ဥမပေါက်ခင် ကြက်ကလေးများကို မရေတွက်ပါနှင့်
နွားနို့ အိုးလေးခေါင်းပေါ်ရွက်ပြီး အတွေးလေးနဲ့ လမ်းလျှောက်လာတဲ့
နွားနို့ သယ်မလေးတစ်ယောက် သူလျှောက်လာတဲ့လမ်းမှာ
နွားနို့ ရောင်းလို့ ရတဲ့ငွေတွေကို ဘာလုပ်ရင်ကောင်းမလဲကြံနေပါတယ်။
" နွားနို့ တွေအခုဈေးမှာရောင်းလို့  ရလာတဲ့ငွေတွေကို
ရွာထိပ်က ကြက်ခြံမှာကြက်တွေဝယ်ပြီးမွေးထားမယ်။
ဒီကြက်တွေက မနက်တိုင်းဥတွေ ဥမယ်။
ရလာတဲ့ ဥတွေကိုရောင်းပြီး အင်္ကျီလှလှလေးတစ်ထည်ဝယ်မယ်။
ကျန်တဲ့ငွေနဲ့  ဖိနပ်လှလှလေးတစ်ရံဝယ်မယ်။
ပြီးရင်တော့ ဈေးသွားလို့ ကတော့ ဟိုဆိုင်က ငနဲတွေ ငါ့အလှတွေကိုကြည့်ပြီး
စကားတော့ လာမပြောပဲနေနိုင်ကြမှာမဟုတ်ဘူး။
ဒီတော့မှ ဈေးထဲက ငစိမ်းသည်မတွေကော ကုန်စိမ်းသည်မတွေပါ
ငါ့ကိုမနာလိုဖြစ်နေအုံးမှာ မြင်ယောင်သေးပါတယ်..........။
ဒီတော့မှ ဒီကောင်မတွေကို ဟေ့သည့်လိုခေါင်းငေါ့ပြလိုက်လို့ ကတော့
အမလေးးးးးး ကုန်ပါပြီတော် ငါ့နွားနို့ တွေ " ဆိုပြီး
ယောင်ပြီး အတွေးနဲ့ မြောကာ ခေါင်းလိုက်ငေါ့မိတော့
ခေါင်းပေါ်ရွက်လာတယ့် နွားနို့ အိုးကြီး မှောင်ကြပါလေရောတဲ့...........။
အီစွတ်ပုံပြင်
No comments:
Post a Comment