14.3.14

ဖားအုပ်ကြီးတစ်အုပ်ဟာ သစ်တောတစ်ခုအတွင်းသွားနေကြရင်း
၎င်းဖားအုပ်ထဲမှဖားနှစ်ကောင်ဟာ တွင်းတစ်တွင်းထဲသို့ ကျသွားပါတယ်။
ဒီတော့ ကျန်ဖားတွေလည်း တွင်းထဲသို့ ကျသွားတဲ့ဖားနှစ်ကောင်ကို
တွင်းဝမှကြည့်ပြီး တစ်စုံတစ်ရာမျှ မကူညီနိုင်သဖြင့်
၎င်းဖားနှစ်ကောင်အား တွင်းပေါ်သို့ ခုန်မနေပဲ သေသည်မှာသာကောင်းတော့သည်ဟုပြောလိုက်တယ်။
ဒီတော့ တွင်းထဲမှဖားနှစ်ကောင်အနက် တစ်ကောင်မှာ တွင်းပေါ်သို့ 
ဆက်ခုန်မနေတော့ပဲနေလိုက်တော့ အသက်အသေသာခံလိုက်တယ်။

ကျန်တဲ့ ဖားတစ်ကောင်ကတော့ တွင်းဝမှကြည့်ပြီး သူ့ ကိုအသက်အသေခံရန်
ပြောနေတဲ့ ကျန်ဖားများကိုကြည့်ပြီး တစ်ချက်ထက်တစ်ချက်
အားပိုထည့်ပြီးခုန်လိုက်တာ နောက်ဆုံးမှာတော့
တွင်းပေါ်သို့ ပြန်ရောက်သွားပြီး ရှင်သန်ခွင့်ရခဲ့ပါတယ်။
အပေါင်းအဖော်တွေက အသက်အသေခံရန်ပြောနေတာတောင်
အားမလျှော့ပဲခုန်နိုင်ခဲ့တဲ့ ဖားလေးဟာ အမှန်တော့ နားမကြားတဲ့
ဖားတစ်ကောင်သာဖြစ်ပြီး သူ့ ကိုအသက်အသေခံရန်တွင်းဝကနေ
ဝိုင်းပြောနေတဲ့အပေါင်းအသင်းတွေကို
သူ့ ကိုတစ်ချိန်လုံးအားပေးနေတယ်လို့ ပဲ သူထင်ခဲ့ပြီး ဇွဲမလျှော့ပဲ
ကြိုးစားခုန်ခဲ့လို့ အသက်ရှင်ခွင့်ရခဲ့တာဖြစ်ပါတယ်။



No comments:

Post a Comment