8.3.14

နင့်ကိုစိတ်မချဘူး..လွမ်းတယ် နေ့တိုင်းတွေ့ချင်တယ်.
ပြောနေရုံနဲ့ နင့်ရဲ့နေ့ရက်တိုင်းကိုငြိမ်းချမ်းစွာ ဖြတ်ကျော်နိုင်မယ်ဆို
ငါအာပေါက်သွားပါစေပြောနေမိမှာပါ

အရင်ငြိမ်းချမ်းခဲ့တဲ့နင့်ဘဝမှာ ငါဝင်ရောက်လာချိန်ကစပီး

ပူလောင်မှုတွေနဲ့ဖြတ်သန်းနေရတယ်ဆို
ငါလည်းဘယ်လိုငြိမ်းချမ်းနိုင်မှာလဲ

တကယ်တော့...
နင့်ရဲ့မက်ဆေ့လေး တစ်စောင်လောက်တောင်
မတွေ့ရတဲ့နေ့တွေဆိုငါ့ညတွေက ငရဲခန်းပါပဲချစ်သူ...
အိပ်ချိန်ရောက်လို့နှုတ်ဆက်ကြပီ ဆိုရင်တောင် bye
လို့နှုတ်မဆက်ရဲနိုင်တာငါပါ..
ထပ်တွေ့ခွင့်မရမှာကြောက်မိလို့ပ
see u ပါချစ်သူ....


No comments:

Post a Comment