25.3.14

အိပ်မက်တွေနဲ့ အိပ်စက်ပြီး
ရည် ရွယ်ချက်တွေနဲ့ အတူ နိုးထပါ

မကောင်းတဲ့အတွေးတွေကို
အိပ်စက်ခြင်းမှာ ထားခဲ့ပြီး
ကောင်းတဲ့ အတွေးတွေကို
နိုးထခြင်းအတွက် ယူဆောင် ပါ

မဖြစ်နိုင် တော့တဲ့အိပ်မက်ဟောင်းကို အိပ်စက်ခြင်းနေ့ဟောင်းမှာ
ထားခဲ့ပြီး
ကောင်းမွန်တဲ့အိပ်မက်သစ်ကို နေ့သစ်မှာ
သယ်ဆောင် မွေးမြူပါ

အမှားတွေကို အိပ်စက်ခြင်းမှာ
ချော့သိပ်ပြီး
အမှန်တွေကို နိုးထခြင်းမှာ
နေရာပေးမွေးမြူပါ

မကျေနပ်တာတွေကို အိပ်စက်ခြင်း
အမှောင် မှာထားခဲ့ပြီး
အကောင်းမြင် တက်ကြွတဲ့ စိတ်နှလုံးကို
နိုးထခြင်းအလင်းမှာ ရှင် သန် မွေးမြူပါ


ငြိမ်းလဲ့

 
အပင် မကြီးပေမယ့်
…………………အသီးချိုနိုင် သလို
အမြင် မနီးပေမယ့်
ခရီးတို နိုင် တာ တွေလည်းရှိနေ
နိုင် တာပါပဲ။

လူငယ်တွေဆိုပေမယ့်
အသီးချိုတဲ့သူတွေလည်း ရှိသလို
ခရီးတိုနဲ့ ရောက်အောင်
လျှောက်လှမ်းနိုင် တဲ့
သူတွေလည်း ရှိနေနိုင် တာပါပဲ။

ဒါ့ကြောင့်
လူငယ်တွေမှားတယ် ထင် ရင်
အကြံပေးပါ ထောက်ပြပါ ကူညီပါ
ငါ လူကြီးပဲ ဆိုပြီး
အမှားရှာ အပြစ်ပြပြီး တော့
မ ဝေဖန်လိုက်ပါနဲ့…


ငြိမ်းလဲ့


 
အမြင့်မှာ နေလိုလျှင်
လေတိုက်၍ ကြွေတတ်သည်။

အနိမ့်မှာ နေလိုလျှင်
မြွေကိုက်၍ သေတတ်သည်။

စကားနှစ်တည်ကို
ကြံစည်ယူလျှင် လူတို့ခွင် မှာ

နိမ့်လျှင် လည်း မေတ်ာလွန်း၊
မြင့်လျှင် လည်း မလျှာ်လွန်း။

ကြီးလွန်းလျှင် အလွန်ဝ၊
ငယ်လွန်းလျှင် အလွန်လျ။

ဝလွန်းလျှင် မတင့်တယ်၊
လှလွန်းလျှင် မသပ္ပာယ်။

မငယ်-မကြီး, မနီး-မေဝး, မေနှး-မလျှင်, တံငါလုလင် မျှားကြိုးငင် သို့
ဆင်ခြင် စည်းစောင့် ဝမ်းထဲဖြောင့်လော့။

နှုတ်ကြောင့် သေ၊
လက်ကြောင့် ကြေ၊ ဆိုချေ၏ တချက်။

တိမ်နက်နီးဝေး အကြီးနှင့်အေသး တန်သော်ကား-ဆေး၊ လွန်သော်-ဘေး။

(မုံရွေးဆရာတော် မေတ္တာစာ)






လူဆင်းရဲနဲ့ လူချမ်းသာ

တရုတ်ပြည် နာမည်ကျော် ချင်ပြည်ထောင်စုကို တည်ထောင်သူ ရင်းကျန့်ရဲ့ ဇတ်လမ်းလေးဖြစ်ပါတယ်။ ချင်ဧကရာဇ်ဟာ သူ့သားတော်ကို တိုင်းပြည်ထဲလှည့်လည်ရာမှာ ပြန်ရောက်လာတဲ့အတွက် ညစာပွဲကျင်းပပြီးတော့ တိုင်းပြည်ထဲမှာ ဘာတွေ တွေ့ခဲ့လဲလို့ မေးပါတယ်။

