10.3.14

တစ်ခါတုန်းက လူတစ်ယောက်ဟာ
သင်္ဘောတစ်စီးနဲ့ ပြင်သစ်ကိုခရီးထွက်လာပါတယ်။ လမ်းခရီးတစ်နေရာရောက်တဲ့အခါ
အလွန်ကိုဆိုးရွားတဲ့မုန်တိုင်းတစ်ခုနဲ့ကြုံတွေ့ရပါတော့တယ်။
သင်္ဘောပေါ်မှာ မုန်တိုင်းကြောင့် လူတွေအားလုံးဟာ
ကြောက်လန့်တကြားပြေးလွှားနေပေမယ့် အဖွားအိုတစ်ဦးကတော့
တကယ့်ကိုတည်တည်ငြိမ်ငြိမ်နဲ့ဘုရားကို အာရုံပြုနေတယ်ဆိုတာ
သူတွေ့ လိုက်ပါတယ်။
မုန်တိုင်း ငြိမ်သက်သွားတဲ့အခါ သူက အဖွားကို သွားမေးခဲ့တယ်။

“ အဖွား ခုနက မုန်တိုင်း လာတုန်းကမကြောက်ဘူးလား ”
အဖွားအိုကပြုံးပြီးတော့ပြန်ပြောတယ်။

“ အဖွားမှာ သမီးနှစ်ယောက်ရှိတယ် လူကလေး ရဲ့။
သမီးကြီးကတော့ ဘုရားသခင်ရဲ့အလိုတော်အတိုင်း
ကောင်းကင်ဘုံမှာရောက်နေပါပြီ။
သမီးငယ်ကတော့ ပြင်သစ်မှာပါကွယ်။
ခုနက မုန်တိုင်းတိုက်တော့အဖွားက ဘုရားသခင်ကို
ဆုတစ်ခုတောင်းလိုက်တယ်။
အကယ်၍များ အဖွားကို ကောင်းကင်ဘုံပို့လိုက်မယ်ဆိုရင်
သမီးကြီးနဲ့အဖွားတွေ့လို့ရပြီလေ။
တကယ်လို့အသက်ရှင်ပြီးကျန်ခဲ့မယ်ဆိုရင် သမီးငယ်ကိုသွားကြည့်လို့ရပြီ
ယ်ကိုသွားသွား အဖွားအတွက်ကတော့ သေသေရှင်ရှင်
အတူတူပဲမို့ အဖွားမကြောက်ခဲ့ပါဘူးကွယ်”


No comments:

Post a Comment