တစ်ခါက ဘုရင့်ဥယျာဉ်ထဲမှာ ပန်းခြံတစ်ခုလုပ်ဖို့စဉ်းစားမိသတဲ့။အဲဒီနေရာကို ဥယျာဉ်မှူးက မြေတွေသေချာပြုပြင်၊မြေသြဇာတွေ နိုင်နိုင်ထည့်ပြီးတော့ ပန်းမျိုးစေ့တွေကို ပျိုးထောင်ပါတော့တယ်။မကြာခင်မှာပဲ ပန်းတွေက မျိုးပေါက်လာပြီးတော့ ပွင့်ဖူးလာကြပါတယ်။ဒါပေမယ့် သူစိုက်ထားတဲ့ပန်းတွေချည်းပဲတော့ မဟုတ်ပါဘူး။အဲဒီနေရာမှာ ဒေသအလိုက်ပေါက်တဲ့ ပန်းရိုင်းတွေပါပေါက်လာပါတယ်။
အဖြူရောင်ပန်းရိုင်းတွေဟာ လှပပေမယ့် ဥယျာဉ်မှူးကတော့ မကျေနပ်ပါဘူး။ဒီပန်းရိုင်းတွေကို ရှင်းပစ်ဖို့ကြံပါတယ်။ပန်းရိုင်းတွေကို လူခေါ်ပြီးနှုတ်ပေမယ့် မကြာခင်မှာပြန်ထွက်လာပါတယ်။အဲဒီလိုနဲ့ ဥယျာဉ်မှူးက နည်းလမ်းအမျိုးမျိုးသုံးပေမယ့် ပန်းတွေကလုံးဝ မသေနိုင်ပါဘူး။အဲဒါနဲ့ ဥယျာဉ်မှူးလဲ အကြပ်ရိုက်တော့တာပေါ့။တစ်နိုင်ငံလုံးအနှံ့ပန်းစိုက်တဲ့သူတွေနဲ့ ဥယျာဉ်မှူးတွေဆီက နည်းလမ်းအမျိုးမျိုးတောင်းပေမယ့်အသုံးမ၀င်ဘူးဖြစ်နေပါတယ်။နောက်ဆုံးတော့ ပညာဉာဏ်စုံတဲ့ အမတ်ကြိးဆီရောက်လာပါတယ်။
အမတ်ကြီးကိုလာခေါ်တော့ အမတ်ကြီးက ဥယျာဉ်ထဲကို လိုက်သွားပါတယ်။ပြီးတော့ပန်းပင်တွေကို သေချာကြည့်ရှု၊မြေအနေအထားကိုကြည့်ပြီးတော့ စဉ်းစားနေသတဲ့။ဥယျာဉ်မှူးက အမတ်ကြီးကို ဘာအကြံဉာဏ်ကောင်းတွေလဲလို့မေးပါတယ်။
အမတ်ကြီးက တွေးနေပြီးတော့ " မင်းကိုအကြံပေးစရာမရှိတော့ဘူး သင်ပေးစရာပဲရှိတော့တယ်"
ဥယျာဉ်မှူးကလဲ ဘာများသင်ပေးမလဲဆိုပြိးတော့ မေးတဲ့အခါအမတ်ကြီးက
" ဒီပန်းရိုင်းတွေကို ဖယ်ရှားပစ်ဖို့နည်းလမ်းမရှိတော့၊မင်းကိုသာ ဒီပန်းရိုင်းတွေကို ချစ်လာအောင်သင်ပေးဖို့သာရှိတော့သည်" ဟုဖြေလိုက်ပါသတဲ့။
အမတ်ကြိးက ပန်းရိုင်းတွေဆိုပေမယ့် လှပတဲ့အကြောင်း အရိုင်းကအရိုင်း အယဉ်ကအယဉ် သူ့နေရာနှင့် သူ့ရာသီကိုလိုက်ပြီးပြုစုဖို့ သင်ပေးလိုက်တာပေါ့။အမတ်ကြီးရဲ့ အကြံအတိုင်းဥယျာဉ်မှူးဟာ အယဉ်ပင်တွေကိုသတ်ပြီးတော့ ပန်းရိုင်းတွေချည်းပဲ စိုက်ပျိုးပါတော့တယ်။မကြာခင်မှာ ပန်းရိုင်းတွေက ပိုမိုလှပစွာပွင့်လန်းလာပြီးတော့ ဥယျာဉ်မှူးရဲ့ပညာကြောင့် သိပ်မလှတဲ့ပန်းရိုင်းတွေဘ၀ကနေ အလွန်လှပတဲ့ပန်းပွင့်တွေဖြစ်သွားပြီးတော့ ဥယျာဉ်တစ်ခုလုံးဟာ သူမတူအောင်လှပနေပါတယ်။
အဲဒီဒေသမှာပဲတွေ့ရတဲ့ပန်းရိုင်းတွေကို ပြန်ပြုပြင်ထားတာမို့ ပန်းတွေဟာ အခြားပန်းတွေနဲ့မတူ အမျိုးအစားအသစ်တစ်ခုလိုဖြစ်နေလေတော့ လာရောက်ကြည့်ရှုကြတဲ့သူတွေလဲများပါတယ်။နောက်ဆုံး ဘုရင်မင်းမြတ်ကိုယ်တိုင်ပန်းခြံကိုအားရသောကြောင့် ဥယျာဉ်မှူးအားဆုချီးမြင့်ပါသတဲ့။
မောင်စိုင်း
No comments:
Post a Comment