယ်လီနောတို့လို ပြည်ပအော်ပရေတာတွေက MPT နဲ့ ရတနာ ပုံတယ်လီပို့စ် ကုမ္ပဏီ တွေနဲ့ အပြိုင်လုပ်လာကြတာမို့ ပြည်သူတွေ အတွက်တော့ ရွေးချယ်စရာတွေများ လာမှာ အသေအချာပါပဲ။
လတ်တလော အနေအထားမှာတော့ MPT နဲ့ ရတနာပုံ တယ်လီပို့စ်က အစိုးရ ဝန်ကြီးဌာနပုံစံ အုပ်ချုပ်ရေးထဲက ခွဲထွက်လာတာ မကြာသေးတဲ့ အတွက် စီးပွားရေး လုပ်ပြီး ကမ္ဘာမှာ နာမည်ကြီး ကျော်ကြားအောင်မြင်နေတဲ့ တယ်လီနောနဲ့ အော်ရီဒူးတို့လို ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေနဲ့ အတော်ကို ယှဉ်ပြိုင်ရမှာပါ။
ဒါ့အပြင် အော်ရီဒူးနဲ့ တယ်လီနော် ကုမ္ပဏီတွေက အကျင့်ပျက် ခြစားမှုနည်းတဲ့  စီးပွားရေး ကုမ္ပဏီကြီးတွေ ဖြစ်တာနဲ့ အညီဝန်ဆောင်မှုတွေ ပေးတဲ့ နေရာမှာလည်း သုံးစွဲသူကိုသာ အဓိက ထားမယ့် ကုမ္ပဏီတွေ ဖြစ်တာမို့ အလား အလာကောင်းတွေ ရှိနေတာတော့ အသေအချာပါပဲ။

ခေါင်းဆောင်မှု အရည်အသွေး (၁၀) ချက်

၁။ သိလိုစိတ် ပြင်းပြမှု (Curiosity)

ခေါင်းဆောင် တစ်ယောက်အနေနဲ့ မိမိလုပ်ငန်း အဖွဲ့အစည်းအတွက် အကျိုးရှိစေနိုင်မဲ့ အရာမှန်သမျှကို သိလိုစိတ် ပြင်းပြမှု ရှိတာကို ပြရမယ်။ သူ့ရဲ့ လုပ်ငန်း အ၀န်းအ၀ိုင်း အတွင်းမှာရှိနေတဲ့ ဟုတ်ပါ့၊မှန်ပါ့ ပြောနေတဲ့ အုပ်စုရဲ့ အပြင်ဘက်က လူတွေ ပြောတာကို နားထောင်ရမယ်။ ကမ္ဘာကြီးက ကြီးမားပြီး ရှုပ်ထွေးတဲ့ နေ၇ာတစ်ခု ဖြစ်နေတဲ့အတွက် အကျိုး ရှိစေမယ့် စာအုပ် စာတမ်းတွေကို သိလိုစိတ် ပြင်းပြတဲ့စိတ်နဲ့ ဖတ်ရမယ်။ နိုင်ငံတကာရဲ့အညွှန်းစာသားအရ Good leaders are good listeners လို့ ခေါ်ကြတယ်။ အကယ်၍ ခေါင်းဆောင်တစ်ဦး အနေနဲ့ သူနေထိုင်နေရတဲ့ အေးချမ်းတဲ့ နေရာရဲ့ပြင်ပကို မတူညီတဲ့ အတွေးတွေ နားထောင်နိုင်ဖို့ လျှောက်လှမ်း သွားလာပြီး ထဲထဲဝင်ဝင် မရှိရင် လန်းလန်းဆန်းဆန်း မရှိဘဲ ကြီးထွားနေရတာနဲ့ တူနေမှာ ဖြစ်တယ်လို့ ဆိုတယ်။ အဲဒီ ခေါင်းဆောင်က လူအများရဲ့ ယုံကြည်မှု မရခဲ့ရင် သူလုပ်ဆောင်မှုတွေ မှန်တယ် ဆိုတာကို သူကိုယ်တိုင် သိနိုင်မှာ မဟုတ်တော့ဘူးလို့ ဆိုတယ်။ လူတွေ ပြောတာကို နားထောင်နိုင်ဖို့ အရည်အချင်း မရှိတာက စိတ်ကြီးဝင်မှု ပုံစံတစ်ခု ဖြစ်တယ်။ ဒါက အရာရာ သူသိတယ် ဆိုတဲ့ အတ္တစိတ် (Ego)ကနေ စိတ်ကြီးဝင်မှု (Arrogance)ဖြစ်ပြီး ဘာကိုမှ ဂရုမစိုက်တော့တာမျိုး ဖြစ်သွားတယ်။ အဲဒီလိုဖြစ်တဲ့ ခေါင်းဆောင်တွေရဲ့ နောက်ဆုံး ရောက်ရှိမဲ့ နေရာက ဆုံးရှုံးမှု (failure)ပဲ ဖြစ်တယ်လို့ ဆိုတယ်။

၂။ ဆန်းသစ်မှု (Creativity)

ခေါင်းဆောင်က မိမိဒုံရင်း နေရာကနေထွက်ပြီး မတူညီဘဲ ကွဲပြားမှုတစ်ခုခု ဘာတွေ ရှိနေတယ်ဆိုတာကို ကြိုးစားရှာဖွေလိုစိတ် ရှိရမှာဖြစ်တယ်။ မိမိနေရာ ပြင်ပကိုထွက်ပြီး တွေးတောမှုတွေ ရှိရမယ်။ ခေါင်းဆောင်မှု ဆိုတာက ပြောင်းလဲမှုကို စီမံခန့်ခွဲတာဖြစ်လို့ သင်က ကုမ္ပဏီ တစ်ခုခုကို ဦးဆောင်နေရတာ ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေရတာ ဖြစ်စေ ပြောင်းလဲမှုတွေ အားလုံးကို စီမံခန့်ခွဲနိုင်ရမယ်။ အရာရာက ပြောင်းလဲနေတာ ဖြစ်လို့ ဆန်းသစ်တဲ့ ရှာဖွေမှုတွေရှိရမယ်။ ရှိနေတဲ့ အခြေအနေ ကနေ ပြောင်းလဲမှု.နဲ.လိုက်လျောညီထွေဖြစ်အောင် (သို.) တိုးတက်အောင်လုပ်ရမယ်။

၃။ ဆက်သွယ်ဆောင်ရွက်မှု (Communication)

ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဆက်သွယ် ဆောင်ရွက်မှု.တွေ အမြဲ ပြုလုပ်နေဖို. လိုအပ်တယ် ။ ပါးစပ်ကနေ ပြောနေရုံ သက်သက် မဟုတ်ဘဲ တကယ့် အမှန်တရားကို ရင်ဆိုင်ပြီး အမှန်ပြောဆိုတာကို ဆိုလိုတာဖြစ်တယ်။ ဆက်သွယ် ဆောင်ရွက်မှုကို အမှန်ပြောဆိုတာနဲ့ အစပြုရမယ်။ နာကြည်း ဖွယ်ရာဖြစ်ခဲ့မယ်ဆိုရင်တောင်မှ အမှန်ကို ပြောဆိုရမှာ ဖြစ်တယ်။ ဒါကြောင့် ခေါင်းဆောင်တွေက ဆက်သွယ် ဆောင်ရွက်မှု ကောင်းတွေ (Leaders are good communicators) လို့လည်း ဆိုကြတာ ဖြစ်တယ်။

၎။ အကျင့်စာရိတ္တကောင်းမွန်သူ (Character)

ခေါင်းဆောင် တစ်ယောက်က အကျင့်စာရိတ္တ ကောင်းသူ ဖြစ်ရမယ်။ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားပြီး မှန်တာကို လုပ်ရဲရမယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တကို စမ်းသပ်ချင်ရင် သူ့ကို အာဏာပေးကြည့် လိုက်ပါလို့ အီဗရာဟင်လင်ကွန်းက ဆိုခဲ့တယ်။

၅။ သတ္တိရှိမှု (Courage)

ခေါင်းဆောင်မှာ သတ္တိရှိရမယ်၊ ကြောက်ရွံ့ နေသူတွေ အကြားမှာ ထောင်ထောင်ထောင်ထောင် သွားပြတာက သတ္တိရှိတာ မဟုတ်ဘူး။ ကြမ်းကြမ်း တမ်းတမ်း ပြောတာကလည်း သတ္တိရှိတာ မဟုတ်ဘူး။ သတ္တိရှိတယ် ဆိုတာက တွေ.ဆုံ ညှိုနှိုင်း စကားဝိုင်းမှာထိုင်ပြီး ကတိက၀တ် ထားရှိစကား ပြောဆိုနိုင်မှု ဖြစ်တယ်လို့ဆိုတယ်။

၆။ လုပ်ချင် ကိုင်ချင် စိတ် ပြင်းပြမှု. (Conviction)

ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို. မိမိ ယုံကြည်ချက်အတိုင်း လုပ်ကိုင်လိုစိတ် စိတ်ဓါတ် ခွန်အား ရှိရပါမယ် ။ ပြင်းပြ ထက်သန်တဲ့ စိတ်ဝင်စားမှု. လည်း ရှိဖို.လိုပါတယ် ။ လိုအပ်ရင် မိမိ အနားယူရမယ့် အချိန်မှာတောင် အလုပ်လုပ်နိုင်ရပါမယ် ။

၇။ လူအများ၏ ချစ်ခင်လေးစားနိုင်မှု (Charisma)

လူအများရဲ့ ချစ်ခင်လေးစားနိုင်စေမှုက လူတွေကို သင့်နောက်ကနေ လိုက်အောင် ပြုလုပ်နိုင်တဲ့ အရည်အသွေး ဖြစ်တယ်။ လူတွေကို စိတ်အားထက်သန်မှု ရှိစေတဲ့ အရည်အချင်း ဖြစ်တယ်။ လူတွေက သူ့ကို ယုံကြည်တဲ့အတွက် သူ့နောက်ကနေ လိုက်ကြတာ ဖြစ်တယ်။

၈။ ကျွမ်းကျင်လိမ္မာမှု (Competent)

