အမှားထဲမှ သင်ခန်းစာ
-------------------------
သောမတ်အက်ဒီဆင်ဟာ လျှပ်စစ်မီးသီးကို တီထွင်ဖို့ အကြိမ် တစ်ထောင်လောက်
ကြိုးစားခဲ့ရပြီးတော့ အဲဒီမီးသီးထဲမှာ ထည့်ဖို့ ပစ္စည်းတွေကို ပစ္စည်းပေါင်း
၂၀၀၀ကျော်လောက် စမ်းသပ်ခဲ့ရပါတယ်။
တစ်ညတော့ သူ့စမ်းသပ်ခန်းမှာ သူနဲ့ သူ့လက်ထောက်နှစ်ယောက် မီးလုံးထဲကို ဘာပစ္စည်း ထည့်ရမလဲလို့ စဉ်းစားနေကြပါတယ်။
ပစ္စည်းပေါင်း အမျိုး ၂၀၀၀ လောက်စမ်းသပ်ခဲ့ကြပြီး မအောင်မြင်ခဲ့ကြပါဘူး
နောက်ဆုံးတော့
သူ့လက်ထောက်ကလေးက ညည်းညူတယ်။ " အကြိမ် ၂၀၀၀ လောက်ကြိုးစားခဲ့တာ အလကားပါ
အားလုံးဟာ သဲထဲရေသွန်ချည်းပဲ ဘာအကျိုးမှမရှိဘူး " ဆိုပြီးရေရွတ်ပါတယ်။
အဲဒီစကားကို ကြားသွားတယ် အက်ဒီဆင်ဟာ " ငါ့လူ စိတ်မလျော့နဲ့ အနည်းဆုံးတော့
ဒီပစ္စည်း အမျိုး ၂၀၀၀ ဟာ မီးသီးလုပ်တဲ့နေရာမှာ သုံးလို့ မရဘူးဆိုတာကိုပဲ။
ဒါက အမှားထဲက ယူတတ်ရင် သင်ခန်းစာပေါ့ကွာ "
No comments:
Post a Comment