လူဆင်းရဲနဲ့ လူချမ်းသာ
တရုတ်ပြည်
နာမည်ကျော် ချင်ပြည်ထောင်စုကို တည်ထောင်သူ ရင်းကျန့်ရဲ့
ဇတ်လမ်းလေးဖြစ်ပါတယ်။ ချင်ဧကရာဇ်ဟာ သူ့သားတော်ကို
တိုင်းပြည်ထဲလှည့်လည်ရာမှာ ပြန်ရောက်လာတဲ့အတွက် ညစာပွဲကျင်းပပြီးတော့
တိုင်းပြည်ထဲမှာ ဘာတွေ တွေ့ခဲ့လဲလို့ မေးပါတယ်။
" သားတော် တိုင်းပြည်အတွင်းက ပြည်သူတွေ ငါတို့နဲ့ ဘယ်လိုများကွာခြားလဲဆိုတာ လျှောက်တင်စမ်းပါဦး "
သားတော်ကတော့
" ဖခင် ကျွန်တော်မျိုးတို့ခွေးတွေကို တစ်ကောင်လောက်သာ မွေးထားကြပေမယ့် သူတို့ကတော့ လေးငါးကောင်လောက် မွေးထားပါတယ်
ကျွန်တော်တို့ နန်းတွင်းမှာ ပန်းဥယျာ်ရဲ့အလယ်မှာ အလွန်အေးမြလှပတဲ့
ရေကန်ကြီးရှိပေမယ့် သူတို့မှာတော့ အဆုံးအစမရှိ လှပတဲ့ မြစ်ကြီးက
စီးဆင်းနေပါတယ်
နန်းတွင်းက ညလင်းနန်းဆောင်ထဲမှာ ဖယောင်းတိုင်တွေ
ထောင်ပေါင်းများစွာထွန်းထားပေမယ့် သူတို့တွေရဲ့ ကောင်းကင်မှာတော့
ကြယ်ပေါင်းမရေမတွက်နိုင်အလင်းဖြာနေပါတယ်။
နန်းတော်ပြတင်းပေါက်ကနေကြည့်ရင် အရှေ့ဥယျာဉ်ကိုသာမြင်နိုင်ပေမယ့် သူတို့အိမ်ပြတင်းပေါက်တွေကနေကြည့်ရင် မျက်စိတစ်ဆုံးမြင်နိုင်ပါတယ်။
ကျွန်တော်တို့က အစားအသောက်တွေ ၀ယ်ယူစားသောက်ပေမယ့် သူတို့က ကျွန်တော်တို့အတွက် အစားအသောက်တွေ ထုတ်လုပ်ပေးပါတယ်။
ကျွန်တော်တို့က အခွန်အခတွေကို ရွှေတွေနဲ့ ကောက်ခံပေမယ့် သူတို့ကတော့ ကြေးပြားတွေကို မူးစု ပဲစုနဲ့ အခွန်ပေးဖို့ စုဆောင်းနေပါတယ်။
ကျွန်တော်တို့က မြို့ရိုးတွေဆောက်ပြီး ကိုယ့်ကိုကိုယ်ကာကွယ်ထားပေမယ့်
သူတို့တွေကတော့ ဘာမြို့ရိုးမှမလို မိတ်ဆွေတွေအချင်းချင်း တစ်ယောက်နဲ့
တစ်ယောက်ကာကွယ်ကြပါတယ်။ "
မောင်စိုင်း
No comments:
Post a Comment