ခေါင်းဆောင် တစ်ယောက်မှာ ကျွမ်းကျင် လိမ္မာမှုရှိရမယ်။ မိမိလုပ်နေတဲ့လုပ်ငန်းတွေနဲ့ ဆက်စပ်တာတွေ အားလုံးကို သိနေရမယ်။ ပိုအရေးကြီးတာက သင်ကိုယ်တိုင်ရဲ့ ၀န်းကျင်မှာရှိနေတဲ့ သူတွေကလည်း သူတို့ ဘာတွေ လုပ်နေတာလည်းဆိုတာ သိနေတဲ့ လူတွေ ဖြစ်ဖို့လိုတယ်။ ခေါင်းဆောင်က ပြသာနာ ဖြေရှင်းနိုင်သူတစ်ဦး ဖြစ်ဖို့ လိုတယ်။

၉။ လက်တွေ့ကျကျ တွေးတောတတ်မှု (Common Sense)

အကယ်၍ သင့်မှာ လက်တွေ့ကျကျ တွေးတောတတ်မှု မရှိရင် ခေါင်းဆောင်တစ်ယောက် မဖြစ်နိုင်ဘူးလို့ဆိုတယ်။ ခေါင်းဆောင်က ခိုင်မာတဲ့ စိတ်ဓာတ် ရှိရမယ်။ ကြီးမားတဲ့ အပြုံးပိုင်ရှင် တစ်ယောက် ဖြစ်ရမယ်။ ဆုတ်စရာရှိရင် ညင်ညင်သာသာ ဆုတ်တတ်ရမယ်။ လုပ်စရာရှိရင် မြန်မြန်ထက်ထက် လုပ်တတ်ရမယ်။ အကယ်၍ သင်က လူသားဆန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ သင့်ရဲ့ ကြောင်းကျိုး ခိုင်လုံစေမှုနဲ့ လက်တွေ့ကျကျ တွေးတတ်မှု လိုအပ်တယ်။

၁၀။ အကျဉ်းအကျပ်ထဲကနေ ဖောက်ထွက်နိုင်မှု (Crisis)

မည်သူမှ ခေါင်းဆောင်အနေနဲ. မွေးဖွားလာတာ မဟုတ်ပါဘူး ။ ခေါင်းဆောင်ဆိုတာ ဖန်တီး ဖြစ်ပေါ်လာတာပါ ။ ခေါင်းဆောင်ဆိုတာ အကျဉ်းအကျပ် ကာလအတွင်းမှာ ပုံသွင်း ခံရသူနဲ့ လမ်းထွင်နိုင်သူ ဖြစ်တယ်။ ခုံပေါ်မှာ ခြေထောက်တင်ပြီး စာတွေ့တွေ ပြောရတာက လွယ်ကူပေမဲ့ လက်တွေ့မှာ ဖြစ်လာတဲ့ အခက်အခဲတွေ ၊ အကျဉ်းအကျပ် ဖြစ်မှုတွေကနေ အောင်မြင်အောင် လမ်းထွင်နိုင်သူ ဖြစ်မှသာ ခေါင်းဆောင် တစ်ယောက် ဖြစ်လာနိုင်တယ်။ ကံတရား ထက် တကယ့် ဖြစ်ရပ်တွေ ပေါ် အခြေခံပြီး အခက် အခဲ ဒုက္ခတွေ.တိုင်း ပြည်သူတွေနဲ. ထပ်တူခံစား ၊ ပြည်သူတွေအတွက် စိတ်ချ လုံခြုံမှု.ကို ပေးစွမ်းနိုင်သူဖြစ်ရမယ် ။

Credit - Original Writer

ထူးမခြားနားသည့် MPT စနစ်၏ဖုန်းခ

ရန်ကုန်− မြန်မာ့ဆက်သွယ်ရေး၏ ပြည်ပကုမ္ပဏီနှင့်ပူးပေါင်းပြီးနောက် ပထမဆုံးဝန်ဆောင်မှု အနေဖြင့်စတင်သည့်ခေါ်ဆိုခ လျှော့ချပေးသောဝန်ဆောင်မှု့မှာ ဝေဖန်မှုများနှင့်ကြုံတွေရလျက်ရှိသည်။
Friends and Family Service အမည်ဖြင့် မိမိမိတ်ဆွေ၊ သူငယ်ချင်းများနှင့် မိသားစုများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ဖြင့် သြဂုတ်လကုန်အထိ ဖုန်းခေါ်ဆိုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုပေးထားသော်လည်း ထိုဝန်ဆောင်မှု အသုံးပြုခအတွက် ၂၅၀၀ ကျပ် စတင်ဖြတ်တောက်ခြင်းကြောင့် အသုံးမပြုလိုကြကြောင်း GSM နှင့် WCDMA မိုင်ဘိုင်းဖုန်းသုံးစွဲ သူများကပြောသည်။
ဆက်သွယ်ရေးက ယင်းသို့ အကန့်အသတ်ဖြင့် ဖုန်းခေါ်ဆိုခ လျှော့ချကြောင်းကြေညာအပြီးမှာပင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ယင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းအသုံးပြုသူများအတွက်သာ စမ်းသပ်ဝန်ဆောင်မှုပေးသည့် ဖုန်းနံပါတ်သုံးခုကို တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့်ခေါ်ဆိုနိုင်မည့် စနစ်ကို စတင်လုပ်ကိုင်ပေးထားသော်လည်း အများစုမှာ အသုံးမပြုကြ ကြောင်း သတင်းရရှိသည်။
‘‘အရင် သင်္ကြန်တုန်းကလည်း Promotion တွေလုပ်ကတည်းက တစ်ခါမှမလုပ်ခဲ့ဘူး။ အခု Promotion ကိုလည်းမလုပ် ပါဘူး။ တန်တယ်လို့လည်းမထင်ဘူး။ MPT က သူတို့ဆီကတစ်ခုခုရဖို့အရေးကို သူတို့ကာထားတဲ့ အချက်တွေကပိုများတယ်။ ပြီး တော့ အစကတည်းက Plan ရှိရင်လည်း စောစောလုပ်သင့်တယ်။အခုက အူရီးဒူးကတ်ဝယ်ရင်တောင် ၁၄ ရက်နေ့အထိ Free ပြောလို့ရတာဆိုတော့ သူ့ဟာ မလုပ်လည်းဘာမှမဖြစ်တော့ဘူး’’ဟု မန္တလေးတိုင်းကွန်ပျူတာလုပ်ငန်းရှင်အသင်းနာယက ဦးရဲမြတ် သူကပြောသည်။
အသုံးပြုရာတွင် မိမိစာရင်းပေးသွင်းလိုသည့် ဖုန်းနံပါတ်များ ပြောင်းလဲလိုပါက မိုဘိုင်းဖုန်းနံပါတ်တစ်ခုလျှင် တစ်ကြိမ်သာပြောင်း လဲနိုင်ခြင်းနှင့် CDMA မိုဘိုင်းဖုန်းများသို့ခေါ်ဆို၍မရခြင်းနှင့် စတင်အသုံးပြုခအဖြစ် ကျပ် ၂၅၀၀ ဖြတ်တောက်ခြင်းများစသည့် ကန့်သတ်မှုများကြောင့် အသုံးမပြုလိုကြခြင်းလည်းဖြစ်သည်။
‘‘ဖုန်းသုံးလုံးကို ၂၅ ကျပ်နဲ့ ခေါ်နိုင်ဖို့ကို ၂,၅၀၀ စဖြတ်တာနဲ့ပဲ တစ်နာရီစာနီးနီးဖြစ်နေပြီ။ တစ်လလုံးဆိုတာလည်း ကိုယ်က အရမ်းဖုန်းပြောတဲ့သူဆိုရင်တော့ အဆင်ပြေပေမယ့် တကယ်တမ်း မတန်ဘူးထင်လို့မလုပ်ဘူး’’ဟု GSM မိုဘိုင်းဖုန်းသုံးစွဲသူကိုသူရက ပြောသည်။
အဆိုပါဝန်ဆောင်မှုကို အသုံးပြုလိုပါက နံပါတ် 1331 သို့ မိမိနှစ်သက်သည့် ဖုန်းနံပါတ်များကို ADD အနောက်တွင်ရိုက် နှိပ်ကာ မက်ဆေ့ခ်ျပေးပို့ရမည်ဖြစ်ပြီး သြဂုတ် ၃၁ ရက်အထိ အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အဆိုပါဝန်ဆောင်မှုပေးနေချိန်တွင် အူရီးဒူးကုမ္ပဏီကလည်း ဆင်းမ်ကတ်များရောင်းချပြီး သြဂုတ် ၁၄ ရက်အထိ မိုဘိုင်းဖုန်း ခေါ်ဆိုခများကို အခမဲ့ခေါ်ဆိုနိုင်ရန် ဝန်ဆောင်မှုများလည်းပေးထားခြင်းဖြစ်သည်။

30.7.14


ရှယ်နာရီနှိုးစက်

နာရီမျိုးစုံ ရောင်းသော စတိုးဆိုင်ကြီးအတွင်းသို့ လူတစ်ဦးဝင်လာ၏။ အရောင်းပြခန်းကို လှည့်လည်ကြည့်ပြီးနောက် အရောင်းစားရေးအား
မေး၏။
"နာရီ နှိုးစက်ကောင်းကောင်းရှိလား"
"ရှိပါတယ်ခင်ဗျာ ၊ခေါင်းလောင်းသံ ၊တေးသံ၊ ငှက်အော်သံ မျိုးစုံရနိုင်ပါတယ်"
"မဖြစ်သေးပါဘူးကွာ၊ ဒါမျိုးတွေဝယ်သုံးတာများပြီ ၊ဘယ်ဟာမှ ငါ့ကို အိပ်ရာက နိုးအောင် မစွမ်းဆောင်နိုင်ဘူးကွ"
"ဒါဆိုရင် ကျွန်တော်တို့ဆီမှာ နောက်ဆုံးပေါ်အထူးတီထွင်ထားတဲ့ နာရီတစ်မျိုးရှိပါတယ်ခင်ဗျာ"
"ဘယ်လိုနာရီအမျိုးအစားလဲ"
ဟုမေးလိုက်သဖြင့် နာရီရောင်းသူက ပြန်ဖြေလိုက်သည်မှာကား...
"ကျွန်တော်တို့ နာရီက သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် ပထမဦးဆုံး မီးလှန့် အချက်ပေးသံ မြည်ပါလိမ့်မယ်၊နောက် အမြောက်ပစ်သံ ၊ ဗုံးကွဲသံ
တွေမြည်ပါလိမ့်မယ်၊ ပြီးရင် နာရီက ရေနွေးပူတွေ ပန်းထွက်လာပြီး လူကြီးမင်းကို ပက်ဖျန်းပါလိမ့်မယ်၊ အဲဒါမှ မနိုးသေးရင်တော့ နာရီထဲက သံပူ
လွန်သွားတစ်ခုထွက်လာပြီး နှိုးဆွပါလိမ့်မယ်၊ အဲဒီ့ နောက်မှ လူကြီးမင်းမနိုးဘူးဆိုရင်တော့ နာရီက အလိုအလျောက် သုဘရာဇာဌာနကို ဖုန်းဆက်ပြီး
လူသေခေါင်းနဲ့ ကားကို မှာပေးနိုင်ပါတယ်၊ စိတ်ချလက်ချသာ ၀ယ်သွားနိုင်ပါတယ်ဗျာ" ဟု ပြောလိုက်လေသည်။