" သားတော် တိုင်းပြည်အတွင်းက ပြည်သူတွေ ငါတို့နဲ့ ဘယ်လိုများကွာခြားလဲဆိုတာ လျှောက်တင်စမ်းပါဦး "

သားတော်ကတော့
" ဖခင် ကျွန်တော်မျိုးတို့ခွေးတွေကို တစ်ကောင်လောက်သာ မွေးထားကြပေမယ့် သူတို့ကတော့ လေးငါးကောင်လောက် မွေးထားပါတယ်

ကျွန်တော်တို့ နန်းတွင်းမှာ ပန်းဥယျာ်ရဲ့အလယ်မှာ အလွန်အေးမြလှပတဲ့ ရေကန်ကြီးရှိပေမယ့် သူတို့မှာတော့ အဆုံးအစမရှိ လှပတဲ့ မြစ်ကြီးက စီးဆင်းနေပါတယ်

နန်းတွင်းက ညလင်းနန်းဆောင်ထဲမှာ ဖယောင်းတိုင်တွေ ထောင်ပေါင်းများစွာထွန်းထားပေမယ့် သူတို့တွေရဲ့ ကောင်းကင်မှာတော့ ကြယ်ပေါင်းမရေမတွက်နိုင်အလင်းဖြာနေပါတယ်။

နန်းတော်ပြတင်းပေါက်ကနေကြည့်ရင် အရှေ့ဥယျာဉ်ကိုသာမြင်နိုင်ပေမယ့် သူတို့အိမ်ပြတင်းပေါက်တွေကနေကြည့်ရင် မျက်စိတစ်ဆုံးမြင်နိုင်ပါတယ်။

ကျွန်တော်တို့က အစားအသောက်တွေ ၀ယ်ယူစားသောက်ပေမယ့် သူတို့က ကျွန်တော်တို့အတွက် အစားအသောက်တွေ ထုတ်လုပ်ပေးပါတယ်။

ကျွန်တော်တို့က အခွန်အခတွေကို ရွှေတွေနဲ့ ကောက်ခံပေမယ့် သူတို့ကတော့ ကြေးပြားတွေကို မူးစု ပဲစုနဲ့ အခွန်ပေးဖို့ စုဆောင်းနေပါတယ်။

ကျွန်တော်တို့က မြို့ရိုးတွေဆောက်ပြီး ကိုယ့်ကိုကိုယ်ကာကွယ်ထားပေမယ့် သူတို့တွေကတော့ ဘာမြို့ရိုးမှမလို မိတ်ဆွေတွေအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်ကာကွယ်ကြပါတယ်။ "

မောင်စိုင်း






17.3.14









 

ရင်းတွင်းခံစားချက်လေးတွေပေါင်းစုံရာနေရာ



မိခင်မေတ္တာ
--------------

ညှီသည့်ရနံ့ ၊မွှေးကြိုင်ပျံ့ပြီး

နီကျန်သွေးရဲ ၊ဖြူရောင်လဲဘိ

ငန်သည့်ရသာ ၊ချို၍လာသည်

မာတာမိခင်မေတ္တာတည်း။

-

ရှင်ခေမာစာရ(ဘုတလင်)
ဓမ္မဗျူဟာစာစောင်အတွဲ(၂၇)၊အမှတ်(၁)


