ကမ္ဘာ့အကောင်းဆုံး မိုဘိုင်းကင်မရာ ကို ပိုင်ဆိုင်ထားတဲ့ Xperia Z2
Sony Crazy များအတွက်ပါ
Sony က စွမ်းဆောင်ရည်မြင့် Phablet ဖုန်းဖြစ်တဲ့ Xperia Z2 ကို Mobile
World Congress မှာ ကြေညာလိုက်ပါတယ်။ Sony က ကမ္ဘာ့အကောင်းဆုံး
မိုဘိုင်းကင်မရာ တပ်ဆင်ထားတယ်လို့ ပြောပါတယ်။
Xperia Z2 က သူ့ရဲ့
နောင်တော် Xperia Z1 နဲ့ ဆင်တူပေမယ့် မျက်နှာပြင် ကို ပိုမိုကြီးမားတဲ့ ၅.၂
လက်မအရွယ် တပ်ဆင်ထားပြီး သူ့နောင်တော် မှာတော့ ၅ လက်မအရွယ်သာ
တပ်ဆင်ထားတာဖြစ်ပါတယ်။ 1080p IPS Panel အစား eIPS LCD Display ကို
ပြောင်းလဲ အဆင့်မြှင့်ထားတဲ့အတွက် ရှုထောင့်မျိုးစုံ က ကြည့်ရှုလို့
အဆင်ပြေလာပါတယ်။ အရောင်တိကျမှုလည်း ပိုမိုကောင်းမွန်လာပါတယ်။
2.45
GHz Quad-Core Krait 400 CPU ကို အသုံးပြုထားပြီး ပိုမိုလျှင်မြန်တဲ့
Adreno 330 GPU ကို အသုံးပြုထားပါတယ်။ 3GB RAM, 16GB Storage နဲ့ MicroSD
Card အသုံးပြုနိုင်ပါတယ်။ LTE အသုံးပြုနိုင်ပြီး 3200mAh Battery
တပ်ဆင်ထားပါတယ်။
Z2 မှာ 20.7 Megapixel Camera တပ်ဆင်ထားပါတယ်။
ထွက်ရှိပြီး သမျှဖုန်းတွေထဲမှာတော့ အကောင်းဆုံး ဖြစ်ပါတယ်။ 4K Video
များကို ရိုက်ကူးပေးနိုင်ပါတယ်။ Samsung Galaxy S5 မှာတောင် 16 Megapixel
Camera သာ ပါရှိပါတယ်။
ရေစိုခံပြီး IP55 , IP58 စံနှုန်း
သတ်မှတ်ချက်ရှိပါတယ်။ Galaxy S5 ကလည်း ရေစိုခံနိုင်ပေမယ့် ရေအနက် သုံးပေ
အထိသာ ယူဆောင်အသုံးပြုလို့ရပါတယ်။ Z2 က ပိုမိုနက်ရှိုင်းတဲ့ ရေအနက် ကို
ယူဆောင်သွားနိုင်ပါတယ်။ Z2 မှာ အသံဆူညံမှု ကို ထိန်းချုပ်ပေးနိုင်တဲ့
နည်းပညာ ဟာ ဖုန်း မှာ ပါရှိသလို အတူပါရှိတဲ့ Earphone မှာလည်း ပါရှိပါတယ်။
Z2 ရဲ့ အထူ က (၈.၂) မီလီမီတာ ဖြစ်ပြီး အလေးချိန် မှာ (၁၅၈) ဂရမ် ဖြစ်ပါတယ်။
မတ်လမှာ တစ်ကမ္ဘာလုံး ကို ရောင်းချပေးမှာ ဖြစ်ပါတယ်။
Credit to : Myanmar Digital Life
No comments:
Post a Comment