27.7.14

မင်းရဲ့ချမ်းသာကြွယ်ဝမှုတွေကို...ဆင်းရဲသားတွေကိုမပြောမိပါစေနဲ့...။

မင်းရဲ့ကျန်းမာခြင်းတွေကို.....ဝေဒနာခံစားနေရသူတွေကိုမပြောမိပါစေနဲ့။

မင်းရဲ့စွမ်းအားရှိတဲ့အကြောင်းတွေကို...အားနဲ့တဲ့သူတွေကိုမပြောမိပါစေနဲ့။

မင်းရဲ့ပျော်ရွှင်ခြင်းတွေကို....၀မ်းနည်းနေသူတွေကိုမပြောမိပါစေနဲ့။

မင်းရဲ့လွတ်မြောက်ခြင်းအကြောင်းကို...အကျဉ်းကျခံနေရသူတွေကို
မပြောမိပါစေနဲ့။

မင်း၇ဲ့ချစ်စရာကလေးအကြောင်းတွေကို..ကလေးမရသူတွေကို
မပြောမိပါစေနဲ့။

မင်းမိဘတွေရဲ့မေတ္တာကြီးမားပုံကို...မိဘမဲ့တွေကိုမပြောမိပါစေနဲ့။

သူတိုတွေရဲ့နာကျဉ်မှုတွေကိုထပ်ဆင့်မတိုးပါစေနဲ့...သူငယ်ချင်း။


''ဆဲဆိုတာသူ့အလုပ် ၊
သည်းခံတာ ကိုယ့်တာဝန်။
ကဲ့ရဲ့တာ သူ့အလုပ်၊
သည်းခံတာ ကိုယ့်တာဝန်။ "

" ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ။
စိတ်မှာ အသိဥာဏ်နည်းရင် ရိုင်းတယ်။
စိတ်ထဲမှာ အသိဥာဏ်များရင် ယဉ်ကျေးတယ်။ "

"အပြစ်ကို ကဲ့ရဲ့တာနဲ့၊
လူကို ကဲ့ရဲ့တာ ခွဲခွဲခြားခြား
သိတတ်ကြရင် ကဲ့ရဲ့မှုက
လွတ်မယ်"

ရွှေပါရမီတောရ ဆရာတော်…

သောက

စိတ်ဆင်းရဲခြင်းဆိုတာက စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေ
ကန်ထရိုက်ဆွဲထားတတ်တဲ့ ခပ်ညံ့ညံ့ပစ္စည်းတစ်ခုပါ။
စိတ်ချမ်းသာခြင်းကတော့ စိတ်ဓာတ်ခိုင်မာသူတွေရဲ့
မူပိုင်ရတနာထုပ်ကြီးတစ်ခုဖြစ်ပါတယ်။

ကြိုးစားကြည့်ပါလား?
အကျိုးကောင်းကောင်း လိုချင်တဲ့စိတ်နဲ့ မကြိုးစားပါနဲ့
အကြောင်းကောင်းကောင်း လုပ်ချင်တဲ့စိတ်နဲ့ ကြိုးစားပါ။

ရွှေပါရမီတောရ ဆရာတော်…


ရုန်းရင်း ကန် ရင်း

လေထန်တိုင်းသာ ပွင့်ကြွေပါမူ၊
ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ၊
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင် တ၀က် လင်းတ၀က်သည်၊
တရက်တခါ ကြုံမြဲသာတည့်။
ဘ၀ သည်ကား၊ တိုက်ပွဲ များပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသော မှောင်သော၊
အောင်သော ရှုံးသော၊
မုန်းသော ချစ်သော၊
သစ်သော ဟောင်းသော၊
ကောင်းသော ဆိုးသော၊
ညှိုးသော လန်းသော၊
ကြမ်းသော နုသော၊
ပူသော အေးသော၊
စောကြော စိတ်ဖြာ၊ မနေသာပေ
လဲရာက ထ၊ ကျရာက တက်၊
ပျက်ရာက ဆောက်၊
ရှေ့သို့လျှောက်၍၊
ရောက်ရာဘ၀၊ အားမာန်ပြရင်း၊
ရုန်းရ ကန် ရမည် တကား။ ။

 ငွေတာရီ

24.7.14

ယောင်္ကျားလေးတွေက
စွဲဆောင် မှု့ရှိတဲ့ မိန်းကလေးတွေကို
စိတ်ဝင် စားကြတယ်
ဖော်ရွေတဲ့ မိန်းကလေးတွေကို
ခင် မင် လိုကြတယ်
လှပသိမ်မွေ့တဲ့ မိန်းကလေးတွေနဲ့
ချစ်သူဖြစ်လိုကြတယ်
ခေတ်မီထက်မြက်တဲ့ မိန်းကလေးတွေနဲ့
သိကျွမ်းရင်းနှီးလိုကြတယ်
ဒါပေမယ့်…
ဘဝတသက်တာ လက်တွဲဖို့ကိုတော့
အမေလို ကြင် နာစိတ်ထားနဲ့
ဂရုစိုက်နားလည်တတ်တဲ့
မိန်းကလေးတွေကို
ရွေးချယ်ချင် ကြတယ်။

19.7.14

ဇူလိုင် ၁၈။   ။ အမြင့်ပေသုံးသောင်းမှ ပျက်ကျခဲ့သော်လည်း တစ်ငွေ.ငွေ.လောင် ကျွမ်းနေသည့်မလေးရှားလေကြောင်းပိုင် MH 17 ၏ အပျက်အစီးများကြား ဟိုတစ်စ၊ ဒီတစ်စ ပျ.ံကျဲနေသော ရုပ်အလောင်းများသည် အတော်ကြီးကို ခြေရာလက်ရာ ပုံစံမပျက်ရှိနေသေး၏။ 

အနက်ရောင်ဆွယ်တာဖြင့် အုမျိုးသမီးတစ်ဦး ပက်လက်ကြီးဆန်.နေသည်၊ မျက်နှာမှသွေးများလည်း စီးကျနေ၏၊ ဘယ်ဖက်လက်ကမြှောက်လျက်အနေအထားဖြစ်နေရာ တစ်စုံတစ်ဦးအားလက်ဖြင်. အချက်ပြခေါ်နေသယောင်။ နောက်အမျိုးသမီးတစ်ဦးကတော. အနက်ရောင်ဘော်လီကလွဲ၍ တစ်ကိုယ်လုံး ကိုယ်လုံးတီးဖြစ်လျက် လယ်ကွင်းထဲတွင် အတိုင်းသားလဲနေပြီး သူ.ခြေထောက် တစ်ဖက်မှာလည်း သွင်သွင် ကျိုးထားပြီဖြစ်၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း စုတ်ပြဲနေပြီး အဖြူရောင်ဆံနွယ်တို.မှာ အစိမ်းရောင်မြက်ပင်များဖြင့် ဒွေးရောယှက်တင်ဖြစ်နေသည်။

 လေယာဉ်သည်ခရမ်းပြာရောင်ပန်းတို့ ညှပ်ပေါက် နေသည့်ဂျုံစိုက်ခင်းကြီးတစ်ခုထဲသို. ဒုံးစိုင်းပြီး ထိုးမစိုက်ခင်၊ လေယာဉ်အပျက်အစီးအပိုင်းအစများသည် လူသူနည်းပါးသည့် ယူကရိန်းနိုင်ငံ၏လယ်တောများပေါ်သို. မိုင်ရာချီပြီး တောက်လျှောက်ပြုတ်ကျလာခဲ့ကြောင်း၊ လူ.ခန္ဓာကိုယ်တို.မှာလည်း မိုးကောင်းကင်မှ အ၀တ်စုတ်များသဖွယ်၊ မီးခိုပြာစုများသဖွယ် ပြတ်ကျခဲ့ကြောင်းဒေသခံတို.က ဆိုသည်။

“သိပ်ကိုဆိုးတာပဲ။ ကျုပ်တို.အားလုံး တကယ်ကို တုန်လှုပ်ခြောက်ခြားသွားတာပဲ၊” ဟုဆာဂျေးဟုခေါ်သော ယူကရိန်းခွဲထွက်ရေးသူပုန်တစ်ဦးက ဆိုသည်။ သူသည် လေယာဉ်ပျက်ကျရာတွင် ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတစ်ဦးဖြစ်သည်။

ရုရှားနယ်စပ်နှင်.မဝေးလွန်းလှသည်. ယူကရိန်းအရှေ.ပိုင်းရှိ လေယာဉ်ပျက်ရာနေရာသို.သွားရာလမ်းတစ်လျှောက် မီးသတ်ကားများ၊ အခြားအရေးပေါ်ယာဉ်များတန်းစီနေ၏။ ယူကရိန်းမှခွဲထွက်ပြီးရုရှားနှင့်ပေါင်းစည်းရန် လိုလားသော စစ်သွေးကြွသူပုန်များထိန်းချုပ်ရာ ဤနေမြေကို ရောက်ရှိ လာသော သတင်းစာဆရာများအား ဓာတ်ပုံများရိုက်ကြပါဟု သူပုန်တို.က တိုက်တွန်းပြောဆိုကြသည်။

လေယဉ်ပျက်ကျရာအနီးဝန်းကျင်တွင် လူနေအိမ်ခြေများလည်းမရှိ။ တစ်ခုတည်းသောမြင်ရသည့်အဆောက်အဦးမှာ ကြက်မွေးမြူရေးခြံတစ်ခြံဖြစ်ပြီး ခပ်ဝေးဝေးမှာလည်း  အလားတူ အဖြူရောင်မွေးမြူရေးခြံလေးများ ရှိနေသည်။

