9.3.14

ဟန်ဆောင်ခြင်းဆိုတာ ငါရင်ဘတ်မှာ
မထွန်းကားဘူးတဲ့ ယဉ်ကျေးမှုတစ်ခုမို့ 
ရိုးသားစွာပဲ နေထိုင်တယ်။

ယဉ်ကျေးတဲ့ လူတစ်ယောက်မဟုတ်လို့ 
တခါတလေ လွတ်လပ်စွာရိုင်းဖူးတယ်
ဒါပေမယ့် ………
ဘယ်သူအပေါ်မှာမှမကောက်ကျစ်ခဲ့ဖူးဘူး။

ငါကိုယ်တိုင် မျှော်လင့်ချက်တွေနဲ့ 
အသက်ရှင်နေတဲ့ လူတစ်ယောက်ဖြစ်လို့ 
သူတစ်ပါးရဲ့ မျှော်လင့်ချက်ကို ငါဘယ်တော့မှ မရိုက်ချိုးဖူးဘူး……………



မိုး

No comments:

Post a Comment