တချို့တွေက အောက်မှာနေရပေမယ့်
ကိုယ့်အထက်က လူကို ဒုက္ခပေးဖို့
ကြိုးစားတတ်ကြတယ်
အဲဒီလိုလူတွေက ကြမ်းပိုး လို လူတွေပဲ ဖြစ်တယ်…
တချို့တွေက အထက်မှာ နေခွင့် ရှိပေမယ့် အောက်က လူကို
ဒုက္ခပေးဖို့ ကြိုးစားတတ်ကြတယ်
အဲဒီလို လူတွေက
ခြင် လို လူတွေပဲ ဖြစ်တယ်…
တချို့တွေက ကြာကြာထားမိလေ ပိုချဉ်လေဖြစ်တတ်တယ်
အဲဒီလို လူတွေက
အချဉ်တည်တဲ့ အိုးလို လူတွေပဲ ဖြစ်တယ်…
တချို့တွေကတော့
ကြာကြာပေါင်းမိလေ ပို နှစ်သက်မိလေ
ဖြစ်တတ်တယ်
အဲဒီလို လူတွေက
နှစ်ချို့ဝိုင် လို လူတွေပဲ ဖြစ်တယ်.....
ငြိမ်းလဲ့ Like page မှ...
No comments:
Post a Comment