ရုပ်အလောင်းများပြုတ်ကျထားသည့်နေရာများကို အမှတ်သင်္ကေတပြုရန် ကယ်ဆယ်ရေးလုပ်သားတို.သည် လေယဉ်ပျက်ကျလာရာ လမ်းတစ်လျှောက်ရှိ သစ်ပင်အကိုင်းတို.အား အဖြူရောင် အ၀တ်စများဖြင်. ချည်နှောင်ထားပြီးဖြစ်၏။ ဂျူံကွင်းထဲသို.ညအမှောင် ဆိုက်ရောက်လာသည်တွင် လူနာတင်ယဉ်များနှင်. ကယ်ဆယ်ရေး ယာဉ်တန်းများ တစ်လျှောက် အုပ်စုဖွဲ.၍ စုရုံးရောက်လာခဲ့ကြသည်။

လေယဉ်အပိုင်းအစတို.သည် ဂျုံစိုက်ကွင်းနှင်. လမ်းတစ်လျှောက်တို.တွင် ပျံ.ကျဲနေသည်။ လေယဉ်ခုံတစ်ခုံ၏ ကျောဖက်ရှိ အက်ကွဲနေသော ရုပ်မြင်သံကြားစက်တစ်ခု၊မလေးရှား လေကြောင်းလိုင်းအမှတ်တံဆိပ် ပါရှိသည့် အဖြူရောင် လေယဉ်အမြီးအပိုင်းအစကြီးတစ်ခု၊ လေယာဉ်ကိုယ်ထည် မှပြုတ်ထွက်လာသော ချွန်တက်တက် အနားစတစ်ခု၊ အားလုံး ဟိုတစ်စဒီတစ်စ။

လေယဉ်တောင်ပံဟု ယူဆနိုင်သော အပေါက်တစ်ခုပါရှိသည့် အပိုင်းအစတစ်ခု။ သတ္ထုအပိုင်းအစတစ်ခု လေယဉ်တောင် ပံအားဖောက်ထွက်ခဲ.ပုံရ၏။
အပျက်အစီးများအား သာမာန်မျက်စိဖြင့်ကြည့်ပါက ဒီအပျက်အစီးတို.သည်  လက်နက်တစ်စုံတစ်ရာဖြင့်တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်ပေါ်ခဲ့ သည်လော သို.တည်းမဟုတ်  ပျက်ကျလာပြီးမှလမ်းတွင် မသိနိုင်သော အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်ခဲ.သလော ... မည်သို.မျှမသိနိုင်ပေ။

သေဆုံးသူအများအပြားမှာ လေယဉ်ခုံခါး ပတ်များပတ်လျက် အနေအထားဖြစ်၏၊ ထိုခါးပတ်တို.မှာ လည်းလေယဉ်အပိုင်းအစတို.ဖြင်.တွဲလျက်ရှိနေသည်။ လယ်ကွင်းထဲတွင် လဲနေသည့်အမျိုးသားတစ်ဦးမှာ အောက်ပိုင်းအ၀တ်အစား မရှိတော.ပြီဖြစ် သော်လည်း ခြေစွပ်များကတော့ ကျွတ်မထွက်သေး၊ သူ.ညာဖက်လက်မောင်းမှာ ဗိုက်ပေါ်တင်လျက်သားဖြစ်နေ၍ အနားယူ လှဲလျောင်းနေသည်.အလား မှတ်ထင်ရသည်။

အခြားလူငယ်တစ်ဦးမှာ အပြာရောင် ဒူးပြတ်ဘောင်းဘီတိုဖြင့်၊ အနီရောင်နိုက်ကီဖိနပ်ကိုဝတ်လျက် အနေအထားဖြင့် ခြေကားလျား၊ လက်ကားလျား လဲနေသည်။ သူ.နဘေးတွင်လည်း iPhone တစ်လုံး။ လေယဉ်ပေါ်ပါလာသူ ဒတ်ခ်ျခရီးသည်များ ပိုင်ဆိုင်သည့် ပစ္စည်းပစ္စယတို.မှာလည်း မြက်ခင်းပြင်ထဲတွင် ကျဲပြန်.နေသည်။ အပြာရောင် ကလေးဖတ်စာအုပ်တစ်အုပ်၊ ဟန်းစ်ဗန်ဒမ်ဟန်ဒီဟူသော အမျိုးသားတစ်ဦးအမည်ပါသည့် ကားရပ်နားခွင့် လက်မှတ်တစ်စောင်၊ ကပ်ခွာစာရွက်များပါသော စာအုပ်တစ်အုပ်။ ခလေးကစားသည့်ဖဲချပ်များလည်း လမ်းအနီးတစ်ဝိုက် လွင့်စင်လျက်။


လူတို.၏နေ.တစ်ဓူဝ အသုံးအဆောင်များသည်လည်း မြက်ခင်းပြင်တွင်ကျဲပြန်.နေသည်။ အိမ်သာသုံးပစ္စည်း များလည်းအိတ်တွေထဲမှ ဖိတ်ကျလျက်၊ နေဗီယာခရင်၊ ဘရိတ်ဓါးတစ်ချောင်း၊ အဖြူရောင်ညှပ်ဖိနပ်၊ ကိုးလုံးဖန် ပုလင်းတစ်လုံး၊ မြက်ပင်ထဲရောက် အမျိုးသမီးသုံး တစ်လျှူးတစ်ထုပ်။ အနီရောင်ခရီး ဆောင်အိပ်မှထွက် ကျလာသည့် အပြာပွပွစောင်နုနုတစ်ထည်လည်း ချွန်မြသည်.သတ္ထုချောင်းတစ်ချောင်းပေါ်ချိတ်လျက်။ စက်ဘီးတစ်စီးလည်း မြက်ခင်းထဲရောက်နေသော်လည်း ပကတိအကောင်းအတိုင်း။

ဤနေရာသည်အညိုရောင်အဆင်းရှိသော ကြက်မွှေးတို.ဖြင့်လည်းဖုံးလွှမ်းနေ၏။ သေနေသော ကြက်တူရွေးနှစ်ကောင်အနက် တစ်ကောင်မှာ အတောင်ပံတစ်ဖက်ကို မြှောက်ထားသည်မှာ လက်ဝှေ.ယမ်းနေသလား မှတ်ထင်ရသည်။ ထို.ပြင် ဒေါင်းတစ်ကောင်လည်း သေဆုံးနေသည်။

အနီးဆုံးရွာမှာ ကျောက်မီးသွေးထုတ်သည်. ဂရာဗိုဗိုမြို.ငယ် လေးဖြစ်ပြီး၊ ထိုရွာရှိဒေသခံများမှာ လေယဉ်ပျက်ကျသည်ကို ပထမဆုံးမြင်တွေ.ခဲ.သူများဖြစ်သည်။ အသက်လေးဆယ်အရွယ်ရှိ အိုလက်ခ်ဂျော်ဂျီဗစ်ဆိုသော မိုင်းတူးသမားတစ်ဦးမှာ သူပုန်တို.နှင်.အတူအစိုးရကို တိုက်ပွဲဝင်နေသူဖြစ်၏။ သူသည် ကြာသာပတေးနေ. ညနေလေးနာရီကျော်တွင် ဆူညံသံများကြားခဲ့ရာ၊ မြို.အားဗုံးကျဲနေသည်ဟု တွေးတောမိကြောင်း ဆိုသည်။ အစိုးရတိုက်လေယဉ်တို.မှာ နေ.စဉ်ပျံဝဲနေပြီး အနီးအနားရှိရွာများအားလည်း မကြာမကြာ ဗုံးကျဲနေသည်ဟု သူကဆိုသည်။

လေချွန်သံလိုမျိုးအသံကြားသဖြင့် သူ.အိမ်ပဉ္စမထပ်ရှိလသာ ဆောင်သို.သွားကြည်.ရာ ကောင်းကင်ယံမှ တစ်စုံတစ်ခုပြုတ်ကျလာသည်ကို မြင်ရကြောင်း သူကဆိုသည်။ ပျက်ကျလာသည့် အရာမှာ လေယဉ်ဆီတိုင်ကီအစိတ်အပိုင်းဖြစ်ကြောင်း မကြာမီ သူသိသွား၏။ နောက်ပိုင်း အ၀တ်စ ပုံသဏ္ဌာန်မျိုးပစ္စည်းများ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာရောက်ရှိလာသည်ကို သူမြင်တွေ.သွားသည်။ အမှန၊က ထိုအရာတို.မှာ လူ.ခန္ဓာကိုယ်များဖြစ်သည်၊ အများစုက အ၀တ်များစုတ်ပြဲလျက်။

သေဆုံးသူများတွင် ခလေးငယ် အများအပြားပါသည်ဟု ကယ်ဆယ်ရေးလုပ်သားတို.က ဆိုကြသည်။
“မကြောက်နဲ.ကွ” ဟုစာတမ်းပါသော အနီရောင်တီရှပ်ဝတ်ဆင်ထားသည်. ဆယ်နှစ်အရွယ်ခန်. ခလေးငယ်တစ်ဦး မြက်ပင်များကြားတွင် နံဘေးစောင်းလျက်လဲနေသည်။

အဲလက်စီဟုခေါ်သော ကယ်ဆယ်ရေးအလုပ်သမားတစ်ဦးက လေယဉ်ပျက်ကျသည်.ဧရိယာသည် စတုရန်းမိုင်အားဖြင့်၎ သို.မဟုတ် ၅ စတုရန်းမိုင် ရှိကြောင်း မြေပုံပေါ်တွင်အနီရောင် ဘောပင်ဖြင့် လေးထောင့်ပုံစံတစ်ခု ဆွဲပြသည်။

သူ.အဆိုအရ လေယဉ်အစိတ်အပိုင်းတို.မှာ ဤဒေသတစ်ခုလုံး တွင်တစ်စစီ ပျံ.ကျဲကျနေပြီး လေယဉ်မှုးမှာ ဂျုံစိုက်ကွင်းထဲသို. ဆင်း သက်ရန်ကြိုးစားခဲ.ပုံ မရှိဟု ဆိုသည်။ လေယာဉ်မှာကောင်းကင်ထက်မှာပင် အပိုင်းပိုင်းအစစ ဖြစ်သွား ဟန်ရှိသည်။

