လေထန်တိုင်းသာ ပွင့်ကြွေပါမူ၊
ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ၊
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင် တ၀က် လင်းတ၀က်သည်၊
တရက်တခါ ကြုံမြဲသာတည့်။
ဘ၀ သည်ကား၊ တိုက်ပွဲ များပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသော မှောင်သော၊
အောင်သော ရှုံးသော၊
မုန်းသော ချစ်သော၊
သစ်သော ဟောင်းသော၊
ကောင်းသော ဆိုးသော၊
ညှိုးသော လန်းသော၊
ကြမ်းသော နုသော၊
ပူသော အေးသော၊
စောကြော စိတ်ဖြာ၊ မနေသာပေ
လဲရာက ထ၊ ကျရာက တက်၊
ပျက်ရာက ဆောက်၊
ရှေ့သို့လျှောက်၍၊
ရောက်ရာဘ၀၊ အားမာန်ပြရင်း၊
ရုန်းရ ကန် ရမည် တကား။ ။
ငွေတာရီ
ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ၊
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင် တ၀က် လင်းတ၀က်သည်၊
တရက်တခါ ကြုံမြဲသာတည့်။
ဘ၀ သည်ကား၊ တိုက်ပွဲ များပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသော မှောင်သော၊
အောင်သော ရှုံးသော၊
မုန်းသော ချစ်သော၊
သစ်သော ဟောင်းသော၊
ကောင်းသော ဆိုးသော၊
ညှိုးသော လန်းသော၊
ကြမ်းသော နုသော၊
ပူသော အေးသော၊
စောကြော စိတ်ဖြာ၊ မနေသာပေ
လဲရာက ထ၊ ကျရာက တက်၊
ပျက်ရာက ဆောက်၊
ရှေ့သို့လျှောက်၍၊
ရောက်ရာဘ၀၊ အားမာန်ပြရင်း၊
ရုန်းရ ကန် ရမည် တကား။ ။
ငွေတာရီ
No comments:
Post a Comment