14.3.14

ရင့်ကျက်လာပီတဲ့လားး

နေဝင်ချိန်ကိုအေးအေးလူလူ
ထိုင်မကြည့်ဖူးတော့တာ..
တစ်လပြည့်လို့တောင်တခါ
မိုးကောင်းကင်ကိုမော့မကြည့်ဖူးတော့တာ..
ကန်ရေပြင်ထက် ခဲပြားလေးတွေ
ပစ်ဝဲခွင့်မရတော့တာတွေက
ရင့်ကျက်ခြင်းလားး
တည်ငြိမ်ခြင်းတဲ့လားး

အလကားရတဲ့လေကိုတောင်
ဝအောင်မရူရဲပဲနဲ့တော့
ငါ ရင့်ကျက်တယ်ဆိုတာကို
နားမလည်ပါရစေနဲ့

တကယ်လို့..
စကြာဝရာကြီးထဲက..
ဘဲဥလိုလို ကမ္ဘာလုံးလေးထဲက..
လူဆိုတဲ့ အစက်ပြောက်လေးတစ်စဟာ
ငါမဟုတ်ခဲ့ဘူးဆိုရင်တော့
နင်မာန်တတ်နေတာကို
ငါ ဟာသလုပ်မိမှာမဟုတ်ပါဘူးကွာ

:):):) zechan
— with Zechan Zechan.
 
 

No comments:

Post a Comment