“ကျတာကတော. တစ်စစီပဗျာ” ဟုသူကဆိုသည်။
သူအပါအ၀င်ကယ်ဆယ်ရေးလုပ်သား ၆၀ ခန်.ရှိပြီး၊ သူတို.က ရုပ်အလောင်းများကောက်ယူ သိမ်းဆည်းရန် တဲများထိုးနေကြသည်။
ကျောက်မီးသွေးမိုင်းတွင်းသမား အိုလက်ခ်ဂျော်ဂျီဗစ်က ယခုဝမ်းနည်းစရာအဖြစ်အပျက်ကြောင့် နောက်ဆက်တွဲဘာတွေဖြစ် လာဦးမည်လည်း ဟု စိုးရိမ်ကြောင့်ကြနေသည်။ ယူကရိန်းအစိုးရကတော. ရုရှားနှင့် ယူကရိန်းခွဲထွက်ရေးသူပုန်တို့က ၄င်းတို.ရဲ.လေယာဉ်တွေကိုပစ်ချနေကြောင်း၊ ယခုခရီးသည်လေယာဉ်ပျက်ကျတာနဲ.ပတ်သက်ပြီး အလားတူစွပ်စွဲနေဦးမည်ဖြစ်သည်ဟု သူက ထင်သည်။


“နက်ဖန်ဆို ယူကရိန်းတွေ ကျနော်.လက်ထဲမှာရှိတဲ. ဒီသေနတ်နဲ. ဒီလေယဉ်ကိုပစ်ချလိုက်တယ်လို့ ဆိုကြပါလိမ်.မယ်” ဟု အမှောင်ထဲမှာရပ်ပြီး သူက ဆိုသည်။ 
“ကျုပ်ကိုကြည်.ပါဦး။ ကျုပ်ဝတ်ထားတာ ဘောင်းဘီတို။ ဘာကျည်ကာအင်္ကျီမှမရှိဘူး။ ကျုပ်သေနတ်က ဘယ်တုန်းက ထုတ်တာလဲ သိလား” ဟု သတင်းထောက်တစ်ယောက်ကိုကြည့်ရင်း သူက ဆိုသည်။ သူ.သေနတ်ပေါ်က ခပ်နှိပ်ထားသော ခုနှစ်ကား ၁၉၅၃ ဖြစ်လေသည်။

https://www.facebook.com/TheYangonGlobe ##
စာညွှန်း။ နယူးယောက်တိုင်းစ်သတင်းစာ၏ Fallen Bodies, Jet Parts and a Child’s Pink Book တိုက်ရိုက်ပြန်ဆိုသည်။




ကျွန်တော်တို့ချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း

ခင်ဗျားရုပ်က
ဖြူဆုတ်ဆုတ်နဲ့
အဟာရမပြည့်ဝတဲ့ရုပ်
ပဲပြုတ်နဲ့နံပြားပဲ
ချွေတာစားနေရတာကိုးဗျ
ခင်ဗျားပြောတဲ့စကား
တခါတ လေ တော်တော်ရိုင်းတယ်
ဒါပေမယ့်
ပွင့်လင်းတဲ့စေတနာအားပါတော့
ကျုပ်နားဝမှာလုံးဝမခါးပါဘူး
ရုပ် ရှင် သွားကြည့်တာ
က လေးတွေကြားထဲမှာ
ငါးမူးတန်းကဆိုလား
ခရိုနီ"စီးပွါးရေးသမားတွေက
အခွင့်ရေးတောင်းမှာစိုးလို့"တဲ့
အူကြောင်ကြောင်နိုင် တဲ့လူ
လမ်းတွေ့တဲ့မိတ်ဆွေတောင်
အ ရေးလုပ်နှုတ်မဆက်တတ်သူ
"ကျောချင်းကပ်
ရင် ချင်းအပ် ရမဲ့သူကို
အပိုတွေလုပ်စရာမလိုပါဘူး"လို့
ဆိုမှခင်ဗျားရဲ့ဟန်မ ဆောင်
ရိုးသားမှုကိုတွေ့လိုက်ရတယ်
ခင်ဗျားးဘယ်လိုလူလဲ
အကြော်တဲစုတ်က
ဆင်းရဲသားကို
ဝတ်ထားတဲ့အင်္ကျီ
သွားပေးရလောက်အောင်
ခင်ဗျားနှလုံးသားလှလှချည်လားဗျာ
ငွေသော်တာရောင်ခြည်နဲ့
အသည်းစွဲအောင် သူချစ်တဲ့
မယားကို
ပါးဆွဲရိုက်ပစ်သတဲ့
"သူ့ရဲ့ ရဲဘော်လေးတွေကို
တောက်တိုမယ် ရ
လျှောက်ခိုင်းတယ်ထင် လို့"တဲ့
ဗိုလ်ချုပ်လုပ်ပြီး
ဝတ်စရာအင်္ကျီမရှိ
နေစရာအိမ်မရှိ
ခင်ဗျားတော်တော် အ တဲ့လူပဲ
"လူမှာအရေးကြီးဆုံးက
ကိုယ်ကျင့်တရားရယ်၊
အမှန်တရားကိုမြတ်နိုးရမယ်"
လို့ခင်ဗျားပြောတာကြားမှ
ကျုပ်ကိုကျုပ်ရှက်မိတယ်
ဦးရာဇတ်တို့လိုကုလားတွေနဲ့
လက်တွဲနေ ပေမယ့်
"ရန်သူလိုနေမလား၊
မိတ်ဆွေလိုနေမလား"လို့
ရဲရဲဝံ့ဝံ့ပြတ်ပြတ်သာသား
မေးခဲ့တဲ့
ခင်ဗျားရဲ့ အမျိုးသားရေးစိတ်ဓါတ်ကို
ကျုပ်မချီးကျူးဘဲမ နေနိုင်ပါဘူး

"အမျိုးအကျိုးကိုလာထိတဲ့လူတွေကိုတော့ အတွင်းကလူဖြစ်ဖြစ်၊
အပြင်ကလူဖြစ်ဖြစ်
တိုက်ခိုက်နှိမ်နင်းရမှာပေါ့"
လို့ပြောတဲ့ ခင်ဗျားရဲ့မျိုးချစ်စိတ်
ပြင်းထန်ပြတ်သားတာကို ကျုပ်
ဘယ်လိုဘယ်လိုဘယ်လို
ပြောပြရပါ့မလဲနော်

လွတ်လပ်ရေးရပြီးရင်
စာရေးစားမယ်ပြောတာအံ့ပါရဲ့ဗျာ
သည်းခြေကြိုက်နိုင်ငံ့အာဏာကို
အရိပ်အ ငွေ့တောင်
မမက်မောတဲ့လူပါ့လား
သမီးဘို့နားကပ်လုပ်ဖို့
အမေ့ဆီ အမွေသွားတောင်းသတဲ့
တော်တော်ရိုးတဲ့လူ
ဒီနိုင် ငံမှာဘယ်နားတူးတူး
သယံဇာတထွက်တယ်ဆိုတာ
ခင်ဗျားသိသိချည်းနဲ့ဗျာ
ခင်ဗျားအကြောင်းပြောရတာ
ရင် ထဲမှာတရွစိစိနဲ့
သေခါနီးသေနပ် ၁၃ချက်မှန်တာတောင်
နောက်ဆုံးတောင်းသွားတာက
"ရေတိုက်ပါ၊ရေ ပေးပါ"တဲ့ဗျာ

မူရင်း ကိုကိုလေး



19 july

တိုင်းပြည် ရဲ့ နှလုံးသားအက္ခရာမှာ
လူသေပေမယ့် နာမည်မသေတာကို
ခေါင်းဆောင် လို့ခေါ်တယ်
တိုင်းပြည် ရဲ့ မှတ်တမ်းသမိုင်းထဲမှာ
လူမသေပေမယ့် နာမည်သေတာကို
ခေါင်းရှောင် လို့ခေါ်တယ်

တိုင်းပြည်နဲ့ ပြည်သူအတွက်
မစားပဲ စွန့်နိုင် သူကို သူရဲကောင်းလို့ခေါ်တယ်
တိုင်းပြည်နဲ့ ပြည်သူဆီက
မစွန့်ပဲ စားတတ်တဲ့သူကို
သူရဲဘောကြောင် သူလို့ခေါ်တယ်
မလွတ်လပ်သေးတဲ့
တိုင်းပြည်ကို လွတ်လပ်ဖို့ ကြိုးစားပေးသူတွေကို အာဇာနည်လို့ခေါ်တယ်
လွတ်လပ်တဲ့တိုင်းပြည်ကို
မလွတ်လပ်အောင် လုပ်နေသူတွေကို
အာဏာရှင် လို့ခေါ်တယ်…
19 ဇူလိုင် 2014 ကိုဂုဏ်ပြုလျက်
ခိုင်-ငြိမ်းလဲ့

19 july

ဦးညွတ်အလေးပြုလိုက်ကြပါစို့

19 july

ဂငယ်ပုံအစည်းအဝေးစားပွဲရဲ့ထိပ်မှာ ဗိုလ်ချုပ်ထိုင်တယ်။
ဘယ်ဘက်မှာ ဦးရွှေဘော်၊ ဦးဘဂျမ်း ၊ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီး အစဉ်အတိုင်းထိုင်တယ်။
ညာဘက်မှာ သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်း၊ မန်းဘခိုင် အစဉ်အတိုင်းထိုင်တယ်။ လူသတ်သမားတွေရောက်မလာခင် ၃၊၄မိနစ်လောက်မှာ တတိယအတွင်းဝန် ဦးအုန်းမောင်ရောက်လာတယ်။ သယ်ယူပို့ဆောင်ရေးစီမံကိန်းတစ်ခုကို တင်ပြဖို့ပဲ။ အမှန်က ဦးကြင် လာရမှာ။ ဦးအုန်းမောင်က တခြားကိစ္စရှိနေလို့ ဦးကြင်ကိုခွင့်တောင်းပြီး အရင်ဝင်လာတာ။
တံခါးစောင့်ကိုတွန်းဖယ်၊ တံခါးကိုဆောင့်တွန်းပြီး စစ်ဝတ်နဲ့ သုံးလေးယောက် သေနတ်တွေနဲ့ ၀င်လာတာကိုမြင်မြင်ချင်း ဦးဘဂျမ်းက တွေးလိုက်သေးတယ်။
(အရေးကြီးကိစ္စသတင်းပို့ဖို့ဖြစ်မယ်၊ ၀န်ကြီးတွေအစည်းအဝေးလုပ်နေတာတောင် သေနတ်ကိုအပြင်မှာမထားခဲ့ဘူး၊ နားလည်မှုမရှိတဲ့ရဲဘော်တွေပဲ)တဲ့။
အတွေးမဆုံးသေးဘူး စားပွဲအလယ်မှာ ခြေစုံရပ်ပြီး ဗိုလ်ချုပ်ကို စပစ်တယ်။
ဦးရွှေဘော်နဲ့ ဦးမြက ပြတင်းပေါက်ကိုကျော်ပြီး အစည်းအဝေးခန်းနဲ့ ကပ်လျက် ဦးရွှေဘော်ရုံးခန်းကို ထွက်ပြေးလွတ်မြောက်သွားတယ်။ ဦးဘဂျမ်းက ချက်ချင်းဝပ်ချလိုက်ပြီး ဦးအောင်ဇံဝေကိုလည်း ဆွဲချလိုက်တယ်။
ဗိုလ်ချုပ်နဲ့ သခင်မြတို့ဘက်ကို အားရပါးရပစ်ပြီးမှ ဦးဘဂျမ်းတို့ ၀ပ်နေတဲ့ဘက်ကို ပစ်တယ်။ ဦးဘဂျမ်းရဲ့ ညာဘက်လက်သူကြွယ်ထိပ်ကိုပဲ ထိတယ်။