16.3.14

ငါးတစ်ကောင်ရဲ့ ပင်လယ်
 

တံငါသည်တစ်ဦးက မိခဲ့တဲ့ငါးတစ်ကောင်ကို သေးလွန်းလို့ဆိုပြီး ငါးကန်ထဲထည့် အလှမွေးထားလိုက်တယ်။ ငါးက ငါးကန်ထဲကူးလူးရင်း ကန်နံရံနဲ့ မကြာခဏတိုက်မိခဲ့လို့ စိတ်မသက်မသာဖြစ်ခဲ့ရတယ်။ အဲဒီနောက် ငါးက တစ်နေ့တစ်ခြား ကြီးပြင်းလာခဲ့ပြီး သေးငယ်တဲ့ငါးကန်ထဲမှာ လှည့်ပတ်ကူးခတ်ဖို့ ခက်ခဲလာခဲ့တယ်။ ဒါကြောင့် တံငါသည်က ငါးကို ငါးကန်ကြီးတစ်ကန်ထဲ ပြောင်းထည့်လိုက်တယ်။ ငါးဟာ ငါးကန်ကြီးထဲမှာ လူးလားခေါက်ပြန် ကူးခတ်လို့ရပေမယ့် မကြာခဏ ကန်နံရံနဲ့တိုက်မိပြန်တယ်။
ဒီလိုမလွတ်လပ်ဘဲ ကန့်သတ်ခံရတဲ့နေရာမှာ ငါးဟာငြီးငွေ့လာခဲ့ပြီး အစားလည်းမစာ၊ လှုပ်လည်းမလှုပ်ဘဲ ကန်ထောင့်တစ်နေရာမှာပဲ ငြိမ်ငြိမ်လေးနေခဲ့တယ်။ ဒါကို တံငါသည်ကမြင်ပြီး ငါးကိုသနားလို့ ပင်လယ်ထဲ ပြန်လွှတ်ပေးလိုက်တယ်။
ငါးဟာ ပင်လယ်ထဲရောက်တယ်ဆိုရင်ဘဲ မရပ်မနားကူးခတ်တော့တယ်။ ဒါပေမယ့် သူနည်းနည်းမှ မပျော်ခဲ့ဘူး။ တစ်နေ့မှာ အခြားငါးတစ်ကောင်နဲ့တွေ့တော့ အဲဒီငါးက သူ့ကိုမေးတယ်။
"အဆွေငါး ခင်ဗျားကြည့်ရတာ မှိုင်တွေတွေနဲ့ မပျော်ဘူးလား"
"ဟင်း.. ဟုတ်တယ်.. ဒီငါးကန်က ကြီးလွန်းလို့ ကျွန်တော်ဘယ်လိုကူးကူး ကန်နံဘေးကို မရောက်နိုင်ခဲ့ဘူးဗျာ" လို့ ငါးကသက်ပြင်းနဲ့အတူ ပြန်ဖြေလိုက်တယ်။
စိတ်က လူတစ်ယောက်ရဲ့အတောင်ပံဖြစ်တယ်။ စိတ်ကျယ်ပြန့်သလောက် လောကကြီး လိုက်ကျယ်ပြန့်ပါတယ်။ စိတ်ထဲက လေးဖက်လေးတန်စိတ်နံရံကို သင်မတွန်းလှန်နိုင်ခဲ့ရင် ပင်လယ်ကြီးလောက်ကျယ်ပြန့်တဲ့ နေရာတစ်ခုပေးခဲ့လည်း လွတ်လပ်မှုကို သင်ခံစားမိမှာ မဟုတ်ပါဘူး
 

Credit-နိုင်းနိုင်းစနေ

14.3.14

ဘယ်သူပိုခိုးတက်လဲ

ဆရာဝန်နဲ့ အင်ဂျင်နီယာ သူငယ်ချင်း နှစ်ယောက် စတိုးဆိုင်ထဲကို ဝင်သွားပါတယ်။

ဆိုင်ကထွက်လာတော့ ဆရာဝန်က အင်ဂျင်နီယာကို ယခုလိုပြောပါတယ်။

"ဟေ့ကောင် ဒီမှာ ငါ့အိတ်ကပ်ထဲက ချောကလက် ၃ ချောင်း။ မင်းငါ့လို ခိုးနိုင်လား၊ ငဲငဲ"

ဒီတော့ အင်ဂျင်နီယာက -

"အဲ့ထက် ကောင်းတဲ့ ခိုးနည်းတွေရှိပါတယ်ကွာ။ မင်းမြင်ချင်လား။ စတိုးဆိုင် ပြန်လိုက်ခဲ့"

ဒီတော့ နှစ်ယောက်သား စတိုးဆိုင်ထဲရောက်သွားပြီး ကောင်တာက လူငယ်လေးကို အင်ဂျင်နီယာက ယခုလို ပြောပါတယ်။

