အိပ်မက်တွေနဲ့ အိပ်စက်ပြီး
ရည် ရွယ်ချက်တွေနဲ့ အတူ နိုးထပါ
မကောင်းတဲ့အတွေးတွေကို
အိပ်စက်ခြင်းမှာ ထားခဲ့ပြီး
ကောင်းတဲ့ အတွေးတွေကို
နိုးထခြင်းအတွက် ယူဆောင် ပါ
မဖြစ်နိုင် တော့တဲ့အိပ်မက်ဟောင်းကို အိပ်စက်ခြင်းနေ့ဟောင်းမှာ
ထားခဲ့ပြီး
ကောင်းမွန်တဲ့အိပ်မက်သစ်ကို နေ့သစ်မှာ
သယ်ဆောင် မွေးမြူပါ
အမှားတွေကို အိပ်စက်ခြင်းမှာ
ချော့သိပ်ပြီး
အမှန်တွေကို နိုးထခြင်းမှာ
နေရာပေးမွေးမြူပါ
မကျေနပ်တာတွေကို အိပ်စက်ခြင်း
အမှောင် မှာထားခဲ့ပြီး
အကောင်းမြင် တက်ကြွတဲ့ စိတ်နှလုံးကို
နိုးထခြင်းအလင်းမှာ ရှင် သန် မွေးမြူပါ
ငြိမ်းလဲ့
No comments:
Post a Comment