ဗိုလ်ချုပ်ကို စပစ်တော့ ထိုင်ရာကထပြီး လက်ကာပြတယ်၊ တစ်ခုခုအော်ပြောတယ်။ ဘာပြောမှန်းမကြားလိုက်ရဘူး။ ထိုင်နေရာကနေ ညာဘက်အနောက်နားက သူ့ရုံးစားပွဲကို သွားတယ်။ ဆက်မလျှောက်နိုင်ဘဲ စားပွဲနှစ်ခုကြားမှာ ကျဆုံးသွားတယ်။ မိုင်းပွန်စော်ဘွားကြီးက ထိုင်လျက်သားနဲ့ စားပွဲပေါ်ကို လက်ထောက်ပြီး ကျဆုံးတယ်။
ဦးဘ၀င်း နဲ့ မန်းဘခိုင် တို့ကတော့ နေရာမှာပဲ ထိုင်လျက်သား ခေါင်းငိုက်စိုက်နဲ့ ကျဆုံးတယ်။ ဦးရာဇတ် နဲ့ ဒီးဒုတ်ဦးဘချိုတို့က နည်းနည်းလေး လှုပ်ရှားနေသေးတယ်။
ဦးအုန်းမောင် ဘယ်လိုပုံစံကျဆုံးသလဲ သေချာမသိရပါ။ သခင်မြက သူထိုင်တဲ့နေရာရဲ့ ကြမ်းပြင်ပေါ်မှာ ကျဆုံးတယ်။ ရဲဘော်ကိုထွေးကတော့ လူသတ်သမားတွေပြန်အဆင်း လှေကားရင်းမှာ တွေ့ပြီး ကျဆုံးတယ်။
ဟိန်း
(နိုင်ငံတော်လုပ်ကြံမှုကြီးအကြောင်း ဦးဘဂျမ်းနှင့် ဦးအောင်ဇံဝေ ပြန်လည်ပြောပြချက်မှ ကောက်နှုတ်သည်)

19 july

ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုးံခဲ့ရသောအာဇာနည်ကိုးဦးအား အသက်လျော်ကြေးပေးရန် ၎င်းပိုင် လက်ဝတ်ရတနာများ ကိုရောင်းချ၍ ရရှိငွေကို အညီအမျှခွဲဝေပေးရန် ဇနီးဖြစ်သူဒေါ်သန်းခင်အား ထောင်းတွင်းမှ မှာကြားခဲ့သည်။ ဒေါ်သန်းခင်သည် ခင်ပွန်းဖြစ်သူ ဦးစော၏ဆန္ဒအတိုင်း ပုဂ္ဂိုလ်ရှစ်ဦးအားလိုက်လံပေးပြီးနောက် ဒေါ်ခင်ကြည်အား အကျိုးအကြောင်းပြောပြီး အသက်လျော်ကြေးပေးရသော အခါ ဒေါ်ခင်ကြည်က
- - - -
“ရှင့်ယောက်ျား ကျမယောက်ျားကိုလုပ်ကြံလို့ ကျမမုဆိုးမဘ၀ရောက်ခဲ့ရပါပြီ။ ရှင်လည်း မကြာမီ မုဆိုးမဖြစ်တော့မှာမို့ မုဆိုးမဘ၀တူချင်းမို့ အဲ့ဒီလျော်ကြေးငွေကိုမယူပါရစေနဲ့။ ဦးစောအတွက် သာဘ၀ကူးကောင်းအောင် ကုသိုလ်ဒါန တစ်ခုခုပြုလုပ်ပေးပါ” ဟုပြောကြားခဲ့ကြောင်း သိရပေသည်။
- - - -
အမုန်းတရားပွားများခြင်းမှ ကင်းဝေးကြပါစေ ... ။
သန်းဝင်းလှိုင် ၏ မဟာသီရိသုဓမ္မဒေါ်ခင်ကြည် မှ ကောက်နှုတ်တင်ပြပါသည်။
http://moemaka.com/archives/19220 တွင် အပြည့်အစုံ ဆက်လက်ဖတ်ရှု့နိုင်ပါသည်။



19 july

လွတ်လပ်ရေးဖခင်ကြီးဉီးအောင်ဆန်းနှင့်ကျဆုံး
သွားသောအာဇာနည်ခေါင်ဆောင်များကို
ဉီးအောင်ဆန်းရဲ့သမီးဖြစ်သူဒေါ်အောင်ဆန်း
စုကြည်လာရောက်ကန်တော့ပြီးအလေးပြုခဲ့
ပါတယ်

18.7.14

သေမင်း ထံ ငါမသွားမီ
အလုပ်ခွင်မှာ
အထုတ်ပြင်ရင်း စောင့်ဦးမည်။

ကြီးကြီးငယ်ငယ်၊ မရွေးချယ်ဘူး
ဘယ်နေ့ဘယ်ရက်၊ သူမတွက်ဘူး
ချိန်းချက်မလုပ်၊ ရုတ်တရက်ဖြစ်စေ
ချိန်းကာချက်ကာ၊ ကြာမှဖြစ်စေ
ပုံသေမရှိ၊ လာတတ်၏။
အခေါ်လာလျှင်
ငါ့မှာ ငြင်းပယ်ခွင့်မရှိ
ရှင်ခြင်းမမြဲ၊ သေခြင်းမြဲသော
သည်ဝဲသြဃ၊ ရုန်းမရချေ။

အချိန်ကျလျှင်
လောဘ ဒေါသ၊ မောဟထုတ်များ
ပါးထက်ပါးအောင်
တရားမျက်ပွင့်၊ မြတ်အကျင့်ကို
လွယ်လင့်တကူ၊ ငါယူနိုင်အောင်
ကြံဆောင်ကြိုးစားရဦးမည်။

သေမင်းအဖော်၊ သူမခေါ်မီ
ပျော်ပျော်နေရင်း၊ ငါ့ယာခင်းတွင်
သီးကင်းဝေအောင် ပျိုးဦးမည်။

တင်မိုး



15.7.14

ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ
===================

တစ်ခါက မုဆိုးလင်မယား နှစ်ယောက်ရှိတယ်။ မိန်းမ ဖြစ်သူက မုဆိုး အလုပ်လုပ်နေတဲ့ ယောက်ျားဖြစ်သူကို ဒီအလုပ်လုပ်တာ မကြိုက်ရှာဘူး။ ဒါနဲ့ တစ်နေ့ တော့ သူ့ ယောကျာ်းကို ရှင် ဥပုသ်လေး ဘာလေး စောင့်ပြီး တရားလေး ဘာလေးလုပ်ပါဦးလား။ ရွာထိပ်က ဘုန်းကြီးကျောင်း သွားပေါ့ ဆိုပြီးလွတ်လိုက်တယ်။ အဲဒီမှာ မုဆိုးကြီးကလည်း စိတ်လိုလက်ရ သွားရှာတယ်။

ဘုန်းကြီးကျောင်း ရောက်လို့ ဘုန်းကြီးကို ကန်တော့ပြီး တပည့်တော်ကို တရားတစ်ပုဒ် လောက် တိုတိုတုပ်တုပ်လေးဟောပေးပါဘုရားလို့ တရားတောင်းတယ်လေ။ ဒီတော့ ဘုန်းကြီး ပေးလိုက်တဲ့ တရားလေး က “ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ " တဲ့ ။ ဒါအတိုဆုံး တရားပဲတဲ့။

ဒီတော့ မုဆိုးကြီးက အံ့သြသွားတယ်။ အရှင်ဘုရား တပည့်တော်ဟာ ဒီမုဆိုး အလုပ် ကို ကြိုက်နှစ်သက်လို့ ပဲ တောလိုက်မုဆိုးဘ၀နဲ့  ရပ်တည်လာတာ(၅၅)နှစ်တောင် ရှိပါပြီ။ ဒါပေမယ့် ခုချိန်ထိ ဘာတိုးတက်မှုမှ မရပါလားဘုရား။ ခုလည်းဘုန်းဘုန်းက ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတော့ ဘယ်နှယ့်များ လုပ်ရပါ့လို့  လျှောက်တော့။ ဆရာတော်က ဒီနားလာခဲ့လို့ခေါ်ပြီး သူ့ ကို အပ်နဲ့ ထိုးလိုက်တယ်။ ဒီတော့ မုဆိုး က “ အား " လို့ ထအော်တာပေါ့။ အဲဒီမှာ ဆရာတော်ကမေးတယ်။ မင်းကို အပ်နဲ့ ထိုးတာကြိုက်လား? တဲ့။ ဒီတော့ မုဆိုးက ပြန်ဖြေတယ်။ ဘယ်ကြိုက်ပါ့မလဲ ဘုရား။ တပည့်တော်က အပ်နဲ့ မပြောပါနဲ့ ၊ မျက်စောင်းထိုးရင်တောင် ကြိုက်တာမဟုတ်ဘူးလို့ ပြောသတဲ့။ ဒီမှာပဲ ဆရာတော်က ဒါဆို မင်းကိုအပ်နဲ့ ထိုးတာတောင် မကြိုက်ဘူးဆိုရင် လေးနဲ့ ပစ်၊ မြှားနဲ့ ပစ်ပြီး အသက်ကို သတ်ဖြတ်နေတာဟာ ကိုယ် မကြိုက်တဲ့ အလုပ်ကို သူများကို သွားလုပ်နေတာပဲပေါ့။

လူတော်တော် များများဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ကို သတ်မှာကျ မကြိုက်ဘူး။ သူများ အသက်ကျသတ်တယ်။ ကိုယ့်ကို ညာပြောတာကျ မကြိုက်ဘူး။ သူများကျတော့ ညာပြောပြန်တယ်။ တကယ်တော့ ကိုယ်မကြိုက်ဘူးဆိုတဲ့ အလုပ်တွေတိုင်းကို သူများအပေါ်မှာလုပ်နေတတ်တယ်လေ။ ဒါကြောင့် ဆရာတော်ဟောတဲ့ “ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။”ဆိုတဲ့  တရားလေးဟာ ပညာပါပြီး ထိရောက်လှပါတယ်။

