ရေးဆွဲတင်ပြနိုင်တဲ့ ပန်းချီကားကို ထိုက်တန်တဲ့ ဆုကြီးချီးမြင့်မယ်လို့ ကြေငြာလိုက်တယ်။
ပန်းချီဆရာအများကြီး ပန်းချီကားတွေ ရေးပြီး နန်းတော်ကို ပို့ကြတယ်။ မြူတွေဝေနေတဲ့ ဆိတ်ငြိမ်သစ်တော၊ ငြိမ်ငြိမ်သက်သက်စီးဆင်းနေတဲ့ မြစ်၊ သဲသောင်ပြင်မှာ ကစားနေတဲ့ ကလေးတွေ၊ ကောင်းကင်မှာ လှပစွာ ပေါ်ထွက်နေတဲ့ သက်တန့်၊
နူးညံ့တဲ့ နှင်းဆီပွင့်ဖတ်ပေါ်က နှင်းစက် စသည်ဖြင့်ပေါ့လေ။
ဘုရင်ကြီးက ပန်းချီကားတွေကို ကြည့်ပြီး ပုံနှစ်ပုံ ရွေးလိုက်တယ်။
ပထမပန်းချီကားက ကြည်လင်အေးမြတဲ့ ရေကန်တကန်။ အဲဒီရေကန်ကို ၀ိုင်းရံထားတဲ့ တောင်တန်းတွေက ကန်ရေပြင်မှာ ကြေးမုံရိပ်သွင်လို အရိပ်ထင်နေကြတယ်။ တောင်တန်းတွေရဲ့ အထက်မှာတော့ ပြာလဲ့ကြည်စင်နေတဲ့ မိုးကောင်ကင်။ တိမ်ဖြူလေး တဆုပ်နှစ်ဆုပ်က ကောင်းကင်မှာ အစက်အပြောက်ပြုလို့။ သေသေချာချာကြည့်လိုက်ရင် ပန်းချီကားရဲ့ ဘယ်ဘက်ထောင့် မြစ်ကမ်းပါးမှာ အိမ်လေးတလုံး တွေ့ရမယ်။
အဲဒီအိမ်ကလေးရဲ့ ပြတင်းပေါက်တွေကလည်း ပွင့်လို့။ မီးခိုးခေါင်းတိုင်မှာတော့ မီးခိုးတချို့လွင့်ပါးလို့။ ကြည့်ရတဲ့လက္ခဏာက ခြိုးခြံတတ်တဲ့ မိသားစုက အရသာရှိတဲ့ ညစာကို စတင်ပြင်ဆင်နေပုံ။
ဒုတိယ ပန်းချီကားကလည်း တောင်ပါပဲ။ ဒါပေမဲ့ ကျောက်ချွန်ကျောက်ဆောင်တွေ ထက်လှစွာနဲ့ သစ်ပင်မပေါက်တဲ့ တောင်ကတုံး။
တောင်ထိပ်ကလည်း အင်မတန် မတ်စောက်တယ်။ တောင်အပေါ်က ကောင်းကင်ကတော့ မဲမှောင်ထူပိန်းနေတယ်။
လေးလံတဲ့ တိမ်တိုက်တွေထဲက အလင်းရောင်ဖြာကျနေတယ်။ မိုးကလည်း မိုးသီးမိုးပေါက်တွေ ကြွေလို့၊ သည်းထန်စွာ ရွာသွန်းနေတယ်။ သေသေချာချာကြည့်လိုက်ရင် နေခင်းထိုင်ခင်းမသာတဲ့ ကျောက်တုံးတွေထဲက ပတ်ကြားအက်တခုမှာ ငှက်သိုက်လေးတခုတွေ့ရမယ်။ ကြောက်မက်ဖွယ်ရာ ပြင်းထန်စွာ ဟိန်းဟောက်ရွာသွန်းနေတဲ့ မိုးသက်မုန်တိုင်းထဲမှာပဲ ပျံလွှားငှက်ကလေးတကောင်ဟာ သူ့အသိုက်ထဲမှာ တည်တည်ငြိမ်ငြိမ် ထိုင်နေတယ်။
နောက်ဆုံးတော့ ဘုရင်ဟာ ဒုတိယပန်းချီကားကိုပဲ ရွေးလိုက်ပါတယ်။ သူက ငြိမ်းချမ်းခြင်းရဲ့ အဓိပ္ပာယ်ကို အခုလို ရှင်းပြတယ်။
တို့ဟာ ပြဿနာကင်းတဲ့နေရာ၊ ပြင်းထန်တဲ့လှုပ်ရှားရုန်းကန်မှုေ
သစ္စာနီ…
No comments:
Post a Comment