"ညီလေး။ အကိုမင်းကို မျက်လှည့်ပြရင် ကြည့်မလား"

ဒီတော့ ကောင်တာမှ လူငယ်ကလည်း "အင်း. ကြည့်မယ်လေ"

အင်ဂျင်နီယာက ချောကလက်တစ်ချောင်း တောင်းပါတယ်။ လူငယ်က လည်း ပေးလိုက်ပါတယ်။ သူ့ရှေ့ မှာပဲ အခွံခွာ ထုတ်စားပြီး နောက် တစ်ချောင်း ထပ်တောင်းပါတယ်။ ပြီးတော့ နောက် တစ်ချောင်းတောင်းပြီး လူငယ်ရှေ့ မှာပဲ ကုန်အောင် စားပစ် ပါတယ်။

ပြီးတော့ မင်သက်စွာ ကြည့်နေတဲ့ လူငယ်လေးကို အင်ဂျင်နီယာက ယခုလို မေးပါတယ်။

"အကို စားခဲ့တဲ့ ချောကလပ်သုံး ချောင်း ဘယ်ရောက်သွားလဲသိချင်လား"

လူငယ်က ဟုတ်ကဲ့လို့ ဖြေတော့ အင်ဂျင်နီယာက အောက်ပါအတိုင်း ဖြေပါတယ်။

"အင်း ဘေးက အကို့သူငယ်ချင်း အိတ်ကပ်ထဲမှာ ရှိတယ်"

အောင်ခမ်း (ရိုးရာလေး)

ထူးဆန်းစွာ ပျောက်ဆုံးနေတဲ့ လေယဉ်ကို နိုင်ငံတကာအကူညီတွေယူပြီး
နယ်မြေတိုးချဲ့ ရှာဖွေနေပါတယ် . အမေရိကန်၊တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေက
ဂြိုလ်တု သတင်းတွေကနေ ခြေရာခံ၍ မြန်မာအပါအ၀င် နိုင်ငံပေါင်းများစွာက
14-3-2014 ယနေ့ အထိ ရှာဖွေနေဆဲဖြစ်ပါတယ်.

ထင်မြင်ယူဆချက် အမျိုးမျိုးဖြစ်ပေါ်နေတဲ့ကြားက တူညီတဲ့သံသယတစ်ခုကို
သတင်းမီဒီယာအတော်များများမှ တွေ့ ရပါတယ် အတွင်းလူတွေကိုယ်တိုင်က
ပါဝင်ပတ်သက်နေတယ်လို့ ယူဆထားကြပါတယ်.မလေးရှားအစိုးရအနေနဲ့ 
တစ်ခုခုကို ထိန်ချန်ထားတယ်လို့ ပြောလာနေကြပါတယ်။

အတွင်းလူပါဝင်ပီး အဖွဲ့ စည်းတစ်ခုက ဦးဆောင်၍ လုံခြုံတဲ့နေရာမှာ ၀ှက်ပီး
ခရီးသည်တွေလည်း ဘေးကင်းမယ်လို့ မျှော်လင့်နေကြတုံးပါ. ပျက်ကျပီး
ပင်လယ်ထဲမယ်ဆိုတာ ဖြစ်နိုင်ချေ အတော်နဲတယ်လို့ ဆိုနေကြပါပြီ

တရုတ်လူမျိုးအများစုပါဝင်တာမလို့  တရုတ်ကလည်း ဖိအားပေးရှာဖွေဖို့ 
မလေးအစိုးရကိုတိုက်တွန်းပါတယ် ။ နိုင်ငံရေးအရ လှည့်ကွက်ရှိမယ်လို့ 
မလေးနိုင်ငံနေ တရုတ်အတော်များများ ဝေဖန်နေကြပါတယ် မလေးရှား
အတိုက်ခံခေါင်းဆောင် အန်န၀ါကို ထောင်ချလိုက်တဲ့အချိန်နဲ့ ကွက်တိ
ဖြစ်လာတာမလို့ လည်း ထင်စရာရှိလာတာဖြစ်ပါတယ်။