ဒီတရားလေးကို သိခွင့်ရသွားကြကုန်သော စာဖတ်သူအပေါင်းတို့လည်း နေ့စဉ် ကိုယ်ကြိုက် သောအရာများကိုသာ သူတစ်ပါးအား ပြုမူပြောဆို ဆက်ဆံ လုပ်ကိုင်နိုင်ကြလို့ အကောင်းကံများကို သာ ဖန်တီးနိုင်ကြပြီး ကောင်းကျိုးတွေရရှိခံစားနိုင်ကြပါစေ။

Credit to: FB
KZ
Kanaung.NET



13.7.14






ဖိနပ်နဲ့ မတော်တာနဲ့ပဲ
ခြေဖနောင့်ကို ဖြတ်ပစ်ဖို့မလိုပါဘူး
သူ့ခြေထောက်နဲ့ တန်တဲ့ဖိနပ်တွေ ရှိလို့
နေနိုင် သေးတာပဲလေ
လောကကြီးထဲမှာလည်း
တချို့သောကဏ္ဍတွေမှာ ကိုယ့်ရဲ့ အသုံးဝင် မှု့က အံဝင် ခွင်ကျမဖြစ်တဲ့အခါ
ကိုယ့်ကိုယ်ကို ပြစ်တင် သိမ်ငယ်နေဖို့မလိုပါဘူး……
ကိုယ်အသုံးဝင် တဲ့ အခန်းကဏ္ဍ တွေရှိလို့ နေသေးတာကို မမေ့လိုက်နဲ့လေ

တခါတလေမှာ
ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါအားမငယ်ပါနဲ့၊
ကိုယ့်ကိုယ်ကို
သာမန်လူတစ်ယောက်ဆိုတာကို
သတိရလိုက်ပါ။သူများတကာရယ်မောနေတာတွေ့ရင်လည်း တလောကလုံးမှာ
ကိုယ်တစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေရတယ်မထင်လိုက်ပါနဲ့၊ တကယ်တော့ သူများတွေကသင့်ထက်ပိုပြီး ဟန်လုပ်တတ်လို့ပျော်တယ်
ထင် နေရတာပါ

အကူအညီမဲ့နေတဲ့အခါ
ငိုချင်ငိုလိုက်နိင် ပါတယ် ဒါပေမယ့်ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွဖို့ မမေ့ပါနဲ့။
အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ တန်ဖိုးရှိလှတဲ့ 

သင့်ရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။
အပြုံးလေးတခုကနေ အနာဂတ်အသစ်စဖွင့် နိုင် တာကို မမေ့လိုက်ပါနဲ့……

*ခိုင်(ငြိမ်းလဲ့)


4.7.14

တချို့တွေက အောက်မှာနေရပေမယ့်
ကိုယ့်အထက်က လူကို ဒုက္ခပေးဖို့
ကြိုးစားတတ်ကြတယ်
အဲဒီလိုလူတွေက ကြမ်းပိုး လို လူတွေပဲ ဖြစ်တယ်…

တချို့တွေက အထက်မှာ နေခွင့် ရှိပေမယ့် အောက်က လူကို
ဒုက္ခပေးဖို့ ကြိုးစားတတ်ကြတယ်
အဲဒီလို လူတွေက
ခြင် လို လူတွေပဲ ဖြစ်တယ်…

တချို့တွေက ကြာကြာထားမိလေ ပိုချဉ်လေဖြစ်တတ်တယ်
အဲဒီလို လူတွေက
အချဉ်တည်တဲ့ အိုးလို လူတွေပဲ ဖြစ်တယ်…

တချို့တွေကတော့
ကြာကြာပေါင်းမိလေ ပို နှစ်သက်မိလေ
ဖြစ်တတ်တယ်
အဲဒီလို လူတွေက
နှစ်ချို့ဝိုင် လို လူတွေပဲ ဖြစ်တယ်.....


ငြိမ်းလဲ့ Like page မှ...



3.7.14

ပန်းပင်များကိုချစ်တတ်အောင်

တစ်ခါက ဘုရင့်ဥယျာဉ်ထဲမှာ ပန်းခြံတစ်ခုလုပ်ဖို့စဉ်းစားမိသတဲ့။အဲဒီနေရာကို ဥယျာဉ်မှူးက မြေတွေသေချာပြုပြင်၊မြေသြဇာတွေ နိုင်နိုင်ထည့်ပြီးတော့ ပန်းမျိုးစေ့တွေကို ပျိုးထောင်ပါတော့တယ်။မကြာခင်မှာပဲ ပန်းတွေက မျိုးပေါက်လာပြီးတော့ ပွင့်ဖူးလာကြပါတယ်။ဒါပေမယ့် သူစိုက်ထားတဲ့ပန်းတွေချည်းပဲတော့ မဟုတ်ပါဘူး။အဲဒီနေရာမှာ ဒေသအလိုက်ပေါက်တဲ့ ပန်းရိုင်းတွေပါပေါက်လာပါတယ်။

အဖြူရောင်ပန်းရိုင်းတွေဟာ လှပပေမယ့် ဥယျာဉ်မှူးကတော့ မကျေနပ်ပါဘူး။ဒီပန်းရိုင်းတွေကို ရှင်းပစ်ဖို့ကြံပါတယ်။ပန်းရိုင်းတွေကို လူခေါ်ပြီးနှုတ်ပေမယ့် မကြာခင်မှာပြန်ထွက်လာပါတယ်။အဲဒီလိုနဲ့ ဥယျာဉ်မှူးက နည်းလမ်းအမျိုးမျိုးသုံးပေမယ့် ပန်းတွေကလုံးဝ မသေနိုင်ပါဘူး။အဲဒါနဲ့ ဥယျာဉ်မှူးလဲ အကြပ်ရိုက်တော့တာပေါ့။တစ်နိုင်ငံလုံးအနှံ့ပန်းစိုက်တဲ့သူတွေနဲ့ ဥယျာဉ်မှူးတွေဆီက နည်းလမ်းအမျိုးမျိုးတောင်းပေမယ့်အသုံးမ၀င်ဘူးဖြစ်နေပါတယ်။နောက်ဆုံးတော့ ပညာဉာဏ်စုံတဲ့ အမတ်ကြိးဆီရောက်လာပါတယ်။

အမတ်ကြီးကိုလာခေါ်တော့ အမတ်ကြီးက ဥယျာဉ်ထဲကို လိုက်သွားပါတယ်။ပြီးတော့ပန်းပင်တွေကို သေချာကြည့်ရှု၊မြေအနေအထားကိုကြည့်ပြီးတော့ စဉ်းစားနေသတဲ့။ဥယျာဉ်မှူးက အမတ်ကြီးကို ဘာအကြံဉာဏ်ကောင်းတွေလဲလို့မေးပါတယ်။
အမတ်ကြီးက တွေးနေပြီးတော့ " မင်းကိုအကြံပေးစရာမရှိတော့ဘူး သင်ပေးစရာပဲရှိတော့တယ်"
ဥယျာဉ်မှူးကလဲ ဘာများသင်ပေးမလဲဆိုပြိးတော့ မေးတဲ့အခါအမတ်ကြီးက

" ဒီပန်းရိုင်းတွေကို ဖယ်ရှားပစ်ဖို့နည်းလမ်းမရှိတော့၊မင်းကိုသာ ဒီပန်းရိုင်းတွေကို ချစ်လာအောင်သင်ပေးဖို့သာရှိတော့သည်" ဟုဖြေလိုက်ပါသတဲ့။

အမတ်ကြိးက ပန်းရိုင်းတွေဆိုပေမယ့် လှပတဲ့အကြောင်း အရိုင်းကအရိုင်း အယဉ်ကအယဉ် သူ့နေရာနှင့် သူ့ရာသီကိုလိုက်ပြီးပြုစုဖို့ သင်ပေးလိုက်တာပေါ့။အမတ်ကြီးရဲ့ အကြံအတိုင်းဥယျာဉ်မှူးဟာ အယဉ်ပင်တွေကိုသတ်ပြီးတော့ ပန်းရိုင်းတွေချည်းပဲ စိုက်ပျိုးပါတော့တယ်။မကြာခင်မှာ ပန်းရိုင်းတွေက ပိုမိုလှပစွာပွင့်လန်းလာပြီးတော့ ဥယျာဉ်မှူးရဲ့ပညာကြောင့် သိပ်မလှတဲ့ပန်းရိုင်းတွေဘ၀ကနေ အလွန်လှပတဲ့ပန်းပွင့်တွေဖြစ်သွားပြီးတော့ ဥယျာဉ်တစ်ခုလုံးဟာ သူမတူအောင်လှပနေပါတယ်။

အဲဒီဒေသမှာပဲတွေ့ရတဲ့ပန်းရိုင်းတွေကို ပြန်ပြုပြင်ထားတာမို့ ပန်းတွေဟာ အခြားပန်းတွေနဲ့မတူ အမျိုးအစားအသစ်တစ်ခုလိုဖြစ်နေလေတော့ လာရောက်ကြည့်ရှုကြတဲ့သူတွေလဲများပါတယ်။နောက်ဆုံး ဘုရင်မင်းမြတ်ကိုယ်တိုင်ပန်းခြံကိုအားရသောကြောင့် ဥယျာဉ်မှူးအားဆုချီးမြင့်ပါသတဲ့။

မောင်စိုင်း
လူတွေအကြောင်း သိမှတ်သင့်သော စကားလုံး တစ်ချို့

(၁) လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။

(၂) လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။

(၃) လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။

(၄) လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။

(၅) လူတစ်ယောက်သည် အစားစားရာတွင် ပုံမှန်မဟုတ်သော အပြုအမှုများနှင့် စားလျှင် သူသည် စိတ်ဖိစီးမှု တစ်စုံတစ်ရာ ရှိနေလို့ ဖြစ်ပါတယ်။

(၆) လူတစ်ယောက်သည် ဘာမဟုတ်သော ကိစ္စများမှာပင် မျက်ရည် ကျတယ်ဆိုရင် သူသည် စိတ်ထိခိုက် လွယ်သောသူ ဖြစ်ပါတယ်။

(၇) လူတစ်ယောက်သည် အသေးအမွှား ကိစ္စများမှာပင် စိတ်တိုဒေါသ ဖြစ်တယ် ဆိုရင် သူသည် ချစ်ခြင်းမေတ္တာလိုအပ် နေသောသူ ဖြစ်ပါတယ်။

Credit to ကျော်လင်းနိုင်

1.7.14




2G နှင့် 3G

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ 2G, 3G ဆိုတဲ့ အသုံးအနှူန်းကို အများစုက ကြားဖူးနားဝရှိပြီးသားဖြစ်မှာပါ။ 2G နှင့် 3G ကွန်ယက်တွေဟာ မိုဘိုင်းဆက်သွယ်ရေးအတွက် အသုံးပြုနေတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့data rate, speed တွေအကြောင်းပြောသွားမှာမဟုတ်ပဲ နည်းပညာနယ်ပယ်ထဲကမဟုတ်တဲ့သူများအတွက် ဖတ်ရှူရတာ နားလည်ရှင်းလင်းအောင် 2G နှင့် 3G ကွာခြားပုံကို ရေးသားသွားပါမယ်။ 2G ဆိုတာ ကြိုးမဲ့တယ်လီဖုန်းနည်းပညာ ဒုတိယမျိုးဆက်ဖြစ်တဲ့ second-generation ကိုပြောတာပါ။ 2G မိုဘိုင်းတယ်လီကွန်းကွန်ယက်ကို 1991 ခုနှစ် Finland နိုင်ငံမှာ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ သက်တမ်းအားဖြင့်ဆိုရင် ၂၃နှစ်ရှိနေပါပြီ။ 2G မှာ စာတိုပေးပို့ခြင်း (SMS) ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ ထို့အတူ စာတိုပေးပို့ခြင်းသာမက  ရုပ်ပုံများပေးပို့ခြင်း နှင့် multi media message ပါ အသုံးပြုနိုင်ပါတယ်။ 2G မှာဆိုရင် voice communications, text messaging နှင့် simple web browsing (စာရှာဖွေခြင်းကဲ့သို့သော သာမန်အင်တာနက်အသုံးပြုနိုင်ခြင်း တို့ပါဝင်ပါတယ်။ထို့နောက် 2G ကိုထပ်မံအဆင့်မြင့်တင်ရာမှ 2.5G, 2.75G, 3G နှင့် 4G များက အစားထိုးဝင်ရောက်လာပါတယ်။ 3G ဆိုတာ လက်ရှိမြန်မာနိုင်ငံရဲ့လူနေမှူဘ၀ကို စိတ်ကျေနပ်မှူအပြည့်နဲ့ ပညာရေး၊ သတင်း၊ လူမှူရေး စတဲ့ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးမယ့် မိုဘိုင်းဆက်သွယ်ရေးနည်းပညာ တတိယမျိုးဆက်ဖြစ်ပါတယ်လို့ပဲ တင်စားပါရစေ။ 3G ကိုမြင်တာနဲ့ အင်တာနက်မြန်နှူန်းမြင့်ဆိုတာက ပါလာပြီးသားပါ။ အချက်အလက်၊ ဓာတ်ပုံ၊ ရုပ်ရှင်တွေကို မြန်ဆန်စွာ Download, Upload ပြုလုပ်နိုင်မှာက 3G ပါ
 ကျနော်တို့ လက်ရှိသုံးနေတဲ့Smart Phone ဟာ လွန်ခဲ့တဲ့ ၁နှစ်၊ ၂နှစ်က ထုတ်ထားတာဖြစ်ကောင်းဖြစ်မယ်။ ယနေ့အသစ်ထွက်ရှိလာတဲ့ဖုန်းတွေကို လိုချင်စိတ်မဖြစ်မိဘူးလား။ လဲချင်စိတ်ကော မဖြစ်ဘူးလား။ သေချာတာကတော့ ယခင်ဖုန်းနဲ့ လဲချင်မိမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုရင် ယနေ့နောက်ဆုံးပေါ်ထွက်ရှိလာတဲ့ Smart Phone တွေဟာ ဆန်းသစ်တဲ့နည်းပညာအဆင့်မြင့်တင်မှူတွေ ပြုလုပ်လာလို့ပဲ မဟုတ်ပေဘူးလားခင်ဗျာ။ ဒီလိုပဲ။ 3G ဆိုတာလည်း 2G ကနေ အဆင့်ဆင့် မြင့်တင်လာတဲ့ မိုဘိုင်းဆက်သွယ်ရေးနည်းပညာတစ်ခုပါပဲ။ ဒါပေမယ့် 3G ကွန်ယက်ကို နေရာတိုင်းမှာ အသုံးပြုလို့ ရရှိဦးမှာမဟုတ်ပါဘူး။ ယခု ပြည်ပ Telecom ကုမ္ပဏီနှစ်ခုက တာဝါတိုင်တွေ တည်ဆောက်နေဆဲဖြစ်ပါတယ်။ မြို့ကြီးတွေမှာတော့ 3G ကွန်ယက်တွေကို စမ်းသပ်အောင်မြင်နေပြီ ဖြစ်ပါတယ်။ Ooredoo Myanmar
က 3G ကွန်ယက်ကိုသာ အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့် 3G နဲ့ပက်သက်ပြီး အဆင်ပြေချောမွေ့အောင် ဂရုတစိုက်လုပ်ကိုင်နေမှာ အသေအချာပါပဲ 3G ကိုအသုံးပြုမယ်ဆိုရင် အဓိကအချက်အနေနဲ့ ကျနော်တို့အင်တာနက်လိုင်းကောင်းမွန်စွာ အသုံးပြုနိုင်ပါမယ်။ Youtube က video လိုမျိုးကို စောင့်ဆိုင်းနေစရာမလိုပဲ တိုက်ရိုက်ကြည့်ရှူနိုင်မယ်။ Youtube မှာဆိုရင် ပညာရေးအတွက်ပဲ အသုံးပြုမလား။ ဖျော်ဖြေရေးအတွက်ပဲအသုံးပြုမလား။ နောက်ဆုံးရသတင်းတွေကိုရုပ်သံနဲ့ ကြည့်ရှူမလား။ စွယ်စုံအသုံးချနိုင်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာ Youtube ကိုအသုံးနည်းနေတယ်ဆိုတာ အဓိက အင်တာနက်လိုင်း မကောင်းလို့ပါ။ ဖုန်းပြောဆိုရာမှာလည်း အသံကြည်လင်ပြတ်သားမှူသာမက video calls တွေပါအသုံးပြုနိုင်ပါမယ်။ ယခုကျနော်တို့ဖုန်းအပြန်အလှန်ပြောဆိုတဲ့အခါ အသံနဲ့သာ ဆက်သွယ်ပြောဆိုလို့ရပါတယ်။ 3G မှာဆိုရင် ရုပ်ကောအသံပါ နှစ်မျိုးစလုံး အသုံးပြုလို့ရရှိမှာဖြစ်ပါတယ်။ Ooredoo Myanmar က video calls စမ်းသပ်အောင်မြင်ပြီးတဲ့နောက်ပိုင်းမှာ ဟာသအနေနဲ့အင်တာနက်စာမျက်နှာတွေပေါ်မှာ ဒီလိုမျိုးရေးသားထားတာတွေ့ရပါတယ်။ “အိမ်က မိန်းမက ယောက်ျားဘယ်ရောက်နေလဲမေးရင် အရင်လို သူငယ်ချင်းအိမ်မှာဆိုပြီး လိမ်ညာပြောလို့မရတော့ဘူး။ မယုံဘူး video calls ဖွင့်ပြဆိုမှ ပြသနာတွေတက်ကုန်မယ်” ယခင်လို “ဟလို ဟလိုကြားလား” ဆိုပြီး လိုင်းမိအောင် လိုက်ဖမ်းရတဲ့ ဒုက္ခကလည်း ကင်းဝေးသွားမှာပါ။
ကျောင်းသားတွေအနေနဲ့လည်း အင်တာနက်လိုင်းမြန်ဆန်စွာအသုံးပြုနိုင်မယ်ဆိုရင် Online မှာရှိတဲ့ video tutorials တွေကို ကြည့်ရှူနိုင်မယ်။ နိုင်ငံတကာမှာသင်ကြားနေတဲ့ course တွေကိုသင်ယူနိုင်မယ်။ကွန်ပျူတာပရိုဂရမ်ရေးသားသူ၊ မိုဘိုင်း App ရေးသားသူ၊ Developer တွေအနေနဲ့လည်း အင်တာနက်လိုင်းကောင်းမွန်စွာ အသုံးပြုနိုင်မယ်ဆိုရင် သူတို့ရဲ့အရည်အသွေးတွေဟာ ပိုမိုတိုးတက်လာပြီး မြန်မာနိုင်ငံရဲ့ ICT လိုအပ်ချက်တွေကို ကမ္ဘာ့အဆင့်မှီဖြည့်ဆည်းပေးနိုင်မှာပါ။ ဂီတ၀ါသနာရှင်တွေအနေနဲ့ သူတို့ solo သီချင်း၊ MTV တွေကို အင်တာနက်ပေါ်မှာ တင်နိုင်မယ်။ လူကြည့်များပြီး လူအများလက်ခံပြီဆိုရင် နိုင်ငံကျော်တင်မက၊ ကမ္ဘာကျော်အဆိုတော်ထိတောင် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက်ကို နိုင်ငံတကာသတင်းတွေ ဖတ်ရှူဖို့အတွက် ရည်ရွယ်ပြီး အသုံးချနေသူများအတွက်လည်း စာဖတ်စွမ်းရည်၊ ဥာဏ်ရည်၊ ဗဟုသုတတွေ ကြွယ်ဝပြီး သူများပါးစပ်အပြောကို မယုံပဲ ကိုယ်တိုင်မှန်ကန်တိကျတဲ့သတင်းတွေကို အင်တာနက်ကနေ ရှာပြီးဖတ်နိုင်လာမယ်။ အိမ်မှာပဲ အင်တာနက်အသုံးပြုပြီး Online Shopping ဖွင့်မယ်။ အင်တာနက်ကနေ ပိုက်ဆံရှာမယ်။ စသဖြင့် နယ်ပယ်ပေါင်းစုံက လူနေမှူဘ၀တွေဟာ မြန်နှူန်းမြင့်အင်တာနက်ကိုအသုံးပြုမယ်ဆိုရင် ယခုထက်ပိုတဲ့ ဖွံ့ဖြိုးတိုးတက်မှူတွေအများကြီး ရှိလာမှာပါ။

ရေးသားသူ – မိုးလုံးပြည့်လျှံ